ဈေးကြီးပြီး ဆေးဖက်ဝင်တဲ့ ကြက်မဲကို တရုတ်က အတုလုပ်ပြီး ရောင်းချနေ

ကြက်မဲ

မြန်မာတွေ က ကြက်သားအမဲကို ဆေးဘက်ဝင်တယ်ဆိုလို့ မရမကရှာပြီး ဈေးကြီးပေးဝယ်ကြတယ်။

ဒါကို တရုတ်ကသိတော့ နည်းပညာနဲ့ ဆေးသုံးပြီး ကြက်ရဲ့အသားကို.မဲအောင်မွေးတယ်။ ဆေးဘက်ဝင် ကြက်သားအမဲဆိုပြီး မြန်မာတွေကို ဈေးကြီးနဲ့ပြန်ရောင်းတယ်။ မသိတဲ့ မြန်မာတွေက ဝယ်တယ်။ မွေးတဲ့တရုတ် က သူတို့မွေးတဲ့ ကြက်သားအမဲကို ပြန်မစားးဘူး။ မြန်မာအိမ်ကြက်ကို ပဲဝယ်စားတယ်။

တရုတ်က ကြက်သားကိုမဲအောင်မွေးပြီး ရောင်းနေတာမြန်မာပြည်ထဲမှာနော် ….လူသိမခံဘူး။ အခြားကြက်နဲ့ရောမွေးနေတာပါ။ ဈေးကြီးတင်ထားတာ… ပေါပေါ‌လောလော မရောင်းဘူးမဲတာမှ နက်နေအောင်မဲတာ… ဆေးရဲ့အစွမ်းပါပဲ။ ဇီဝဗေဒနည်ပညာတစ်ခုပါ။

ကြက်မဲ

ဒီလောက်ဆို ရွှေမြန်မာတို့ သိလောက်ပါပြီ။ ကြက်သားအမဲက ရောဂါမျိုးစုံပျောက်တယ်လို့ ညွန်းထားပါသေးတယ်။ ချက်ပြီးရင် တရုတ်ကလာတဲ့ ဟိုဆေးထည့် ဒီဆေးထည့်ခိုင်းပြီး ဆေးကြက်သားဆိုပြီး လုပ်လိုက်ပြန်ရော… မြန်မာတွေ မအ ကြဖို့လိုပါတယ်။မြန်မာသဘာဝ ကြက်နက်သားဆိုတာ ရှိပါတယ်။ ရှားပါတယ်… တွေဖို့ရဖို့လဲမလွယ်ပါဘူး။ ဘာရောဂါပျောက်တယ်လို့လဲ ဆေးကျမ်းတွေမှာ ညွန်းထားတာမတွေရပါ။ စာရေးသူ ဉာဏ်မမှီတာလဲ ဖြစ်ချင်ဖြစ်မှာပါ။

လိုင်းပေါ်မှာရှိကြတဲ့ မိတ်ဆွေများ အသိနဲ့ သတိဖြင့် အစာအဟာရများကို ဝယ်ယူအသုံးပြုခြင်းသာ မိသားစုကျန်းမာရေးကို စောင့်ရှောက်ရာကျပါလိမ့်မယ်။ တရုတ်အစားစာက.ကလေးစားတဲ့မုန့်ကနေ မီးဖိုချောင်သုံးပစ္စည်းတွေအထိ မြန်မာပြည်ထဲဝင်နေတာလုတိုင်းအသိပါပဲ။

ထို့ကြောင့် တရုတ်ကဆေးသုံးပြီး နည်းပညာနဲ့မွေးတဲ့ကြက်သားအနက်ကို ဝယ်စားရင်တော့ ပိုက်ဆံများများကုန်ပြီး ဗိုက်ပြည့်တာသာရှိပါလိမ့်မယ်။

(မှတ်ချက်)-ကိုယ်တိုင်မွေးတဲ့နေရာ လေ့လာပြီးမှ ရေးသားတင်ပြခြင်းသာဖြစ်ပါသည်။

ကြက်မဲ

#DrNayNawMyint
@Shoon Wati Mg

ကြက်မဲသားမှာ Antioxidant ကြွယ်ဝပြီး အောက်ပါအတိုင်း ကျန်းမာရေးကို အထောက်အကူပြုပါတယ်-

(၁) အာရုံကြောနာကျင်မှုတွေကို သက်သာစေပြီး အသီးအရွက် ထက်ကို Vitamin A ဓာတ်ပိုများခြင်းကြောင့် မျက်လုံးကို ကြည်လင်စေပါတယ်။

(၂) ‎ဝိတ်ချနေသူများနှင့် ကြွက်သားတတ်အောင် Gymဆော့နေသူများအတွက် protein ဆေးတွေ အစား Black chicken က Cholesterolလဲနည်းပြီး protein ဓာတ်များစွာပါဝင်တော့ ပိုပြီး effective ဖြစ်ပါတယ်။

(၃) Iironဓာတ်နဲ့ Calcium ဓာတ် ပြည့်ဝစွာပါဝင်သောကြောင့် အရိုးအကြောအားနည်းပြီး နှလုံးအားနည်းတဲ့ လူကြီးတွေ အတွက် အထူးသင့်လျော်ပါတယ်။

(၄) အမျိုးသမီးများအတွက်လဲ ဓမ္မတာမှန်စေပြီး နာကျင်ကိုက်ခဲမှုတွေကိုလဲ သက်သာစေပါတယ်။ ဆေးဘက်ဝင်ပါတယ်။

ကြက်မဲ

လူမမာများ၊ မီးဖွားမိခင်များ၊ အားနည်းနေသူများ၊ နလန်ထစ လူမမာများ၊ အားအင် ချို့တဲ့သူများ ကြက်မဲ တစ်ကောင်လုံး ကို ကြက်ပေါင်း၊ ကြက်ပြုတ်ရည်၊ ကြက်ပြုတ်ကျော် စသဖြင့် နည်းလမ်းတွေနဲ့ ချက်ကျွေးရင် အားအင် အမြန်ပြည့် စေပါ တယ်။ နှစ်သက်ရာ ကြက်သားချက်နည်း အမျိုးမျိုးနဲ့လည်း ချက်ပြုတ် စားသောက်နိုင်ပါတယ်။ ကြက်သားတွေထဲမှာ ကြက်မဲအသားက သဘာဝအရ ပိုချိုပြီး လေးပင်ပါတယ်။ ဆေးဖက် အဝင်ဆုံးလည်း ဖြစ်ပါတယ်။

ကြက်မဲနဲ့ သဘာဝဆေးမြစ်တွေနဲ့ ပေါင်းထားတဲ့ ပေါင်းရည်က အောက်ပါ အမျိုးသမီးရောဂါများကို သက်သာစေနိုင်ပါတယ်-

(၁) အဖြူဆင်းခြင်းများကိုသက်သာပျောက်ကင်းစေပါသည်။

(၂) မိန်းကလေးဟော်မုန်းကို ထိန်းညှိပေးပါသည်။

(၃) ရာသီသွေးမှန်ပြီး နာကျင်ကိုက်ခဲမှုကို သက်သာစေပါသည်။

(၄) ရင်/တင်ဖွံ့ဖြိုးစေပြီး အသားရေကိုကြည်လင်စေပါသည်။

ကြက်မဲ ပေါင်းရည်ကို ညအိပ်ခါနီးတိုင်း သောက်သုံးနိုင်ပါသည်။ ၁ ကောင်ကို ၄ကြိမ် သောက်သုံးနိုင်ပြီး သည်နှင့် သိသာ ကောင်းမွန်စေပါသည်။

ဆီးချို ရောဂါအတွက် ကြက်မဲ သံပုရာပေါင်း လုပ်နည်းကို ဖော်ပြ ပေးလိုက်ပါတယ်။

အတွင်းကလီစာများကို ထုတ်ပြီး သန့်စင်ထားတဲ့ဆေး ကြက်မဲကို ခေါင်း နဲ့ ခြေထောက်ဖြတ်ပြီး သံပုရာသီး ၄ လုံးကို ထက်ခြမ်း ခြမ်းပြီး ကြက်ကို ရေမြုပ်ရုံထည့် ပြီး မီးအေးအေး မှာ ၂ ထပ်ပေါင်းအိုးနဲ့ ၁ နာရီ နီးပါး ပေါင်းပါတယ်။
ဒယ်အိုး ထဲမှာ ရေထည့်ပြီး ကြက်ထည့်ထားတဲ့ အိုးကို ထည့်ပေါင်းလည်း ရပါတယ်ခင်ဗျာ။

Source: hein Mg Mg (Madaya) 09-774065629