Sponsored

ရန်ကုန်ကနေ ကျောက်ဖြူကို ထွက်လာတဲ့ ခရီးသည်တင်ယာဉ်တစ်စီး ရမ်းဗြဲမြို့နယ်ထဲအရောက် ချောက်ထဲကျ တိမ်းမှောက်ခဲ့တာကြောင့် ကလေးနှစ်ဦးအပါအဝင် လေးဦး သေဆုံးခဲ့ပါတယ်။

ကလေးနှစ်ဦးနဲ့ အမျိုးသားနှစ်ဦးရဲ့ အလောင်းလေးလောင်းကို ရထားပြီဖြစ်ပြီး ဒဏ်ရာရသူလည်း အယောက် ၂၀ လောက်ရှိတယ်လို့ အဲဒီကားပေါ်မှာပါလာတဲ့ ရီးသည်တစ်ဦးက ပြောပါတယ်။

ရမ်းဗြဲမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး

လက်ရှိတော့ ချောက်ထဲကကားကို ဆွဲတင်ဖို့ ပြင်ဆင်နေပြီး ကားဆွဲတင်ပြီးမှပဲ နောက်ထပ် သေဆုံးသူရှိ၊ မရှိကို အသေးစိတ်သိရမယ်လို့ ရမ်းဗြဲမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး မောင်မောင် ကပြောပါတယ်။

Sponsored

အဲဒီ မျိုးဆက်သစ် ခရီးသည်တင်ယဉ်တိမ်းမှောက်မှုဟာ ဒီကနေ့ ဇန်နဝါရီ ၂၀ ရက် မနက် ၄ နာရီကျော်လောက်က ဖြစ်ပွားခဲ့တာပါ။

Source: ရမ်းဗြဲမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *