Sponsored

မတ်လ ၂၆ ရက်နေ့ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ်အားလုံးကိုဖျက်သိမ်းမည်ဖြစ်ကာ နိုင်ငံခြားသားဝင်ရောက်မှုကိုထိန်းချုပ်လိုက်ပြီဖြစ်ပါတယ်။

@CNA

တရုတ်နိုင်ငံအတွင်းမှာ ကူးစက်ခံရသူ မရှိတော့ပေမဲ့ ပြည်ပမှပြန်လည်ရောက်ရှိလာသူ ၅၀၀ ကျော်ထံမှ ရောဂါပိုးပြန်လည်တွေ့ရှိနေပါတယ်။ တရုတ်နိုင်ငံမှာ အလုပ်ဗီဇာ သို့မဟုတ် အမြဲတမ်းနေထိုင်ခွင့်ရသူတွေလည်း စနေနေ့ကစလို့ ပြန်လည်ဝင်ရောက်ဖို့ လက်ခံတော့မှာမဟုတ်ကြောင်းလဲ ပြောပါတယ်။

အစပိုင်းမှာတော့ ပြည်ပနိုင်ငံတစ်နိုင်ငံအတွက် တစ်ပတ်မှာ တစ်ကြောင်းသာပျံသန်းခွင့်ပေးမှာဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေနဲ့ လေယာဉ်အမှုထမ်းတွေကိုတော့ ပုံမှန်အတိုင်းဝင်ထွက်ခွင့်ပေးမယ်လို့တော့သိရပါတယ်။ ဒါ့အပြင် ဘေဂျင်းကိုဆင်းတဲ့လေကြောင်းလိုင်းတေွကို အခြားမြို့တွေဆီ ခွဲဆင်းခိုင်းမယ်လို့လည်းသိရပါတယ်။

Sponsored
@CNA

ယခုဆိုရင် ဘေဂျင်းနဲ့ရှန်ဟိုင်းကို လာရောက်မယ့်ခရီးသည်တွေအားလုံး ၁၄ ရက်ခွဲခြာနေထိုင်ခြင်းကို မဖြစ်မနေလုပ်ဆောင်ရမှာပါ။ ဒါ့အပြင်ယခုအပတ်ထဲမှာ တရုတ်နိုင်ငံသား ၁၁၀၀ လောက် ပြည်ပမှ ပြန်လည်ရောက်ရှိဖို့ရှိပါတယ်။

Writer- ZWP ( The Lifestyle Myanmar )
Source- CNA

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *