“ကားတာယာေတြနဲ႔ေဆာက္တဲ့ ေျမထိန္းနံရံ”

ကားတာယာေတြနဲ႔ေဆာက္တဲ့ ေျမထိန္းနံရံ

စြန္႔ပစ္ ကားတာယာအေဟာင္းေတြနဲ႔ ျပဳလုပ္ထားတဲ့ပစၥည္းေတြဆိုတာ ဖိနပ္၊ ေရပံုး၊ အမႈိက္ပံုးနဲ႔ ကစားစရာပစၥည္းေလးေတြေလာက္ပဲ ျမင္ဖူးပါလိမ့္မယ္။ စြန္႔ပစ္ ကားတာယာေတြနဲ႔ ေျမထိန္းနံရံကိုလည္း ျပဳလုပ္လုိ႔ရတယ္ဆိုတာ ဧရာ၀တီျမစ္ကမ္းရြာေလးတစ္ရြာက သက္ေသျပေနပါတယ္။

ရြာကေလးနာမည္က မဲဟင္းရြာလို႔ေခၚတြင္ပါတယ္။ မဲဟင္းရြာဆိုတာ စစ္ကိုင္းတိုင္းေဒသႀကီး ကသာ – ထီးခ်ိဳင့္အစပ္မွာရွိၿပီး ထီးခ်ိဳင့္ၿမိဳ႕နယ္ထဲမွာပါ၀င္တဲ့ ရြာေလးတစ္ရြာျဖစ္ပါတယ္။ အဲသည္ရြာေလးဟာ ဧရာ၀တီျမစ္အေနာက္ဘက္ကမ္းေပၚမွာ ေမးတင္လ်က္တည္ရွိပါတယ္။

ကားတာယာေတြနဲ႔ေဆာက္တဲ့ ေျမထိန္းနံရံ

ဧရာ၀တီျမစ္ကမ္းေပၚမွာ တည္ရွိတာနဲ႔အညီ ျမစ္ေရတုိက္စားတဲ့ဒဏ္ကို ႏွစ္စဥ္ခံစားရပါတယ္။ လြန္ခဲ့တဲ့ႏွစ္ႏွစ္ဆယ္အတြင္းမွာ ေရတိုက္စားမႈေၾကာင့္ ျမစ္ကမ္းပါး ၁၈ ေပေလာက္အထိ ၿပိဳခဲ့တယ္။ ဒိေနာက္ႏွစ္ေတြဆိုရင္ေတာ့ ကမ္းပါးထိပ္မွာရွိတဲ့ ဘုန္းႀကီးေက်ာင္းအပါအ၀င္ ရြာကအိမ္ေတြပါ ေျပာင္းေရႊ႕ရမယ့္ အေနအထားနဲ႔ ႀကံဳရေတာ့မွာပါ။

သည္ေလာက္ျမစ္ကမ္းပါးေတြၿပိဳေနတာ ရြာသူရြာသားေတြ ဘာမွမလုပ္ၾကဘူးလားဆုိေတာ့ လုပ္ၾကတာေပါ့။ တစ္ႏွစ္တစ္ခါ ျမစ္ေရႀကီးေတာ့ ေရတက္ခ်ိန္မတိုင္ခင္ဆို ရြာကလူေတြ ႏွစ္စဥ္လုပ္ေနၾက။ ဒါေပမဲ့ သူတို႔ေတြလုပ္တာက ထိေရာက္မႈမရွိဘူးျဖစ္ေနတယ္။ သူတို႔လုပ္တဲ့ပံုစံက ကမ္းပါေအာက္ေျခကို သစ္လံုးတုိင္ေလးေတြကို က်င္းေလးတူးၿပီး တန္းစီစိုက္။ ေနာက္ၿပီး သစ္ရြက္သစ္ခတ္ေလးေတြ ဘာေလးေတြခ်နဲ႔။ သည္လုိပဲ ေျမမၿပိဳဖုိ႔ ႏွစ္စဥ္လုပ္လာၾကတာ။ ဒါလည္းမရပါဘူး။ ၿပိဳတာပါပဲ။

ကားတာယာေတြနဲ႔ေဆာက္တဲ့ ေျမထိန္းနံရံ

ေျမႀကီးထဲမွာပဲ ထိုးစုိက္ထားတဲ့အခါက်ေတာ့ သစ္လံုးေတြဘယ္ခံႏုိင္ပါ့မလဲ။ ေနာက္ၿပီး ေရက်ျပန္ေတာ့လည္း သစ္ေတြက ေဆြးသြားေတာ့တယ္။ လခ်ီၿပီး ေရထဲေနေနရတာဆိုေတာ့ ဘယ္မေဆြးဘဲေနပါ့မလဲ။ သည္လုိနဲ႔ပဲ ႏွစ္စဥ္သံသရာလည္ေနခဲ့တာ။

ေက်က္စီနံရံမလုပ္ခ်င္ဘူးလားဆိုေတာ့ လုပ္ခ်င္တာေပါ့။ လုပ္မယ္ဆိုရင္ ေက်ာက္နဲ႔သဲနဲ႔က မ၀ယ္ရဘူးထား။ ဘီးလပ္ေျမဖိုးကုန္မယ္။ နည္းနည္းေနာေနာလုပ္ရမွာမွ မဟုတ္တာ။ ကမ္းၿပိဳတာက ေနရာအမ်ားႀကီေလ။

တစ္ေန႔မွာေတာ့ ေက်ာင္းထုိင္ဆရာေတာ္ ဦးပညာစာရ ကသာၿမိဳ႕ကို သြားရင္းနဲ႔ စြန္႔ပစ္ၿပီးပံုထားတဲ့ ကားတာယာအေဟာင္းေတြကိုေတြ႔ၿပီး အမွတ္မထင္စဥ္းစားမိလိုက္တယ္။ ” သည္ဟာေတြသာ ေျမထိန္းနံရံအျဖစ္ အသံုးျပဳလိုက္ရင္ ငါတုိ႔တစ္သက္ ဘယ္နည္းနဲ႔မွ မေဆြးႏုိင္ေတာ့ဘူး” ဆိုၿပီး စဥ္းစားမိလိုက္တယ္။ စဥ္းစားမိတဲ့ဟာကို ရြာေက်ာင္းက ဦးဇင္းကုလားနဲ႔တုိင္ပင္။ ဦးဇင္းကုလားကလည္း သည္လုိဆိုရင္ ေကာင္းတာေပါ့ဘာညာနဲ႔။ ေနာက္ၿပီး အုပ္ခ်ဳပ္ေရးမွဴးနဲ႔ ရြာသူရြာသားထပ္တုိင္ပင္ၿပီး ကားတာယာေတြကို ဆရာေတာ္ဦးပညာစာရ စတင္စုေဆာင္းပါေတာ့တယ္။

ကားတာယာေတြနဲ႔ေဆာက္တဲ့ ေျမထိန္းနံရံ

ကားတာယာတစ္လံုးကို ၁၂၀၀ က်ပ္နဲ႔ ၀ယ္ယူစုေဆာင္းရင္းက ေနာက္ပိုင္းဆရာေတာ္က ရြာမွာေျမထိန္းနံရံလုပ္ေအာင္လုိ႔ဆိုၿပီး အက်ိဳးအေၾကာင္းကို ေျပာျပလိုက္ေတာ့ တစ္ျပားမွမယူဘဲ လွဴဒါန္းလိုက္တယ္။ ၀ယ္ယူတာရယ္၊ လွဴဒါန္းလို႔ရတာရယ္ေပါင္းလိုက္ေတာ့ အေတာ္အတန္ကားတာယာေတြ ရရွိလာပါတယ္။ ေလးငါးလေလာက္ စုေဆာင္းၿပီးၿပီဆိုတာနဲ႔ ၿပီးခဲ့တဲ့ ၂၀၁၈ ခု၊ ႏွစ္စပိုင္းေလာက္မွာ ေျမထိန္းနံရံ စတင္လုပ္ေတာ့တယ္။

လုပ္ေတာ့ ေရအရင္းျမစ္က လာၾကည့္တယ္။ လာၾကည့္ေတာ့ သူတုိ႔ကေတာ့ ေက်ာက္စီနံရံပဲလုပ္ခ်င္ၾကတာ။ ဒါေပမဲ့ ဒကာႀကီး ေက်ာက္စီနံရံလုပ္တာေတာ့ဟုတ္ပါၿပီ။ ေငြေရးေၾကးေရး အဆင္မေျပတဲ့အေၾကာင္း ေျပာလိုက္ရတယ္။ ေရအရင္းျမစ္ကေတာ့ သူတို႔က ေရရဲ႕သေဘာသဘာ၀ကုိ သိတာကိုး။ ဒါေပမယ့္လည္း ဒီမွာလက္ေတြ႕ႀကံဳေနရတဲ့သူေတြေလာက္ေတာ့ သူတို႔ေတြမသိႏုိင္ဘူး။ ေနာက္ၿပီး ေက်ာက္နဲ႔လုပ္မယ္ဆိုရင္လည္း ေက်ာက္ကမွ ေရတိုက္လို႔ပဲ့တာဘာညာရွိေသးတယ္။ တာယာဆိုရင္ေတာ့ ပဲ့တာလည္းရွိမွာမဟုတ္ဘူး။ ေဆြးလည္းမေဆြးေတာ့ဘူးေလ။ သေဘၤာႏွစ္စီးတိုက္ၾကၿပီဆုိရင္ ေဘးမွာ တာယာကြင္းႀကီးခံထားတာကိုၾကည့္ေလ။ သေဘၤာႏွစ္စီးတုိက္လိုက္ေတာ့ ျပန္ကန္ထြက္သြားတယ္။ အဲသည္သေဘာအတိုင္းပဲဆိုၿပီး ဦးပညာစာရက ရွင္းျပတယ္။

ကားတာယာေတြနဲ႔ေဆာက္တဲ့ ေျမထိန္းနံရံ

စြန္႔ပစ္ကားတာယာေတြနဲ႔ ေျမထိန္းနံရံႀကီးလုပ္လုိက္ေတာ့ ကားတာယာတစ္ထပ္ တစ္ေပႏႈန္းနဲ႔ အျမင့္ ၁၈ ေပ၊ အထပ္ ၁၈ ထပ္နဲ႔ အလ်ားေပ ၁၅၀ ရွိတဲ့ ႀကီးမားတဲ့ေျမထိန္းနံရံႀကီး ျဖစ္လာခဲ့ေတာ့တယ္။

သည္ေျမထိန္းနံရံႀကီးကိုလုပ္ေတာ့ ရြာသူရြာသားေတြ တစ္ရက္ကို လူ ၄၀ နဲ႔ အလွည့္က် လုုပ္ၾကရတာ။ မဲဟင္းရြာမွာက မနက္ပိုင္း ဘုန္းႀကီးေက်ာင္းကို အာရံုဆြမ္းပို႔တဲ့ ေခါင္းေတြခြဲထားတာရွိတယ္။ တစ္ေခါင္းကို ဆယ္ဦးရွိတယ္။ အာရံုဆြမ္းပို႔တဲ့ေခါင္းအလုိက္ ဒီေန႔ေတာ့ လုပ္အားေပး ဘယ္ေခါင္းေတြ က်တယ္ဆိုၿပီး ခြဲလုိက္တာေပါ့။ တစ္ေန႔ေလးေခါင္းနဲ႔ လူဆယ္လုပ္အားေပးရတယ္။

လုပ္အားေပးတဲ့သူေတြကိုလည္း အိမ္မျပန္ေစရဘူူး။ ဘုန္းႀကီးေက်ာင္းမွာပဲ ထမင္းဟင္းခ်က္ေကြ်းတယ္။ ဘုန္းႀကီးေက်ာင္းကိုလာပို႔တဲ့ ဆြမ္းအုပ္ေတြေတာ့ရွိတာေပါ့။ သည္လူအုပ္ႀကီးနဲ႔ ဘယ္ေလာက္ငပါ့မလဲ။ ဒါ့ေၾကာင့္ရြာထဲက အသက္အရြယ္ႀကီးတဲ့ အမ်ိဳးသမီးေတြကို ထမင္းခ်က္အျဖစ္ တာ၀န္ေပးလိုက္တယ္။

ကားတာယာေတြနဲ႔ေဆာက္တဲ့ ေျမထိန္းနံရံ

ေျမထိန္းနံရံႀကီးလုပ္တာက ပထမဆံုး ျမစ္ကမ္းေအာက္ေျခမွာ ေလးေပအနက္ရွိတဲ့ လိုင္းက်င္းတူးလုိက္တယ္။ လုိင္းတူးၿပီး ေက်ာက္ခဲေတြထည့္။ ထည့္ၿပီး အဲသည္အေပၚကမွ ရွစ္လက္မထုရွိတဲ့ ဘီးလပ္ေျမကို ေလာင္းထည့္လုိက္တယ္။ ေလာင္းၿပီး ဘီးလပ္ေျမ မာသြားၿပီးဆိုရင္ တာယာေတြထပ္စီလုိက္တယ္။ တာယာေတြစီတယ္ဆိုေပမယ့္ တာယာေတြတင္မဟုတ္ဘူး။ အဲသည္တာယာအေခါင္းထဲမွာ ေက်ာက္နဲ႔ သဲကိုေရာၿပီး ေလထိုးကြ်တ္ဖာသလို ကန္႔လန္႔လုပ္ၿပီး တင္းၾကပ္ေနေအာင္ထည့္။ ထည့္ၿပီးစီတယ္။ စီေတာ့ တာယာေတြကို တညီတညာတည္း စီတာမဟုတ္ဘူး။ တညီတည္းစီရင္ ေရတိုက္လို႔ရွိရင္ တာယာေတြေရႊ႕သြားႏုိင္တယ္။ ဒါ့ေၾကာင့္ ကမ္းပါးကို ရွစ္လက္မဖဲ့လိုက္။ တာယာတစ္တပ္စီလိုက္နဲ႔။ တာယာတစ္ထပ္နဲ႔တစ္ထပ္ အန္လြဲၿပီးစီတာ။ တစ္ထပ္နဲ႔တစ္ထပ္ၾကားမွာလည္း ေက်ာက္ခဲနဲ႔ သဲကိုထည့္ရတယ္။ သဲကိုဧရာ၀တီျမစ္ထဲကေန ျဗန္းနဲ႔စုပ္ၿပီး ယူရတာ။ ေက်ာက္ကိုေတာ့ ရြာနေဘးက ဧရာ၀တီျမစ္ထဲကို ေပါင္းဆံုသြားတဲ့ အင္းတမြတ္ေခ်ာင္းထဲမွာ ကားနဲ႔သြားတုိက္ၾကရတာ။ ဒါ့ေၾကာင့္ မဲဟင္းရြာေလးဟာ ျမစ္နဲ႔ ေခ်ာင္းပတ္လည္၀န္းရံေနတဲ့ ေနရာမွာရွိေနေတာ့ ေျမၿပိဳမႈေတြ ခံစားရၿပီေပါ့။

ရြာသူရြာသားေတြနဲ႔ အခ်ိန္ႏွစ္လေက်ာ္ၾကာ ျပဳလုပ္ခဲ့ရတဲ့ သည္ေျမထိန္းနံရံႀကီးဟာ အခုဆိုရင္ ၁၂ ဘီးကားတာယာေတြနဲ႔ခ်ည္း တာယာအလံုးေပါင္း ၈၉၀ တိတိရွိပါတယ္။ မာယာမ်ားတဲ့ ျမစ္ဧရာရဲ႕ တိုက္စားမႈဒဏ္ကို အခုဆိုရင္ မဲဟင္းရြာဟာ မမႈေတာ့ပါဘူး။ သည္ေျမထိန္းနံရံႀကီးနဲ႔ ျမစ္ဧရာရဲ႕တုိက္စားမႈကို ၿပီးခဲ့တဲ့ေရႀကီးခ်ိန္တစ္ခ်ိန္လံုး ႀကံ႕ႀကံ႕ခံရင္ဆိုင္ခဲ့ၿပီးပါၿပီ။ ကားတာယာ ၁၈ ထပ္ရွိတဲ့ေျမထိန္းနံရံဟာ ျမစ္ေရတက္ခ်ိန္မွာ ၁၅ ထပ္အထိပဲ ေရျမဳပ္ၿပီး သံုးထပ္ေတာင္က်န္ရွိပါေသးတယ္။ ဘယ္ေလာက္ပဲ ေရလႈိင္းထမ္းပိုးေတြရိုက္ခတ္ခဲ့ေပမယ့္ မဲဟင္းရြာသားေတြျပဳလုပ္ထားတဲ့ ႀကီးမားလွတဲ့ေျမထိန္းနံရံႀကီးဟာ ေရက်သြားခ်ိန္မွာေတာ့ မယိုမယြင္းပဲ မဲဟင္းရြာေလးကို ႀကံ႕ႀက႕ံခံကာကြယ္ေပးခဲ့ပါတယ္။

ထက္ၿဖိဳး /Credit
မံုရြာေဂဇက္ အတြဲ ၃ အမွတ္ ၃၆
၂၀၁၉ ဇူလိုင္ ၂၁


#Unicode version

စွန့်ပစ် ကားတာယာအဟောင်းတွေနဲ့ ပြုလုပ်ထားတဲ့ပစ္စည်းတွေဆိုတာ ဖိနပ်၊ ရေပုံး၊ အမှိုက်ပုံးနဲ့ ကစားစရာပစ္စည်းလေးတွေလောက်ပဲ မြင်ဖူးပါလိမ့်မယ်။ စွန့်ပစ် ကားတာယာတွေနဲ့ မြေထိန်းနံရံကိုလည်း ပြုလုပ်လို့ရတယ်ဆိုတာ ဧရာဝတီမြစ်ကမ်းရွာလေးတစ်ရွာက သက်သေပြနေပါတယ်။

ရွာကလေးနာမည်က မဲဟင်းရွာလို့ခေါ်တွင်ပါတယ်။ မဲဟင်းရွာဆိုတာ စစ်ကိုင်းတိုင်းဒေသကြီး ကသာ – ထီးချိုင့်အစပ်မှာရှိပြီး ထီးချိုင့်မြို့နယ်ထဲမှာပါဝင်တဲ့ ရွာလေးတစ်ရွာဖြစ်ပါတယ်။ အဲသည်ရွာလေးဟာ ဧရာဝတီမြစ်အနောက်ဘက်ကမ်းပေါ်မှာ မေးတင်လျက်တည်ရှိပါတယ်။

ဧရာဝတီမြစ်ကမ်းပေါ်မှာ တည်ရှိတာနဲ့အညီ မြစ်ရေတိုက်စားတဲ့ဒဏ်ကို နှစ်စဉ်ခံစားရပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်အတွင်းမှာ ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါး ၁၈ ပေလောက်အထိ ပြိုခဲ့တယ်။ ဒိနောက်နှစ်တွေဆိုရင်တော့ ကမ်းပါးထိပ်မှာရှိတဲ့ ဘုန်းကြီးကျောင်းအပါအဝင် ရွာကအိမ်တွေပါ ပြောင်းရွှေ့ရမယ့် အနေအထားနဲ့ ကြုံရတော့မှာပါ။

သည်လောက်မြစ်ကမ်းပါးတွေပြိုနေတာ ရွာသူရွာသားတွေ ဘာမှမလုပ်ကြဘူးလားဆိုတော့ လုပ်ကြတာပေါ့။ တစ်နှစ်တစ်ခါ မြစ်ရေကြီးတော့ ရေတက်ချိန်မတိုင်ခင်ဆို ရွာကလူတွေ နှစ်စဉ်လုပ်နေကြ။ ဒါပေမဲ့ သူတို့တွေလုပ်တာက ထိရောက်မှုမရှိဘူးဖြစ်နေတယ်။ သူတို့လုပ်တဲ့ပုံစံက ကမ်းပါအောက်ခြေကို သစ်လုံးတိုင်လေးတွေကို ကျင်းလေးတူးပြီး တန်းစီစိုက်။ နောက်ပြီး သစ်ရွက်သစ်ခတ်လေးတွေ ဘာလေးတွေချနဲ့။ သည်လိုပဲ မြေမပြိုဖို့ နှစ်စဉ်လုပ်လာကြတာ။ ဒါလည်းမရပါဘူး။ ပြိုတာပါပဲ။

မြေကြီးထဲမှာပဲ ထိုးစိုက်ထားတဲ့အခါကျတော့ သစ်လုံးတွေဘယ်ခံနိုင်ပါ့မလဲ။ နောက်ပြီး ရေကျပြန်တော့လည်း သစ်တွေက ဆွေးသွားတော့တယ်။ လချီပြီး ရေထဲနေနေရတာဆိုတော့ ဘယ်မဆွေးဘဲနေပါ့မလဲ။ သည်လိုနဲ့ပဲ နှစ်စဉ်သံသရာလည်နေခဲ့တာ။

ကျေက်စီနံရံမလုပ်ချင်ဘူးလားဆိုတော့ လုပ်ချင်တာပေါ့။ လုပ်မယ်ဆိုရင် ကျောက်နဲ့သဲနဲ့က မဝယ်ရဘူးထား။ ဘီးလပ်မြေဖိုးကုန်မယ်။ နည်းနည်းနောနောလုပ်ရမှာမှ မဟုတ်တာ။ ကမ်းပြိုတာက နေရာအများကြီလေ။

တစ်နေ့မှာတော့ ကျောင်းထိုင်ဆရာတော် ဦးပညာစာရ ကသာမြို့ကို သွားရင်းနဲ့ စွန့်ပစ်ပြီးပုံထားတဲ့ ကားတာယာအဟောင်းတွေကိုတွေ့ပြီး အမှတ်မထင်စဉ်းစားမိလိုက်တယ်။ ” သည်ဟာတွေသာ မြေထိန်းနံရံအဖြစ် အသုံးပြုလိုက်ရင် ငါတို့တစ်သက် ဘယ်နည်းနဲ့မှ မဆွေးနိုင်တော့ဘူး” ဆိုပြီး စဉ်းစားမိလိုက်တယ်။ စဉ်းစားမိတဲ့ဟာကို ရွာကျောင်းက ဦးဇင်းကုလားနဲ့တိုင်ပင်။ ဦးဇင်းကုလားကလည်း သည်လိုဆိုရင် ကောင်းတာပေါ့ဘာညာနဲ့။ နောက်ပြီး အုပ်ချုပ်ရေးမှူးနဲ့ ရွာသူရွာသားထပ်တိုင်ပင်ပြီး ကားတာယာတွေကို ဆရာတော်ဦးပညာစာရ စတင်စုဆောင်းပါတော့တယ်။

ကားတာယာတစ်လုံးကို ၁၂၀၀ ကျပ်နဲ့ ဝယ်ယူစုဆောင်းရင်းက နောက်ပိုင်းဆရာတော်က ရွာမှာမြေထိန်းနံရံလုပ်အောင်လို့ဆိုပြီး အကျိုးအကြောင်းကို ပြောပြလိုက်တော့ တစ်ပြားမှမယူဘဲ လှူဒါန်းလိုက်တယ်။ ဝယ်ယူတာရယ်၊ လှူဒါန်းလို့ရတာရယ်ပေါင်းလိုက်တော့ အတော်အတန်ကားတာယာတွေ ရရှိလာပါတယ်။ လေးငါးလလောက် စုဆောင်းပြီးပြီဆိုတာနဲ့ ပြီးခဲ့တဲ့ ၂၀၁၈ ခု၊ နှစ်စပိုင်းလောက်မှာ မြေထိန်းနံရံ စတင်လုပ်တော့တယ်။

လုပ်တော့ ရေအရင်းမြစ်က လာကြည့်တယ်။ လာကြည့်တော့ သူတို့ကတော့ ကျောက်စီနံရံပဲလုပ်ချင်ကြတာ။ ဒါပေမဲ့ ဒကာကြီး ကျောက်စီနံရံလုပ်တာတော့ဟုတ်ပါပြီ။ ငွေရေးကြေးရေး အဆင်မပြေတဲ့အကြောင်း ပြောလိုက်ရတယ်။ ရေအရင်းမြစ်ကတော့ သူတို့က ရေရဲ့သဘောသဘာဝကို သိတာကိုး။ ဒါပေမယ့်လည်း ဒီမှာလက်တွေ့ကြုံနေရတဲ့သူတွေလောက်တော့ သူတို့တွေမသိနိုင်ဘူး။ နောက်ပြီး ကျောက်နဲ့လုပ်မယ်ဆိုရင်လည်း ကျောက်ကမှ ရေတိုက်လို့ပဲ့တာဘာညာရှိသေးတယ်။ တာယာဆိုရင်တော့ ပဲ့တာလည်းရှိမှာမဟုတ်ဘူး။ ဆွေးလည်းမဆွေးတော့ဘူးလေ။ သင်္ဘောနှစ်စီးတိုက်ကြပြီဆိုရင် ဘေးမှာ တာယာကွင်းကြီးခံထားတာကိုကြည့်လေ။ သင်္ဘောနှစ်စီးတိုက်လိုက်တော့ ပြန်ကန်ထွက်သွားတယ်။ အဲသည်သဘောအတိုင်းပဲဆိုပြီး ဦးပညာစာရက ရှင်းပြတယ်။

စွန့်ပစ်ကားတာယာတွေနဲ့ မြေထိန်းနံရံကြီးလုပ်လိုက်တော့ ကားတာယာတစ်ထပ် တစ်ပေနှုန်းနဲ့ အမြင့် ၁၈ ပေ၊ အထပ် ၁၈ ထပ်နဲ့ အလျားပေ ၁၅၀ ရှိတဲ့ ကြီးမားတဲ့မြေထိန်းနံရံကြီး ဖြစ်လာခဲ့တော့တယ်။

သည်မြေထိန်းနံရံကြီးကိုလုပ်တော့ ရွာသူရွာသားတွေ တစ်ရက်ကို လူ ၄၀ နဲ့ အလှည့်ကျ လုပ်ကြရတာ။ မဲဟင်းရွာမှာက မနက်ပိုင်း ဘုန်းကြီးကျောင်းကို အာရုံဆွမ်းပို့တဲ့ ခေါင်းတွေခွဲထားတာရှိတယ်။ တစ်ခေါင်းကို ဆယ်ဦးရှိတယ်။ အာရုံဆွမ်းပို့တဲ့ခေါင်းအလိုက် ဒီနေ့တော့ လုပ်အားပေး ဘယ်ခေါင်းတွေ ကျတယ်ဆိုပြီး ခွဲလိုက်တာပေါ့။ တစ်နေ့လေးခေါင်းနဲ့ လူဆယ်လုပ်အားပေးရတယ်။

လုပ်အားပေးတဲ့သူတွေကိုလည်း အိမ်မပြန်စေရဘူူး။ ဘုန်းကြီးကျောင်းမှာပဲ ထမင်းဟင်းချက်ကျွေးတယ်။ ဘုန်းကြီးကျောင်းကိုလာပို့တဲ့ ဆွမ်းအုပ်တွေတော့ရှိတာပေါ့။ သည်လူအုပ်ကြီးနဲ့ ဘယ်လောက်ငပါ့မလဲ။ ဒါ့ကြောင့်ရွာထဲက အသက်အရွယ်ကြီးတဲ့ အမျိုးသမီးတွေကို ထမင်းချက်အဖြစ် တာဝန်ပေးလိုက်တယ်။

မြေထိန်းနံရံကြီးလုပ်တာက ပထမဆုံး မြစ်ကမ်းအောက်ခြေမှာ လေးပေအနက်ရှိတဲ့ လိုင်းကျင်းတူးလိုက်တယ်။ လိုင်းတူးပြီး ကျောက်ခဲတွေထည့်။ ထည့်ပြီး အဲသည်အပေါ်ကမှ ရှစ်လက်မထုရှိတဲ့ ဘီးလပ်မြေကို လောင်းထည့်လိုက်တယ်။ လောင်းပြီး ဘီးလပ်မြေ မာသွားပြီးဆိုရင် တာယာတွေထပ်စီလိုက်တယ်။ တာယာတွေစီတယ်ဆိုပေမယ့် တာယာတွေတင်မဟုတ်ဘူး။ အဲသည်တာယာအခေါင်းထဲမှာ ကျောက်နဲ့ သဲကိုရောပြီး လေထိုးကျွတ်ဖာသလို ကန့်လန့်လုပ်ပြီး တင်းကြပ်နေအောင်ထည့်။ ထည့်ပြီးစီတယ်။ စီတော့ တာယာတွေကို တညီတညာတည်း စီတာမဟုတ်ဘူး။ တညီတည်းစီရင် ရေတိုက်လို့ရှိရင် တာယာတွေရွှေ့သွားနိုင်တယ်။ ဒါ့ကြောင့် ကမ်းပါးကို ရှစ်လက်မဖဲ့လိုက်။ တာယာတစ်တပ်စီလိုက်နဲ့။ တာယာတစ်ထပ်နဲ့တစ်ထပ် အန်လွဲပြီးစီတာ။ တစ်ထပ်နဲ့တစ်ထပ်ကြားမှာလည်း ကျောက်ခဲနဲ့ သဲကိုထည့်ရတယ်။ သဲကိုဧရာဝတီမြစ်ထဲကနေ ဗြန်းနဲ့စုပ်ပြီး ယူရတာ။ ကျောက်ကိုတော့ ရွာနဘေးက ဧရာဝတီမြစ်ထဲကို ပေါင်းဆုံသွားတဲ့ အင်းတမွတ်ချောင်းထဲမှာ ကားနဲ့သွားတိုက်ကြရတာ။ ဒါ့ကြောင့် မဲဟင်းရွာလေးဟာ မြစ်နဲ့ ချောင်းပတ်လည်ဝန်းရံနေတဲ့ နေရာမှာရှိနေတော့ မြေပြိုမှုတွေ ခံစားရပြီပေါ့။

ရွာသူရွာသားတွေနဲ့ အချိန်နှစ်လကျော်ကြာ ပြုလုပ်ခဲ့ရတဲ့ သည်မြေထိန်းနံရံကြီးဟာ အခုဆိုရင် ၁၂ ဘီးကားတာယာတွေနဲ့ချည်း တာယာအလုံးပေါင်း ၈၉၀ တိတိရှိပါတယ်။ မာယာများတဲ့ မြစ်ဧရာရဲ့ တိုက်စားမှုဒဏ်ကို အခုဆိုရင် မဲဟင်းရွာဟာ မမှုတော့ပါဘူး။ သည်မြေထိန်းနံရံကြီးနဲ့ မြစ်ဧရာရဲ့တိုက်စားမှုကို ပြီးခဲ့တဲ့ရေကြီးချိန်တစ်ချိန်လုံး ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ပြီးပါပြီ။ ကားတာယာ ၁၈ ထပ်ရှိတဲ့မြေထိန်းနံရံဟာ မြစ်ရေတက်ချိန်မှာ ၁၅ ထပ်အထိပဲ ရေမြုပ်ပြီး သုံးထပ်တောင်ကျန်ရှိပါသေးတယ်။ ဘယ်လောက်ပဲ ရေလှိုင်းထမ်းပိုးတွေရိုက်ခတ်ခဲ့ပေမယ့် မဲဟင်းရွာသားတွေပြုလုပ်ထားတဲ့ ကြီးမားလှတဲ့မြေထိန်းနံရံကြီးဟာ ရေကျသွားချိန်မှာတော့ မယိုမယွင်းပဲ မဲဟင်းရွာလေးကို ကြံ့ကြံ့ခံကာကွယ်ပေးခဲ့ပါတယ်။

ထက်ဖြိုး /Credit
မုံရွာဂေဇက် အတွဲ ၃ အမှတ် ၃၆
၂၀၁၉ ဇူလိုင် ၂၁