Sponsored

ဘရာဇီးဂန္တဝင် ကစားသမားရော်နယ်ဒင်ဟို ဟာ နိုင်ငံကူး လက်မှတ်အတု ကိုင်ဆောင်တဲ့အတွက် ပါရာဂွေးနိုင်ငံကို သွားရောက်ရာမှာဖမ်းဆီးခံထားရကြောင်း Goal သတင်းဌာနကဆိုပါတယ်။ ရော်နယ်ဒင်ဟို ဟာ ၂၀၀၂ ခုနှစ်က ဘရာဇီးအသင်းနဲ့အတူ ကမ္ဘာဖလား ချန်ပီယံဆု ရယူနိုင်ခဲ့သ လို ဘာစီလိုနာ၊ အေစီမီလန်တို့ လို ဥရောပထိပ်တန်းအသင်းကြီးတွေမှာ ပါဝင်ကစားခဲ့ဖူးသူ လည်းဖြစ်ပါတယ်။

ပါရာဂွေး ပြည်ထဲရေး ဝန်ကြီးက ရော်နယ်ဒင်ဟို နဲ့ သူ့ အကိုဖြစ်သူတို့ကို ပါရာဂွေးနိုင်ငံ Resort Yacht & Golf Club မှာ ဖမ်းဆီးခံထားရကြောင်း၊ ၎င်းတို့ ညီအကို နှစ်ဦးကို ပါရာဂွေး နိုင်ငံ ဟိုတယ် မှာ ပက်စပိုစ့်အတုနဲ့ အတူတွေ့ ရှိခဲ့တာ ဖြစ်ကြောင်း ပြောပါတယ်။

Sponsored

ရော်နယ်ဒင်ဟို တို့ ညီအကို နှစ်ဦးကိုပါရာဂွေး နိုင်ငံရှိ ကာစီနို ပိုင်ရှင် နယ်လ်ဆန် ဘီလော့တီက ဖိတ်ခေါ်ခဲ့ တာဖြစ် ကြောင်း ပါရာဂွေး ရဲတပ်ဖွဲ့ကဆိုပါတယ် ရော်နယ်ဒင်ဟိုဟာ ၂၀၁၈ ခုနှစ်က ဒဏ်ရိုက်ခံရတဲ့အတွက် လက်ရှိအချိန်မှာ ဘရာဇီး နိုင်ငံကူး လက်မှတ် မရှိဘဲဖြစ်နေသူဖြစ်ပါတယ်။

ရော်နယ်ဒင်ဟို နဲ့ သူရဲ့အကိုဖြစ်သူတို့ဟာ လိုင်စင်မရှိဘဲ ၂၀၁၅ ခုနှစ်က ဂူအီယာဘာ ဒေသရှိ တရားမဝင် အဆောက်အဦး တည်ဆောက်ခဲ့ရာသဘာဝ ပတ်ဝန်း ကျင်ဆိုင်ရာ ချိုးဖောက်မှုတွေ အတွက် ဒဏ်ရိုက်ခံခဲ့ရပြီး ဘရာဇီးတရားရုံး က ၂၀၁၈ ခုနှစ် နိုဝင်ဘာလတုန်းက ရော်နယ် ဒင်ဟိုတို့ ညီအကိုနှစ်ဦးကို ဒဏ်ငွေ ယူရို ၈ ဒသမ ၅ သန်း ဒဏ်ရိုက်ခဲ့ပါတယ်။

ရော်နယ်ဒင်ဟိုတို့ ညီအကို နှစ်ဦး ဟာ ဒဏ်ကြေးပေးဆောင်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ဘရာဇီး တရားရုံးချုပ်က ၎င်းတို့ ညီအကို နှစ်ဦးကို နိုင်ငံအတွင်းက ထွက်ခွာခွင့် ပိတ်သိမ်းခဲ့ပြီး နိုင်ငံကူး လက်မှတ်သိမ်းဆည်းခဲ့ကြောင်းသိရပါတယ်။ နိုင်ငံအတွင်း က ထွက်ခွာခွင့် ပိတ်သိမ်းခံရ ပေမယ့် ရော်နယ်ဒင်ဟို ဟာ ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလတုန်းက ခရီးသွား လုပ်ငန်းတိုးတက်စေဖို့ သံတမန် အသစ်အဖြစ်ခန့် အပ်ခံထားရသူလည်းဖြစ်ပါတယ်။

Writer_Zego(thelifestylemyanmar)

 

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *