Sponsored

ချဲလ်ဆီးအသင်းအတွက်တော့ ပျော်စရာမကောင်းခဲ့ပေမဲ့ ယူနိုက်တက်အတွက်တော့ လှပတဲ့ လန်ဒန်ညတစ်ည ဖြစ်ခဲ့ပါတယ်။

အသင်းခေါင်းဆောင် မက်ဂွာရီရဲ့ ပထမဆုံး ပရီးမီယားလိဂ် သွင်းဂိုးကို မြင်တွေ့ခဲ့ရသလို ကွင်းလယ်ကစားသမားသစ် ဘရူနိုဖာနန်ဒက်စ်ကလည်း ပထမဆုံး ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။

Getty Images
Getty Images

ချဲလ်ဆီးအသင်းရဲ့ ကစားပုံကောင်းခဲ့ပေမဲ့လည်း ဘက်ရှူအာရီရဲ့ အဆုံးသတ် ညံ့ဖျင်းမှုနဲ့ VAR ရဲ့ အဆုံးအဖြတ်တွေကြောင့် သွင်းဂိုး နှစ်ဂိုးရခဲ့ပေမဲ့လည်း ငြင်းပယ်ခံခဲ့ရပါတယ်။

Sponsored

ဒီပွဲကြောင့်လည်း နည်းပြလမ်းပတ်တစ်ယောက် ယူနိုက်တက်ကို နှစ်ကျော့စလုံး အနိုင်မရတဲ့ မှတ်တမ်းကို မလိုချင်ပဲနဲ့ ရသွားခဲ့ရပါတယ်။

Getty Images
Getty Images

မာရှယ်နဲ့ မက်ဂွာရီတို့ရဲ့ သွင်းဂိုးနှစ်ဂိုး စလုံးက ခေါင်းတိုက်ဂိုးတွေဖြစ်ပြီး နောက်ပိုင်း ယူနိုက်တက်မှာ မြင်ရခဲတဲ့ ဂိုးတွေပဲဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် ယူနိုက်တက်တို့ အဆင့် ၇ နေရာကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပြီး အဆင့်လေးနေရာက ချဲလ်ဆီးနဲ့ ၃ မှတ်သာ ကွာဟပါတော့တယ်။

ချဲလ်ဆီး ၀ – ၂ ယူနိုက်တက် (ပွဲပြီး)
မာရှယ် ၄၄’
မက်ဂွာရီ ၆၆

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *