နို့စို့အရွယ်ကနေ ၁၀ တန်းအထိ မိဘမဲ့ကလေး ၆၅၀ ကျော် ခြုံစောင်တွေလိုအပ်နေလို့ ကူညီလှူပေးကြပါ…

@Facebook

ခုကာလက အလွန်အေးတဲ့ ဆောင်းတွင်းချိန်ခါကို ရောက်ရှိနေပါပြီ…..တချို့လူတွေက နွေးနွေးထွေးထွေးနဲ့ အိပ်စက်ခွင့်ရချိန်မှာ တချို့ကတော့ ချမ်းခိုက်တုန်ပြီး အိပ်မရဖြစ်နေကြတာပါ….ဟုတ်ပါတယ်…။

ခြုံစောင်တွေ အလှူရှင်မရှိလို့ မိဘမဲ့ကျောင်းက အယောက် ၆၅၀ ကျော်သောကလေးတွေ ပဲခူးရိုးမကဖြတ်တိုက်လာတဲ့ ဆောင်းလေအေးအောက်မှာ အရိုးခိုက်အောင်ချမ်းနေကြရရှာပါတယ်….။

@Facebook
@Facebook

ပရိသတ်ကြီးတို့သိအောင် အပြည့်အစုံလေးပြန်လည်မျှဝေလိုက်ပါတယ်…ကူညီနိုင်ရင် ကူညီပေးကြပါ….။

“နို့စို့အရွယ်ကနေ (၁၀)တန်းထိ (၆၅၀)ကျော်သောကလေးငယ်တွေအတွက် အနွေးထည်နှင့်ခြုံစောင်များ လိုအပ်နေလို့ကျေးဇူးပြုပြီးShare ပေးကြပါဦး။

အအေးဓာတ်ကလည်းတစ်ဖြေးဖြေးနဲ့ ပိုပိုလာတာနဲ့အမျှ၊အအေးဓာတ်က ပဲခူးရိုးမ တောင်ခြေဖြစ်တာနဲ့အညီ၊ စောင်မလောက်အင်္ကျအနွေးထည်မပြည့်စုံနဲ့၊နို့စို့အရွယ်မှစ(၁၀)တန်းထိ (၆၅၀)ကျော်သော သားတွေ သမီးတွေ ညညဆိုအရမ်းချမ်းမှာပဲလို့ တွေးရင်း တကယ်စိတ်မကောင်းဖြစ်မိတယ်။

@Facebook
@Facebook

ခုလည်း ပဲခူးရိုးမရဲ့ ဆောင်းအဝင်က အရိုးစိမ့်အောင်အေးတော့၊ နို့စို့အရွယ်တွေအတွက်၊ ခိုဝင်စရာမိဘရင်ခွင်ရယ်လို့ မရှိရှာလေတော့၊သူတို့လေးတွေကို နွေးထွေးမှုပေးနိုင်တာ၊အအေးဒဏ်ကို၊ကားကွယ်နိုင်မှာက၊ အလှူရှင်တွေလှူမဲ့ အင်္ကျီအနွေးထည်နှင့်၊ခြုံစောင်တွေပြည့်စုံမှအအေးဒဏ်ကို ကာကွယ်ပြီး နွေးထွေးမှုရမှာပါ။

ဒါကြောင့်….စုပေါင်း၍ဖြစ်စေ တစ်ဦးချင်းပဲဖြစ်စေမိမိတို့ နိုင်သလောက် သူတို့လေးတွေအတွက်ဖြည့်ဆည်းပေးကြပါဦးလို့၊မေတ္တာရပ်ခံရင်း။

ကိုယ်တိုင်လာရောက်၍ မလှူဒါန်းနိုင်လျှင်အရှင်ဇနာနန္ဒYGW…09790555999….09-780000085….၁၄/ဟသတ(သ)၀၀၄၈၉၅….ဘဏ်အကောင့်နံပါတ်….13730199956165701

@Facebook
@Facebook

ကမ္ဘောဇဘဏ်သို့လည်း လှူဒါန်းနိုင်ပါကြောင်း….ကမ္ဘာမြေလူသား ဒို့စွမ်းအားဖြင့် ငြိမ်းချမ်းပါစေသား။

အရှင်ဇနာနန္ဒYGW….ရန်ကုန်မန္တလေး အမြန်လမ်းသစ်ဘေး ၈၉မိုင်၅ဖာလုံ….YGW ပရဟိတမိဘမဲ့ကျောင်း ဖုန်း 09790555999….09780000085…”

ပရိသတ်ကြီးတို့လည်း အရိုးခိုက်အောင်အေးနေရှာမဲ့ကလေးလေးတွေကို ကူညီလှူဒါန်းချင်တယ်ဆိုရင် အထက်ပါဖုန်းနံပါတ်တွေကို ဆက်သွယ်လှူဒါန်းလိုက်ပါနော်…ကိုယ်တိုင်မလှူနိုင်ပေမဲ့တတ်နိုင်သူတွေလှူရအောင်လည်း ဒီစာလေးကို ပြန် Share ပေးပါအုံးနော်…။

@Facebook
@Facebook

Source ; Ko Latt