Sponsored

ယခု Covid-19 အရှိန်အဟုန်မြင့် ကူးစက်ပြန့်ပွားနေချိန်တွင် အစိုးရအဖွဲ့တွေက နိုင်ငံတွင်းရှိ ကားထုတ်လုပ်ရေးစက်ရုံတွေကို အသက်ရှူဖေးကူကိရိယာနဲ့ face mask ပြောင်းလဲထုတ်လုပ်ပေးဖို့ တောင်းဆိုနေပါပြီ။

တနင်္လာနေ့က တရုတ်နိုင်ငံအခြေစိုက် အီတလီ company ‘ Fiat Automobiles’ ဟာ တစ်လကို face masks ပေါင်း အခုတစ်သန်းထုတ်လုပ်ပေးသွားမယ်လို့ ကြေငြာသွားပါပြီ။ သူတို့အနေနဲ့လည်း အရင်အပတ်တွေကတည်းက ပူးပေါင်းကူညီပေးဖို့ စိတ်အားထက်သန်နေခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် အခြားသော ကားထုတ်လုပ်ရေးစက်ရုံတွေဟာလည်း အသက်ရှူဖေးကူ ကိရိယာတွေ ထုတ်လုပ်ပေးသွားဖို့ ပြင်ဆင်နေကြပြီဖြစ်ပါတယ်။

@Twitter

အမေရိကန်နိုင်ငံအခြေစိုက် General Motors, Ford နဲ့ Tesla ကားထုတ်လုပ်ရေးတွေကလည်း နိုင်ငံရဲ့လိုအပ်နေတဲ့ အသက်ရှူဖေးကူကိရိယာတွေကို ထုတ်လုပ်ပေးဖို့ ကတိပေးခဲ့ပါတယ်။ ဗြိတိန်မှာတော့ ဂျပန်ကားထုတ်လုပ်ရေးဖြစ်တဲ့ Nissan က ပါဝင်ကူညီပေးသွားမှာပါ။

Sponsored

အမေရိကန်၊ ဥရောပနဲ့ အာရှ အခြေစိုက် ကားထုတ်လုပ်ရေးကြီးတွေဟာ သူတို့ရဲ့ ကားထုတ်လုပ်မှုကို ရပ်ဆိုင်းပြီး ရောဂါအတွက် လိုအပ်တဲ့ပစ္စည်းတွေကို ထုတ်လုပ်ပေးဖို့ တညီတညွတ်တည်း သဘောတူကြပါတယ်။ အမေရိကန်မှာဆို President Trump ကိုယ်တိုင် လူမှုစာမျက်နှာမှာ ” Ford, General Motors နဲ့ Tesla တို့ဟာ အသက်ရှူဖေးကူကိရိယာနဲ့ အခြားလိုအပ်တဲ့ပစ္စည်းတွေကို ထောက်ပံ့ထုတ်လုပ်ပေးသွားမှာဖြစ်တယ်” လို့ ပြောထားတာတွေ့ရပါတယ်။

@Twitter

ယခုထုတ်လုပ်မှုတွေနဲ့ပတ်သတ်ပြီး အမေရိကန် အစားအသောက်နှင့်ဆေးဝါး အဖွဲ့အစည်း FDA က ၎င်းတို့အနေနဲ့ စက်ပစ္စည်းတွေကို မှတ်ပုံတင်ရာမှာ လိုအပ်တဲ့ အခြားလိုအပ်ချက်တွေကို ဖြေလျော့ပေးခြင်းဖြင့် အခုရေများများထုတ်လုပ်နိုင်ရန် ကူညီပေးသွားမှာလည်းဖြစ်ပါတယ်။

ယခုလိုထုတ်ပြန်လိုက်တဲ့ အတွက် ရှိရင်းစွဲ ဆေးပစ္စည်းထုတ်လုပ်သူတွေအနေနဲ့လည်း ကုန်ကြမ်းရရှိမှုပိုမိုမြန်ဆန်စေမယ့်အပြင် ကားထုတ်လုပ်ရေးအတွက်လည်း အချို့သော မှတ်ပုံတင်ခြင်းတွေကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ သိရပါတယ်။ သို့သော်ငြားလည်း အချို့သော လေ့လာသူတွေက ကားထုတ်လုပ်ရေးတွေအနေနဲ့ ဆေးပစ္စည်း ပြောင်းလဲထုတ်လုပ်ရာမှာ အစပိုင်းအဆင်မပြေမှုတွေရှိနိုင်တယ်လို့ထောက်ပြကြပါတယ်။ အကြောင်းကတော့ လူရဲ့ အဆုတ်ကို အလုပ်လုပ်စေဖို့ ဖေးကူကိရိယာဟာ အနုစိတ်ပြီး အမြဲလုပ်ကိုင်နေတဲ့ ကျွမ်းကျင်ပညာရှင်တွေရဲ့ လမ်းညွှန်မှုလိုအပ်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။

ဒါဟာ စက်ပစ္စည်းပိုင်းတင်မဟုတ်ပါဘူး software ပိုင်းပေါင်းစပ်လုပ်ကိုင်ရတာတွေလည်းရှိနေပါတယ်။ နည်းပညာပိုင်းတစ်ခုခုချို့ယွင်းခဲ့ရင် ကြိုးစားအားထုတ်ခဲ့တာတွေ အရာမရောက်ဖြစ်ပါလိမ့်မယ် ” လို့ Hamilton Medical က အကြီးအကဲ Jens Hallek ကိုပြောကြားခဲ့ပါတယ်။ လေ့လာသူတွေကတော့ ကားထုတ်လုပ်ရေးတွေအနေနဲ့ ဆေးပစ္စည်းထုတ်လုပ်နိုင်ဖို့ဆိုတာ အနည်းဆုံးအချိန်တစ်နှစ်လောက်လိုအပ်တယ်လို့ ထောက်ပြကြပါတယ်။ လက်တလောပြသနာကို ဖြေရှင်းတဲ့အနေနဲ့ Tesla ကားထုတ်လုပ်ရေးပိုင်ရှင်က အသက်ရှူဖေးကူစက် အလုံး ၁၂၅၅ လုံးကို တရုတ်နိုင်ငံမှဝယ်ယူပြီး လော့စ်အိန်ဂျယ်မြို့ ကို ပေးပို့လိုက်ပါပြီ။

@Twitter

ဗြိတိန်က Formula 1 Teams ကတော့ သူတို့မှာ အသက်ရှူကိရိယာအပါအဝင် ဆေးပစ္စည်းပြောင်းလဲထုတ်လုပ်နိုင်ဖို့ ကျွမ်းကျင်ပညာရှင်ရှိတယ်လို့လည်း ဆိုပါတယ်။ Sprot car အသင်းဖြစ်တဲ့ McLaren နဲ့ Aerospace Company Meggit တို့မှာ ရှယ်ယာပါဝင်ထားတဲ့ Nissan ကတော့ သူတို့အနေနဲ့ အချိန်အတိုင်းအတာတစ်ခုနဲ့ စိန်ခေါ်မှုတချို့ကို ရင်ဆိုင်ရနိုင်တယ်လို့ ဖွင့်ဟပါတယ်။ တစ်ချိန်တည်းမှာပဲ India ဘီလီယံနာ Anand Mahindra ပိုင်ဆိုင်တဲ့ The Mahindra Group ဟာလည်းပဲ အသက်ရှူဖေးကူ ကိရိယာထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Writer- ZWP ( The Lifestyle Myanmar )
Source – BBC

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *