Sponsored

ပထမပိုင်းမှာ ပွဲက အေးနေသလောက် ဒုတိယပိုင်းကတော့ အကြိတ်အနယ်ရှိခဲ့ပြီး ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့အထိ ရည်မှန်းနေတဲ့ ပီအက်စ်ဂျီဟာ ဒေါ့မွန်ကို ၂-၁ ဂိုးနဲ့အရေးနိမ့်သွားပါတယ်။

ဒီပွဲမှာ ဒေါ့မွန်အတွက် ၂ဂိုးစလုံးသွင်းယူနိုင်ခဲ့တဲ့ ဟာလန်းဟာ သူ့ရဲ့ပထမဆုံးချန်ပီယံလိဂ် ၇ပွဲကနေ ၁၀ဂိုးအထိ သွင်းယူထားနိုင်ပြီဖြစ်ရာ သူ့နောက် ဒုတိယနေရာကပြိုင်ဘက်ထက် ၄ဂိုးအသာနဲ့ အဖွင့် ၇ပွဲမှာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။

Getty Images
Getty Images

နောက်ပြီး ဟာလန်းဟာ အသင်းသစ်ဒေါ့မွန်အတွက် ဘွန်ဒက်စ်လီဂါ၊ ပိုကယ်ဖလားနဲ့ ချန်ပီယံလိဂ်ပွဲဦးထွက်တွေမှာ ဂိုးတွေအသီးသီးသွင်းယူနိုင်ခဲ့ပြီး ပီအက်စ်ဂျီကတော့ ပြင်သစ်မြေမှာ အနည်းဆုံး ၁-၀ ဂိုးနဲ့အနိုင်ရဖို့ အရေးတကြီးလိုအပ်သွားခဲ့ပါတယ်။

Sponsored
Getty Images

မက်ပီရဲ့ဖန်တီးမှုကနေ နေမာက အဖိုးတန်အဝေးဂိုးသွင်းယူနိုင်ခဲ့ပေမယ့် သူတို့နှစ်ယောက်စလုံး မျှော်လင့်ထားသလောက် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။

Source: Daily Mail

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *