Sponsored

7.2.2020 (သောကြာနေ့) ညနေ ၅ နာရီ ကျောင်းဆင်းပြီး အိမ်သို့ ရောက်ရောက်ချင်း ကလေးက အိမ်က သိမှာစိုးလို့ တခါမှ မလိမ်းဖူးတဲ့ ကျွန်မရဲ့ မိတ်ကပ်တွေယူလိမ်းလို့ ကျွန်မက မသင်္ကာလို့ မေးလိုက်မှ ကလေးက အကုန်ပြောပြတယ်

ဒီနေ့ကျောင်းမှာ မုန့်စားကျောင်းဆင်းချိန် သူငယ်ချင်းနဲ့ စနှောက်ရင်း တွန်းလိုက်တာ သူ့သူငယ်ချင်းက ဆရာမကို သွားတိုင်တော့ ဆရာမက ကျောကုန်းကိုရိုက်လိုက်တယ်။

@Facebook

အဲ့ဒါနဲ့ အိမ်ကသားက သူ့သူငယ်ချင်းကို မင်းကြောင့်ငါအရိုက်ခံရတာဆိုပြီး ဆဲလိုက်တယ်။ ဘေးကတစ်ယောက်ကကြားပြီး ဆရာမကို သွားတိုင်တာ ဆရာမက ကျွန်မသားရဲ့ ​ပါးနှစ်ဖက်ကို ဘယ်ပြန်ညာပြန် ဆယ်ချက်လောက်ရိုက်လိုက်တယ်ပြောပါတယ်။

Sponsored

မြင်တဲ့ သူငယ်ချင်းတွေက သနားလို့ ဝိုင်းငိုကြတယ်တဲ့။ကျွန်မလဲ စိတ်မကောင်းဖြစ်လွန်းလွန်းလို့ ငိုနေရတယ်။

@Facebook

ည ၉ နာရီမှ မျက်နှာသစ်တာတောင် နီရဲ ယောင်ကိုင်းနေတာ စစဖြစ်ချင်းဆို ဘယ်လောက်တောင်ဆိုးနေလိုက်မလဲ။

ကျွန်မပြောချင်တာ ဆရာမတစ်ယောက်က ကလေးတစ်ယောက် မလိမ္မာလို့ စကားများရန်ဖြစ်လို့ ဆုံးမတယ်ဆိုရင်တောင် တုတ်နဲ့ ရိုက်တာကို လက်ခံနိုင်တယ်။ ခုဟာက ပါးကိုရိုက်တယ်ဆိုတော့ ဘယ်လိုမှ လက်မခံနိုင်လို့ မကျေနပ်လို့ ရေးတာပါ။

@Facebook

အားလုံးသိအောင် ဝိုင်းရှဲယ်ပေးကြပါ။ နောက်ထပ် ဒီလိုအဖြစ်မျိုးထပ်မဖြစ်အောင်လို့ ထိထိရောက်ရောက် အရေးယူပေးစေခြင်ပါတယ်။

Source: Mawsi Laypyay

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *