ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ျပဳလုပ္ထားသည့္ ထန္းလ်က္ကိတ္မုန႔္ ေဒၚလာ ၁၅၀၀ ( သိန္း ၂၀ ေက်ာ္ ) ျဖင့္ ၀ယ္ယူသြား

Photo : Khin Marla

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ လုပ္ထားတဲ့ ထန္းလ်က္ကိတ္မုန႔္ကို ေဒၚလာ ၁၅၀၀ နဲ႔ ေလလံေအာင္ ေရာင္းခ်ခဲ့ပါတယ္။

စက္တင္ဘာ ၁၄ ရက္နဲ႔ ၁၅ ရက္ ရန္ကုန္ အင္ယားလိတ္ဟိုတယ္မွာ လုပ္ေနတဲ့ ျမန္မာ အာဆီယံ အမ်ိဳးသမီးမ်ား ခ်စ္ၾကည္ေရးအသင္း ေဈးေရာင္းပြဲမွာ ေရာင္းခ်ႏိုင္ခဲ့တာပါ။

အဲဒီကိတ္မုန႔္ကိုေတာ့ Myanmar Kindness Foundation တည္ေထာင္သူ ေဒၚခင္မာလာက ရသြားတာပါ။

ဒုသမၼတ ဦးဟင္နရီဗန္ထီးယူဇနီးေဒါက္တာေ႐ႊလႊမ္းက ေလလံေအာင္သူကို ကိတ္မုန္႔ကိုေပးအပ္

အလႉအတြက္ ဆိုေတာ့လည္း ဒီတိုင္းေတာင္ လႉၾကေသးတာပဲေလ။ တိုက္တိုက္ဆိုင္ဆိုင္ေပါ့ အန္တီအေမ ၉၄ ႏွစ္ျပည့္ ေမြးေန႔လည္း ျဖစ္ေနတယ္။ အေမကလည္း အန္တီေဒၚေအာင္ဆန္းစုၾကည္ ေမြးေန႔တုန္းက သူကိုယ္တိုင္လုပ္တဲ့ ႏွင္းဆီပန္းေလး လက္ေဆာင္ေပးခဲ့ေသးတယ္။ သူလည္း ဒီကိတ္မုန႔္ေလး ျပန္ရတာေပါ့” လို႔ ေဒၚခင္မာလာက ေျပာပါတယ္။

သူ႔လုပ္ငန္းလည္း ေဈးေရာင္းပြဲေတာ္မွာ ပါဝင္ေရာင္းခ်ေနရင္း ေလလံလုပ္တယ္ဆိုတာ သိရလို႔ အခုလို အလႉအေနနဲ႔ အမွတ္တရ ဝင္ၿပိဳင္ခဲ့တာလို႔ ဆိုပါတယ္။

Photo : Khin Marla

အားလုံးကို ေဝငွေကြၽးလိုက္တယ္။ ကိတ္က အရသာအရမ္းေကာင္းတယ္။ ခ်ိဳ၊ ဆိမ့္ အေတာ္ပဲ။ တကယ့္ကို ေသခ်ာစပ္ထားတဲ့ ကိတ္ပါ။ အၿမဲစားလာတဲ့ ထန္းလ်က္နဲ႔ လုပ္ထားတာဆိုေတာ့ ရွားရွားပါးပါး ကိတ္ေလးေပါ့” လို႔ သူက ေျပာပါတယ္။

ေဈးေရာင္းပြဲေတာ္နဲ႔ ေလလံတင္ပြဲေတြက ေငြေတြကို တကိုယ္ေတာ္မိခင္ေတြနဲ႔ သူတို႔ရဲ႕ ကေလးငယ္ေတြအတြက္ ဖြင့္ထားတဲ့ ေဂဟာေတြ၊ လမ္းေပ်ာ္ကေလးေတြအတြက္ ကူညီေနတဲ့ အဖြဲ႕အစည္းေတြကို လႉဒါန္းသြားမွာ ျဖစ္ပါတယ္။

ယခုသတင္းအား DVB Multimedia Group မွဝယ္ယူျပီး တရားဝင္ခြင့္ျပဳခ်က္ျဖင့္ ေဖာ္ျပပါသည္။


#Unicode Version

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လုပ်ထားတဲ့ ထန်းလျက်ကိတ်မုန့်ကို ဒေါ်လာ ၁၅၀၀ နဲ့ လေလံအောင် ရောင်းချခဲ့ပါတယ်။

စက်တင်ဘာ ၁၄ ရက်နဲ့ ၁၅ ရက် ရန်ကုန် အင်ယားလိတ်ဟိုတယ်မှာ လုပ်နေတဲ့ မြန်မာ အာဆီယံ အမျိုးသမီးများ ချစ်ကြည်ရေးအသင်း ဈေးရောင်းပွဲမှာ ရောင်းချနိုင်ခဲ့တာပါ။

အဲဒီကိတ်မုန့်ကိုတော့ Myanmar Kindness Foundation တည်ထောင်သူ ဒေါ်ခင်မာလာက ရသွားတာပါ။

အလှူအတွက် ဆိုတော့လည်း ဒီတိုင်းတောင် လှူကြသေးတာပဲလေ။ တိုက်တိုက်ဆိုင်ဆိုင်ပေါ့ အန်တီအမေ ၉၄ နှစ်ပြည့် မွေးနေ့လည်း ဖြစ်နေတယ်။ အမေကလည်း အန်တီဒေါ်အောင်ဆန်းစုကြည် မွေးနေ့တုန်းက သူကိုယ်တိုင်လုပ်တဲ့ နှင်းဆီပန်းလေး လက်ဆောင်ပေးခဲ့သေးတယ်။ သူလည်း ဒီကိတ်မုန့်လေး ပြန်ရတာပေါ့” လို့ ဒေါ်ခင်မာလာက ပြောပါတယ်။

သူ့လုပ်ငန်းလည်း ဈေးရောင်းပွဲတော်မှာ ပါဝင်ရောင်းချနေရင်း လေလံလုပ်တယ်ဆိုတာ သိရလို့ အခုလို အလှူအနေနဲ့ အမှတ်တရ ဝင်ပြိုင်ခဲ့တာလို့ ဆိုပါတယ်။

အားလုံးကို ဝေငှကျွေးလိုက်တယ်။ ကိတ်က အရသာအရမ်းကောင်းတယ်။ ချို၊ ဆိမ့် အတော်ပဲ။ တကယ့်ကို သေချာစပ်ထားတဲ့ ကိတ်ပါ။ အမြဲစားလာတဲ့ ထန်းလျက်နဲ့ လုပ်ထားတာဆိုတော့ ရှားရှားပါးပါး ကိတ်လေးပေါ့” လို့ သူက ပြောပါတယ်။

ဈေးရောင်းပွဲတော်နဲ့ လေလံတင်ပွဲတွေက ငွေတွေကို တကိုယ်တော်မိခင်တွေနဲ့ သူတို့ရဲ့ ကလေးငယ်တွေအတွက် ဖွင့်ထားတဲ့ ဂေဟာတွေ၊ လမ်းပျော်ကလေးတွေအတွက် ကူညီနေတဲ့ အဖွဲ့အစည်းတွေကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

ယခုသတင်းအား DVB Multimedia Group မှဝယ်ယူပြီး တရားဝင်ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည်။