Sponsored

ဒီကနေ့ မတ်လ ၂၇ ရက် မနက် ၆ နာရီလောက်မှာ ရန်ကုန်မြို့ ၊ ကျောက်တံတားမြို့နယ်ထဲက မဟာဗန္ဓုလပန်းခြံလမ်းမှာ ရှိတဲ့ တည်းခိုခန်းတစ်ခုရဲ့ လေးလွှာကနေ နိုင်ငံခြားသားတစ်ဦး ပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

ပြုတ်ကျ သေဆုံးသူဟာ နယူးဇီလန်နိုင်ငံသားဖြစ်ပြီး မတ်လ ၂၃ ရက်က မြန်မာနိုင်ငံကိုရောက်ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရွှေအင်းသားခင်မောင်ဝင်း

အဆိုပါလမ်းရှိ ချမ်းမြေ့တည်းခိုခန်း တတိယထပ်အလွှာမှ လမ်းအတွင်း ရပ်ထားသည့် ကားပေါ်သို့ ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်စဥ်နှင့် ပတ်သက်၍ “အခုလော လောဆယ်တော့ ဘာကြောင့်ပြုတ်ကျသေဆုံးတယ်ဆိုတာ မသိရသေးဘူး။သေဆုံးတဲ့သူက နိုင်ငံခြားသား အမျုိးသားတဦးပါ။တာဝန်ရှိသူတွေကတော့ သယ်သွားပြီ။ပြုတ်ကျရတဲ့ အကြောင်းအရင်းအမှန်ကိုတော့ စစ်ဆေးမေးမြန်းနေတုန်းပဲ“ဟု ချမ်းမြေ့တည်းခိုခန်းမှ တာဝန်ရှိသူ တဦးက ပြောသည်။

Sponsored
ဓာတ်ပုံ ရွှေအင်းသားခင်မောင်ဝင်း

ကျောက်တံတားမြို့မှ ရဲစခန်းတာဝန်ရှိသူများက တည်းခိုခန်းသို့ သေဆုံးမှူနှင့်ပတ် သက်၍ လာရောက်စစ်ဆေးနေသည်ကို တွေ့ရသည်။

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *