Sponsored

ကနေဒါ ၀န်ကြီးချုပ် ဂျပ်စတင်ထရူဒိုး၏ ဇနီးဖြစ်သူ ဆိုဖီယာတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကြောင်း မတ် ၁၂ ရက်တွင် စစ်ဆေး တွေ့ရှိပြီးနောက် ၀န်ကြီးချုပ်ကို သီတင်းနှစ်ပတ်ကြာ သီးခြားထားပြီး စောင့်ကြည့်နေသည်။

ဇနီးဖြစ်သူ ဆိုဖီယာသည် မကြာသေးမီက လန်ဒန်မှပြန်လာခဲ့ပြီးနောက် တုပ်ကွေးကဲ့သို့ ရောဂါ လက္ခဏာများကြောင်း ဆေးစစ်မှု ခံယူရာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသည်ကို တွေ့ရှိခဲ့ရကြောင်း ၀န်ကြီးချုပ်ရုံးက မတ် ၁၂ ရက် အစောပိုင်းတွင် ထုတ်ပြန်သည်။

BBC

၀န်ကြီးချုပ်တွင် ကျန်းမာရေး ကောင်မွန်နေပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့် လက္ခဏာများ မတွေ့ရပေ။

Sponsored

ဆရာ၀န်များ၏ အကြံပြုချက်အရ ကြိုတင် ကာကွယ်မှုအဖြစ် ၎င်းသည် ၁၄ ရက်ကြာ သီးခြားနေထိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇနီးဖြစ်သူ ဆိုဖီယာကိုလည်း ၁၄ ရက်ကြား သီးခြားထားစောင့်ကြည့်မည် ဖြစ်သည်။

၀န်ကြီးချုပ်သည် တာ၀န်၀တ္တရားများကို အပြည့်အ၀ ဆက်လက် ထမ်းဆောင်သွားမည် ဖြစ်ပြီး မတ် ၁၄ ရက်တွင် ကနေဒါ နိုင်ငံသားများအား မိန့်ခွန်းပြောမည် ဖြစ်သည်။

ကနေဒါ နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက် ခံရသူ ၁၄၅ ဦး ရှိလာပြီး သီတင်းတစ်ပတ် အတွင်း သုံးဆတိုးလာကာ လူတစ်ဦး သေဆုံးသွားပြီ ဖြစ်သည်။

ကနေဒါ ပြည်နယ် ၁၀ ခုအနက် ခုနှစ်ပြည်နယ်တွင် ဗိုင်းရပ်စ် ကူးစက်မှုများ ရှိနေသည်။ လက်ရှိအချိန်ထိ ကမ္ဘာတစ်၀န်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ဦးရေမှာ ၁၂၇၀၀၀ ကျော်အထိ မြင့်တက်လာသည်။

Source: BBC

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *