Sponsored

ကမ္ဘာကျော် ရှေ့ဖြစ်တွေကို ဟောခဲ့တဲ့ ဘူဂေးရီးယားနိုင်ငံသူ ဘာဘာဗန်ဂါ တစ်ယောက်ကိုတော့ အင်တာနက် အသုံးပြုသူတော်တော်များများ သိကြပါတယ်။

တစ်ခါတစ်လေမှာ ရှေ့ဖြစ်ဟောကိန်းတွေဟာ မယုံချင်ပေမဲ့လည်း တစ်ကယ်ဖြစ်လာတွေ ရှိခဲ့ပါတယ်။ဒီတစ်ခေါက် ပရိသတ်တွေအတွက် နာမည်ကြီး ရှေ့ဖြစ်ဟောဆရာမ ကြီး ဘာဘာဗန်ဂါရဲ့ ထူးဆန်းတဲ့ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ သူမကတော့ သက်ရှိထင်ရှားမရှိတော့ပါဘူး လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းကတည်းက ကွယ်လွန်ခဲ့ပြီပဲဖြစ်ပါတယ်။

Getty Images

သူ့ရဲ့ မှန်ကန်တဲ့ ဟောပြောချက်တွေဖြစ်တဲ့ အမေရိကန်တို့ ညီအစ်ကိုတစ်စု သံမဏိငှက်တွေ တိုက်ခိုက်လိမ့်မယ်လို့ 9-11 ဖြစ်စဉ်မတိုင်ခင် ၁၂ ကြိုပြီး ဟောခဲ့တာပါ။ သံမဏိငှက်ဆိုတာကတော့ လေယာဉ်ပျံကို ရည်ညွှန်းတာဖြစ်တယ်လို့ ကောက်ယူကြပါတယ်။ သူမ မသေဆုံးခင် အချိန်ပိုင်းအတွင်းမှာ ၂၀၂၀ ဟောစာတမ်းကို ဟောခဲ့တယ်လို့ ဆိုပါတယ်။

Sponsored
Getty Images

ဒီဟောစာတမ်းအရ လက်ရှိ ရုရှားသမ္မတဖြစ်သူ ဗလာဒီမာ ပူတင် က ကရင်မလင် နန်းတော်က တာဝန်ထမ်းဆောင်နေသူတစ်ဦးက သတ်လို့ သေရလိမ့်မယ်လို့ ဆိုခဲ့ပြီးတော့ ၊ သမ္မတ ထရမ့်ကတော့ သေမလား နားပင်လေးမလား တစ်ခုခုဖြစ်လိမ့်မယ်လို့ သူမက ဟောခဲ့ပါတယ်။

ပြီးတော့ ဥရောပ တိုက်ဟာလည်း အစွန်းရောက် မွတ်စလင်တွေ လက်ထဲကို ကျရောက်ရလိမ့်မယ်လို့ သူမက ဟောပြောခဲ့ပြီး အစွန်းရောက်မွတ်စလင်တွေက ဓာတုလက်နက်နဲ့ တိုက်ခိုက်လိမ့်မယ်လို့ ဟောခဲ့ပါတယ်။

Getty Images

 

ဒီဟောစာတမ်းတွေကို ဗန်ဂါက ရေးခဲ့တာ၊ ဟောခဲ့တာဆိုပြီး အတည်ပြုလို့ မရကြောင်း၊ ဘာကြောင့်လဲဆိုတော့ ဗန်ဂါဟောပြောချက်တွေဆိုပြီး သူမရဲ့တပည့်အမည်ခံတွေက အမျိုးမျိုးလုပ်စားနေကြလို့ဖြစ်တယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဗန်ဂါရဲ့ဟောပြောမှုတွေလို့ ယုံကြည်နေသူတွေလည်း ရှိနေပါသေးတယ်။ အဆုံးထိ ဖတ်ရှု့ပေးတဲ့အတွက် အထူးကျေးဇူး တင်ရှိပါ တယ်။

Source: Daily Mail

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *