Sponsored

၂၀၁၉ နိုဝင်ဘာလလောက်ကတည်းက ဝူဟန်မှာစတင်အခြေပြုခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ဟာ တရုတ်နိုင်ငံတစ်နိုင်ငံလုံးကို တဖြည်းဖြည်းစတင်ကူးစက်ခဲ့လို့ ၂၀၂၀ ဇန်နဝါရီလကတည်းက ဝူဟန်မြို့ကို အသွားအလာလုံးဝပိတ်ပစ်ခဲ့ရတာပါ။

ယခုအချိန်မှာတော့ ဝူဟန်မြို့မှာ ထပ်တိုးရောဂါကူးစက်ခံရသူလုံးဝမရှိတော့ပြီဟု အာဏာပိုင်တွေ က ကြေငြာနိုင်တဲ့အခြေအနေကို ရောက်ရှိလာခဲ့ပါပြီ။

Getty Images

ဝူဟန်မှာ ရောဂါကူးစက်မှုနှုန်းသိသိသာသာ ကျဆင်းလာသည်မှာ လွန်ခဲ့တဲ့ ၁၃ ရက်လောက်ကတည်းဖြစ်ပြီး မီလီယံချီတဲ့ ပြည်သူတွေအတွက် ရောဂါပိုးဟာ ထိန်းချုပ်နိုင်တဲ့အဆင့်ကို ရောက်ရှိသွားပြီလို့ ကြေငြာလိုက်တာနဲ့တူတူပါပဲ။

Sponsored

သို့ပေမယ့် အခြားဥရောပနိုင်ငံတွေမှာတော့ ရောဂါကူးစက်မှုနှုန်းက အရှိန်ကောင်းနေဆဲဖြစ်ကာ ထိန်းချုပ်နိုင်ဖို့ အသည်းအသန်ကြိုးစားနေကြရပါတယ်။ တစ်ဖက်မှာလည်း ဝူဟန်ဟာ ငြိမ်းချမ်းရေးအရိပ်အယောင်တွေ့နေရပေမယ့် မြို့တော်ပေကျင်းမှာတော့ ထပ်တိုးကူးစက်မှုတွေတွေ့နေရဆဲပါ။ ဒါ့ကြောင့် တရုတ်အာဏာပိုင်တွေအတွက် တစ်ဖက်မှာ စိတ်အေးရပေမယ့် ခရီးသွားလာမှုတွေကို ဆက်လက်ထိန်းချုပ်ဖို့လိုနေပါသေးတယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။

Getty Images

မတ်လ ၁၇ ရက်နေ့မှာ တရုတ်တစ်နိုင်ငံလုံးမှာ ထပ်တိုးကူးစက်ခံရသူ ၁၃ ဦးသာရှိပေမယ့် နောက်တစ်နေ့ မတ်လ ၁၈ ရက်နေ့မှာ ၃၄ ဦးဖြစ်သွား ပြန်ပါတယ်။ ထို ၃၄ ဦးထဲက ၂၁ ဦးဟာ ပေကျင်းကဖြစ်နေပါတယ်။ ဒါ့ကြောင့် မတ်လ ၁၉ရက်နေ့မှာ တရုတ်တစ်နိုင်ငံလုံးကူးစက်ခံရသူ စုစုပေါင်း ၈၀,၉၂၈ ဦးရှိပြီဖြစ်ပါတယ်။

သေဆုံးသူကတော့ မနေ့ကသေဆုံးသူ ၈ဦးအပါအဝင်ဆို စုစုပေါင်း ၃၂၄၅ ဦးရှိပြီဖြစ်ပါတယ်။ ၎င်း ၈ဦးစလုံးဟာ ဟူဘေးပြည်နယ်က ဖြစ်ပါတယ်။

Getty Images

ယခုဆိုရင် ဗြိတိန် အစိုးရကလည်း တစ်နိုင်ငံလုံးအသွားအလာပိတ်ဖို့၊ စားသောက်ဆိုင်နဲ့ အရက်ဆိုင်တွေပိတ်ဖို့အပြင် အများစုသော ဝန်ထမ်းတွေကို အိမ်မှတဆင့်အလုပ်လုပ်ကြဖို့ တိုက်တွန်းနေပါပြီ။

Writer- ZWP ( The Lifestyle Myanmar )
Source – Mirror

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *