Sponsored

ချင်းအမျိုးသား ဧည့်ခံပွဲ လုပ်ခဲ့တဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က ရွာကြီးကို Lock Down (သို့မဟုတ်) Community Quarantine စတင်ဆောင်ရွက်နေပြီး ကလေး-တီးတိန် အဝင်အထွက်တွေ ကန့်သတ်မယ်လို့ သမ္မတရုံးညွှန်ကြားရေးမှူးချုုပ်ဖြစ်သူ ဒေါက်တာဇော်ဌေးက ထုတ်ပြန်လိုက်ပါတယ်။

ဦးဇော်ဌေး

ဒါ့အပြင် အဆိုပါ အမျိုးသား ဓါတ်ပုံရိုက်သွားတဲ့ ဓါတ်ပုံဆိုင် အပါအဝင် သွားခဲ့တဲ့ နေရာတွေက မိသားစုဝင် တွေကို Home Quarantine လုပ်နေသလို ပိုးတွေ့လူနာနဲ့ ထိတွေ့ခဲ့သူအားလုံးကို သီးသန့်ခွဲခြားပြီး Quarantine စတင်နေပြီလို့ဆိုပါတယ်။

‘ ‘ ပိုးတွေ့လူနာသွားခဲ့တဲ့နေရာအားလုံးကို လမ်းကြောင်းလိုက်တာ ထိတွေ့တဲ့သူအားလုံးကို စပြီး ကွာရန်တင်းလုပ်နေပါပြီ။ ညကထဲက စလုပ်နေပါပြီ။’’လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခင်ခင်ကြီးက ဘီဘီစီကိုပြောထားကြောင်းသိရပါတယ်။

Sponsored

စစ်ကိုင်းတိုင်းအဝင် တံတားကြီးတွေမှာ ကျန်းမာရေးစစ်ဆေးကာ ထူးခြားရင်Quarantine လုပ်ပါမယ်။ ပြည်တော်ပြန်တွေကို Home Quarantine ၁၄ ရက် ထားပါမယ်လို့လည်း ဦးဇော်ဌေးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကတဆင့် ထုတ်ပြန်ထားပါတယ်။

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *