Sponsored

မနှစ်က ချန်ပီယံလိဒ်ဖိုင်နယ် လီပါပူး- စပါး ပွဲစဉ်မှာ ကွင်းထဲသို့အဝတ်စလစ်ဖြင့်ပြေးခဲ့ပြီးနာမည်ကြီးခဲ့သူ Wlonaskiဟာ skydiving တစ်ခုမှာ မတော်တဆဖြစ်ပြီး ချေကျင်းဝတ်ကျိုးသွားခဲ့ပါတယ်။ ထိုစဉ်က ကွင်းတွင်းဖြတ်ပြေးပြီးနောက်ပိုင်း သူမရဲ့ Instagram ဟာ Follower 3.6 million ထိမြင့်တက်သွား ခဲ့ပါတယ်။

Getty Images

ခြေကျင်းဝတ်ကျိုးလို့စိတ်ပူနေကြတဲ့သူတွေကို သူမက ” အဲ့ဒီနေ့က လေအရမ်းတိုက်နေပြီး အမြင့်ပေ ၂၀လောက်ကနေ ခြေထောက်နဲ့ကျခဲ့တာကြောင့် ခြေကျင်းဝတ်ကျိုးသွားခဲ့တာပါ။” လို့ဆိုပါတယ်။ မျက်မြင်သက်သေတွေပြောစကားအရတော့ ဆေးဝန်ထမ်းတွေမရောက်ခင် သူမမှာ နာကျင်လွန်းလို့ အော်ဟစ် နေရတယ်လို့ဆိုပါတယ်။ သူမရဲ့ Fanတွေကတော့ သူမမြန်မြန်သက်သာစေဖို့ ဆုတောင်းပေးခဲ့ကြပါတယ်။ တယောက်ကဆို ” မင်းတအား ရဲရင့်တာပဲ။ မင်းမြန်မြန်သက်သာပါစေလို့ဆုတောင်းပါတယ်” လို့ပြောထားပြီး အခြားတစ်ယောက်ကလည်း ” မြန်မြန်သက်သာပါစေ” လို့ ဆိုထားပါတယ်။

Getty Images

ချန်ပီယံလိဒ်ပွဲစဉ်အတွင်း အဝတ်စလစ်ဖြတ်ပြေးပြီးနောက် အသက် ၂၃နှစ်အရွယ်သူမက ” ကျွန်မ အသက် ၃၀ အရွယ်မှာ လုံလောက်တဲ့ပိုက်ဆံနဲ့ အေးအေးဆေးဆေးအနားယူဖို့ စိတ်ကူးထားပါတယ်။ ဒီစိတ်ကူးက လူအများစိတ်ဝင်စားနေတဲ့ ပွဲအတွင်းဖြတ်ပြေးလိုက်ခြင်းဖြင့် ပြည့်စုံသွားခဲ့ပါတယ်” လို့သူမကဆို ပါတယ်။ နောက်ထပ်လဲ အဝတ်စလစ်ပြေးတာမျိုးတွေပြုလုပ်သွားအုံးမယ်လို့ သူမက ဆိုပါတယ်။

Sponsored
Getty Images

ကျွန်မအဖမ်းခံရပြီးပြန်လွတ်လာတော့ ကျွန်မ Instagram မှာ Follower ၃၀၀,၀၀၀ ကနေ နှစ်မီလီယံအထိတိုးသွားခဲ့ပါတယ်။ တော်ရုံတန်ရုံဆိုဘယ်လိုမှ မဖြစ်နိုင်တဲ့အရာပါ။ ကျွန်မ နာမည်ကြီးသွားပြီး ကြော်ငြာကမ်းလှမ်းတာမျိုးတွေရှိခဲ့ပါတယ်။ ကျွန်မက အပျော်သဘောပဲလုပ်တာပါ ။ ဘယ်သူ့ကိုမှ မထိခိုက်စေလိုပါဘူး” လို့လည်း သူမက ဆိုပါတယ်။

Getty Images

အဲ့အချိန်က သူ့ကို ဘောလုံးပွဲကြည့်ပရိသတ်တွေက ချစ်ခင်ပုံရပြီး ကွင်းထဲကထွက်တော့ ရဲဝန်ထမ်းကတောင် ဓါတ်ပုံတူတူရိုက်ဖို့တောင်းဆိုခံခဲ့ရပါတယ်တဲ့။ ရလဒ်ကတော့ အံမခန်းပါပဲ။ ပျော်တာထက်ပိုသွားပါပြီ။ ဝမ်းသာကြည်နူးပျော်ရွှင်ခဲ့ရပါတယ်လို့ လည်းပြောပါတယ်။

Writer- ZWP ( The Lifestyle Myanmar )
Source – The Mirror

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *