Sponsored

ပရိသတ်ကြီးရေ ဗုဒ္ဓဘာသာဟာ ကမ္ဘာပေါ်မှာရှိတဲ့ ကိုးကွယ်ယုံကြည်ရာ ဘာသာကြီးတွေထဲက ဘာသာတစ်ခုပါ…ခုဆိုရင် ဗုဒ္ဓဘာသာဟာ မြန်မာနဲ့ အာရှနိုင်ငံတွေမှာသာမက ဥရောပ အာဖရိကထိ ပြန့်ပွားလာပြီဖြစ်ပြီး
တရားအားထုတ်သူတွေ ကိုးကွယ်ယုံကြည်သူတွေများလာပြီ ဖြစ်ပါတယ်…။

@Facebook

ခုဖော်ပြမယ့် သတင်းလေးကလည်း ကမ္ဘာ့နိုင်ငံပေါင်း ၁၆ နိုင်ငံစုပေါင်းပြီးတော့ ဝိပဿနာတရားစခန်းပွဲနဲ့ ငွေပဒေသာပင်ဆပ်ကပ် လှူဒါန်းပွဲကြီးကို စည်ကားသိုက်မြိုက်စွာကျင်းပလိုက်တဲ့ သတင်းလေးပဲဖြစ်ပါတယ်….။

အဆိုပါ နိုင်ငံတွေကတော့… အမေရိကန် အိန္ဒိယ နီပေါ ပိုလန် ရုရှား တောင်ကိုးရီးယား ဥဇဘကစ္စတန် အင်ဒိုနီးရှား မလေးရှား ဆီးရီးယား ဟန်ဂေရီ မော်လဂို ဘင်္ဂလာဒေ့ရှ် ဘူဂါရီးယား တရုတ် ထိုင်း
သီရိလင်္ကာ နိုင်ငံတို့ပဲဖြစ်ပါတယ်…။

Sponsored
@Facebook

ဒါ့အပြင် မြန်မာပြည်က ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ဘုန်းတော်ကြီးတွေနဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ မှတ်ချက်စကားလေးတွေကိုလည်း စုစည်းဖော်ပြလိုက်ပါတယ်နော်…။

မြန်မာပြည်က သံဃာတွေလခမယူပဲ ကြိုးစားလိုက်ကြတာ…စာတွေ ကြိုးစားသင်ပေးကြတယ်..တရားတွေ ပြကြတယ်..မေးချင်တာ မေးလို့ရတယ်..ဘာမှ မယူဘူး အံ့သြတယ်။(ဗီယက်နမ်ဘုန်းကြီး)

@Facebook

မြန်မာဘုန်းကြီးတွေကလေးဘဝထဲကပါဠိစာပေ ကျွမ်းကြတယ်။ ကျွန်တော်တို့က အသက်ကြီးမှသက္ကတ သင်ရတာ။(အိန္ဒိယပါမောက္ခ သက္ကတပညာရှင်)

မြန်မာနိုင်ငံရှိလို့ ပိဋကတ်စာပေခြေခြေမြစ်မြစ် ပိုင်ပိုင်နိုင်နိုင်သင်ခွင့်ရတာငါတို့ ကံကောင်းတယ်။(ထေရဝါဒ ၅ နိုင်ငံ သံဃာတော်များ)

@Facebook

မြန်မာပြည်မှာတရားထိုင်ရတာ အဆင်ပြေတယ်…အတွင်းကျကျ နားလည်တယ်…ဒါ့ကြောင့်နှစ်တိုင်း တရားလာအားထုတ်တာ။(အင်္ဂလန် ဒကာတဦး)
မြန်မာပြည်မှာဘုရားရှိတယ် တရားရှိတယ် တရားပြမဲ့ သံဃာရှိတယ်…စိတ်အေးချမ်းလို့ မြန်မာပြည်မှာ အမြဲနေတော့တာ။(အမေရိကန် ဒကာတဦး)

@Facebook

မြန်မာပြည် ရောက်ဖူးချင်တယ်၊ ဘာဖြစ်လို့ဆိုတော့ လယ်တီဆရာတော်ကြီးတရားအားထုတ်တဲ့နေရာကိုရောက်ဖူးချင်လို့။ လယ်တီဆရာတော်ရဲ့ တရားတွေကြောင့် ဘဝဟာ ငြိမ်းချမ်းသွားတာ။(အိန္ဒိယ ဦးဂိုအင်ဂါ တပည့်များ)

မြန်မာပြည် မရောက်ဖူးဘူး…ဖားအောက်တော့ ကြားဖူးတယ်…ငါတို့နိုင်ငံသားတွေ သွားကြတယ်..ငါလည်း မြန်မာပြည်ရောက်ရင်ဖားအောက်ရိပ်သာ သွားပြီး တရားအားထုတ်ချင်တယ်။(တောင်ကိုးရီးယားကျောင်းသူ)

@Facebook

ဒါကြောင့် ဗုဒ္ဓဘာသာဝင်ပရိသတ်ကြီးတို့လည်း ဒီသတင်းလေးဖတ်ပြီး ဂုဏ်ယူနိုင်အောင် သာဓုခေါ်နိုင်အောင် ပြန်လည်မျှဝေလိုက်ပါတယ်နော်..

Source ; အရှင်သီဟဉာဏာဘိဝံသ

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *