(၁၈)ရာစုက ေဆးစိမ္ခံအမ်ိဳးသားလိင္တံကို လန္ဒန္ၿမိဳ႕ျပတိုက္မွာ ထုတ္ေဖာ္ျပသ

thesun.co.uk

အေနာက္ႏိုင္ငံေတြဟာ ဖြံ႕ၿဖိဳးတိုးတက္ၿပီးသားႏိုင္ငံေတြျဖစ္သလို ေပါက္ေပါက္ရွာရွာကိစၥေတြကိုလည္း ျပဳလုပ္တတ္တဲ့
ဓေလ့လည္းရွိပါတယ္။ အခုလည္း လန္ဒန္ၿမိဳ႕က The Viktor Wynedျပတိုက္မွာ ၾကာရွည္ခံေအာင္ေဆးနဲ႔ျပဳျပင္ထား
တဲ့ (၁၈)ရာစုက အမ်ိဳးသားလိင္တံ အေျခာက္တစ္ေခ်ာင္းကို ထုတ္ေဖာ္ျပသထားခဲ့ပါတယ္။

thesun.co.uk

အဆိုပါ ေဆးစိမ္ခံ အမ်ိဳးသားလိင္တံအေျခာက္ဟာ (၇)လက္မရွည္ၿပီး (၁၈)ရာစုက အမ်ိဳးသားတစ္ဦးရဲ႕ အဂၤါျဖစ္တယ္ လို႔သိရပါတယ္။ Fine Art & Natural History အဖြဲ႕အစည္းက အဆိုပါေဆးစိမ္ခံလိင္တံကို The Viktor Wynedျပတိုက္မွာ တစ္ႏွစ္ပတ္လုံး ထုတ္ေဖာ္ျပသထားမွာျဖစ္ၿပီး တစ္ႏွစ္ျပသထားခြင့္စရိတ္မွာ ကန္ေဒၚလာ (၃၂၀၀)ကုန္က်တယ္လို႔ သိရပါတယ္။

thesun.co.uk

The Viktor Wyned ျပတိုက္မွဴး ျဖစ္သူ Viktor Wynedက ” ဒီ ေဆးစိမ္ခံအမ်ိဳးသားလိင္တံဟာ (၁၈)ရာစုက အမ်ိဳးသားတစ္ဦးရဲ႕ အဂၤါျဖစ္ပါတယ္။ ဒါကို သိတဲ့သူနည္းနည္းပဲရွိပါတယ္”လို႔ေျပာခဲ့ပါတယ္။ ဒါ့အျပင္  Viktor Wynedက ေရွးရာစုေတြက ယွဥ္ေက်းမႈေတြမွာ လူခႏၶာကိုယ္ရဲ႕အစိတ္အပိုင္းေတြကို ၾကာရွည္ေအာင္ေဆးစိမ္ခံၿပီး
ပဥၥလတ္ဆန္တဲ့ပစၥည္းေတြျပဳလုပ္ေလ့ရွိေၾကာင္းလည္း ေျပာဆိုခဲ့ပါတယ္။

thesun.co.uk

သူက ”ေရွးရာစုေတြမွာ လူေတြရဲ႕ခႏၶာကိုယ္အစိတ္အပိုင္းေတြကို အာဏာပါးကြက္သားေတြက ဆုလဒ္အျဖစ္နဲ႔ ရတတ္
ၾကပါတယ္။ အဲဒီအစိတ္အပိုင္းေတြကို ေဆးရည္စိမ္ၾကၿပီး ပဥၥလတ္ဆန္တဲ့ ပစၥည္းေတြ ျပဳလုပ္ၾကပါတယ္။ ဥပမာျပရရင္
”Hands of Glory” လက္ျပတိုက္ရွိပါတယ္။ အဲဒီမွာ ေရွးေခတ္က ၾကာရွည္ေအာင္ေဆးနဲ႔ျပဳျပင္ထားတဲ့ သမိုင္း၀င္
လက္ေတြကိုေတြ႕ရမွာပါ”လို႔ ေျပာခဲ့ပါတယ္။

Source: The Sun
Via: Shwemom


#Unicode Version

အနောက်နိုင်ငံတွေဟာ ဖွံ့ဖြိုးတိုးတက်ပြီးသားနိုင်ငံတွေဖြစ်သလို ပေါက်ပေါက်ရှာရှာကိစ္စတွေကိုလည်း ပြုလုပ်တတ်တဲ့
ဓလေ့လည်းရှိပါတယ်။ အခုလည်း လန်ဒန်မြို့က The Viktor Wynedပြတိုက်မှာ ကြာရှည်ခံအောင်ဆေးနဲ့ပြုပြင်ထား
တဲ့ (၁၈)ရာစုက အမျိုးသားလိင်တံ အခြောက်တစ်ချောင်းကို ထုတ်ဖော်ပြသထားခဲ့ပါတယ်။

thesun.co.uk

အဆိုပါ ဆေးစိမ်ခံ အမျိုးသားလိင်တံအခြောက်ဟာ (၇)လက်မရှည်ပြီး (၁၈)ရာစုက အမျိုးသားတစ်ဦးရဲ့ အင်္ဂါဖြစ်တယ် လို့သိရပါတယ်။ Fine Art & Natural History အဖွဲ့အစည်းက အဆိုပါဆေးစိမ်ခံလိင်တံကို The Viktor Wynedပြတိုက်မှာ တစ်နှစ်ပတ်လုံး ထုတ်ဖော်ပြသထားမှာဖြစ်ပြီး တစ်နှစ်ပြသထားခွင့်စရိတ်မှာ ကန်ဒေါ်လာ (၃၂၀၀)ကုန်ကျတယ်လို့ သိရပါတယ်။

thesun.co.uk

The Viktor Wyned ပြတိုက်မှူး ဖြစ်သူ Viktor Wynedက ” ဒီ ဆေးစိမ်ခံအမျိုးသားလိင်တံဟာ (၁၈)ရာစုက အမျိုးသားတစ်ဦးရဲ့ အင်္ဂါဖြစ်ပါတယ်။ ဒါကို သိတဲ့သူနည်းနည်းပဲရှိပါတယ်”လို့ပြောခဲ့ပါတယ်။ ဒါ့အပြင်  Viktor Wynedက ရှေးရာစုတွေက ယှဉ်ကျေးမှုတွေမှာ လူခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတွေကို ကြာရှည်အောင်ဆေးစိမ်ခံပြီး
ပဉ္စလတ်ဆန်တဲ့ပစ္စည်းတွေပြုလုပ်လေ့ရှိကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

thesun.co.uk

သူက ”ရှေးရာစုတွေမှာ လူတွေရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အာဏာပါးကွက်သားတွေက ဆုလဒ်အဖြစ်နဲ့ ရတတ်
ကြပါတယ်။ အဲဒီအစိတ်အပိုင်းတွေကို ဆေးရည်စိမ်ကြပြီး ပဉ္စလတ်ဆန်တဲ့ ပစ္စည်းတွေ ပြုလုပ်ကြပါတယ်။ ဥပမာပြရရင်
”Hands of Glory” လက်ပြတိုက်ရှိပါတယ်။ အဲဒီမှာ ရှေးခေတ်က ကြာရှည်အောင်ဆေးနဲ့ပြုပြင်ထားတဲ့ သမိုင်းဝင်
လက်တွေကိုတွေ့ရမှာပါ”လို့ ပြောခဲ့ပါတယ်။

Source: The Sun
Via: Shwemom