Sponsored

ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်တာဝန်ကျေရန်နှင့် လက်ရှိတည်ဆဲဥပဒေ ညွှန်ကြားချက်များကို လိုက်နာလျှင် မြန်မာနိုင်ငံရောက်တရုတ်လူမျိုးတစ်ယောက်ကို ရှာဖွေရန် ယခုလောက်တိုင်မပတ်ဟု ကျောက်တန်းအမတ် ဒေါ်အေးမြမြမျိုးက ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ယနေ့( မတ်လ ၁၇ ရက်)က ရေးသားလိုက်သည်။

ကျောက်တန်းမြို့နယ် သီလဝါစက်မှုဇုန်ရှိ XINFA TEXTILE ချည်မျှင်စက်ရုံတွင် အလုပ် လာလျှောက်သည့် တရုတ်စားဖိုမှုးတစ်ဦးသည် ရုတ်တရက်နေမကောင်းဖြစ်ကာ လဲကျမှုခဲ့မှုနှင့်ပတ်သက်၍ ၎င်းက ရေးသားထားခြင်းဖြစ်သည်။

တရုတ်စားဖိုမှုး

ဂျီးတော်မျိုးနှင့်တရုတ်ပျောက်ရှာပုံတော်၊စိတ်ပျက်ပျက်နဲ့ပြောရမှာပဲ။ ဆရာမရေ စက်ရုံမှာ အလုပ်လုပ်နေရင်း တရုတ်လူမျိုး စားဖိုမှုး လဲကျသွားတယ်။ အလုပ်ကပြန်လွှတ်လိုက်တာလမ်းမှာ သေသွားတယ်ကြားလို့ ကူညီပါဦးဆိုတဲ့မထိတ်သာမလန့် သာ သတင်းစကားကြားကြားချင်း။ မြို့နယ်အုပ်ချုပ်ရေးမှူးကို လှမ်းဆက်သွယ်တယ်။ အုပ်ချုပ်ရေးဘက်ကစက်ရုံကိုချက်ချင်းသွားစုံစမ်းပေးတာပါပဲ။ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးကပြန်ဆက်သွယ်လာတယ်။ စက်ရုံက မဖြေဘူးတဲ့။ ဒါနဲ့မရဘူး။ ကျွန်မမြို့ကလူတွေ အထိတ်တလန့်ဖြစ်နေပြီ။

Sponsored

အမြန်ဆုံးသတင်းအတိတကျအတည်ပြုမှရမယ်။ စက်မှုဇုန်ကော်မတီကိုပါဆက်သွယ်ပြီးအုပ်ချုပ်ရေး လဝက မြို့နယ်မှူး ကျန်းမာရေး ဌာနစုံတာဝန်ရှိသူတွေ စက်ရုံကတာဝန်ရှိသူကိုခေါ်ပြီးစစ်ဆေးမေးမြန်းပါတယ်။ CCTV မှတ်တမ်းအရ လဲကျသွားတာဟုတ်ပေမယ့် အလုပ်မခန့်လို့ တမင်လုပ်တယ်ယူဆကြောင်း၊ ကားပေါ်ကို ကိုယ်တိုင်တက်သွားတာဖြစ်တဲ့အကြောင်း အဆိုပါ လဲကျသွားတဲ့ တရုတ်လူမျိူးနဲ့ တယ်လီဖုန်းအဆက်အသွယ်ရပြီ။ လသာမြို့နယ်မှာရောက်နေတယ်ဆိုလို့ ကျောက်တန်းမြို့နယ်က ကျန်းမာရေးမှူး၂ယောက် လသာမြို့နယ်ကိုလိုက်သွားပြီး ဆေးစစ်အတည်ပြုချက်ယူပေးပါမယ်ဆိုတဲ့အကြောင်းပြန်အကြောင်းကြားလာပါတယ်”ဟုရေးသားထားသည်။

ထို့အတူ “တယ်လီဖုန်းတစ်လုံးနဲ့မြို့နယ်က ကျန်းမာရေးဝန်ထမ်းတွေနဲ့အခြေအနေဆက်သွယ်ပေးနေပြီး လသာမြို့နယ်အုပ်ချုပ်ရေးမှူး လသာမြို့နယ်မြို့နယ်မှူး SB ပါမကျန် လှမ်းဆက်သွယ်ပြီး ပူးပေါင်းကူညီပေးဖို့ ကြိုးစားပေးတယ်ပူးပေါင်းကူညီကြပါတယ်။ လသာမြို့နယ်၃ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာစောင့်နေပါတယ်။ သူ့သူငယ်ချင်း အပြင်သွားနေလို့ပြန်ရောက်ရင်လာခဲ့ပါမယ်ဆိုတဲ့ အဆိုပါတရုတ်လူမျိုးစားဖိုမှူးဟာ တယ်လီဖုန်းပါပိတ်ပြီးအဆက်အသွယ်ဖြတ်သွားလို့ တော်တော်မိုးချုပ်မှ ကျွန်မမြို့နယ်က ကျန်းမာရေးမှူး ၂ ယောက်ပြန်လာခဲ့ရတယ်။ တယ်လီဖုန်းနံပတ်နဲ့တည်နေရာရှာဖို့နဲ့ နာမည်နဲ့ လဝကရုံးမှာအချက်အလက်ရှာပေးဖို့ ရဲတပ်ဖွဲ့နဲ့ လဝကတာဝန်ရှိတဲ့သူတွေကိုဆက်သွယ်အကူအညီတောင်းပေမယ့် ၁၆ ရက်နေ့တစ်နေ့လုံး မတွေ့သေးဘူးသာအကြောင်းပြန်တယ်”ဟု ဒေါ်အေးမြမြမျိုးက ရေးသားထားသည်။

@Facebook

စက်ရုံဘက်ကလည်း ကျွန်တော် ကျွန်မတို့ခေါ်တာ မရပါဘူးပဲပြောနေတယ်။ တရုတ်လူမျိုးအချင်းချင်းမို့ We Chat ကနေ အလုပ်လာလျှောက်တာ။ နာမည်နဲ့ဖုန်းနံပတ်ကလွဲရင် သူ့ရဲ့အချက်အလက် စက်ရုံက မသိပါဘူးတဲ့။ နောက်ဆုံး ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနကိုပါ အကြောင်းကြားပြီး ရှာပုံတော် ဖွင့်ရတော့ပါတယ်။ မြန်မာနိုင်ငံသားတွေ အလုပ်လျှောက်ရင်တောင် ကိုယ်ရေးအချက်အလက်အကုန်ပေးရတာ။ တရုတ်လူမျိုးအချင်းချင်းမို့ WeChat ကဆက်သွယ်လို့ တစ်ရက်တာလက်ခံစမ်းခန့်ကြည့်တာ။ အချက်အလက်ဘာမှမသိဘူးတဲ့လား။

အုပ်ချုပ်ရေးမှူးရုံးကသတင်းမေးတာတောင် စက်ရုံကပူးပေါင်းဖြေကြားခြင်းမရှိခဲ့ပါဘူး။ လသာမြို့နယ်အတွင်းမှာရောက်နေတယ်ဆိုတာသိသိနဲ့မြို့နယ်မှာတာဝန်ရှိတဲ့သူတွေ ခေါ်တာတောင် လာရောက်တွေ့ဆုံစစ်ဆေးမှုခံယူတာမလုပ်ဘဲနေလို့ရခဲ့ပါတယ်။ ဒီလောက် ပြည်သူတွေအထိတ်တလန့်ဖြစ်နေတဲ့အချိန် တစ်ကမ္ဘာလုံးသတိထားနေတဲ့အချိန်မှာ အချိန်နဲ့တပြေးညီ ရှာဖွေစစ်ဆေးအတည်ပြုတာ မလုပ်နိုင်တာဖွဲ့စည်းပုံပြင်မရသေးတာနဲ့ မဆိုင်ဘူး”ဟုဒေါ်အေးမြမြမျိုးက ၎င်း၏ Facebook တွင် ရေးသားထားသည်။

Source: ဒေါ်အေးမြမြမျိုး fb

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *