ခ်စ္သူသက္တမ္း ၂ ႏွစ္ေလာက္မွာ ခ်စ္သူနဲ႔လမ္းခြဲလိုက္တဲ့ ေနျခည္ဦး

ခ်စ္သူနဲ႔လမ္းခြဲလိုက္တဲ့ ေနျခည္ဦး

ပရိသတ္ေတြ ရင္းႏွီးျပီးသားျဖစ္တဲ့ Beauty Blogger မင္းသမီး တေယာက္ျဖစ္တဲ့ ေနျခည္ဦးကေတာ့ သိပ္မၾကာခင္တုန္းကပဲ ပရိသတ္ေတြ အားက်ရေလာက္တဲ့ Relationship တခုကို ပိုင္ဆိုင္ထားတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း လက္ရွိမွာေတာ့ စိတ္မေကာင္းစြာနဲ႔ပဲ ေနျခည္ဦးကေတာ့ သူ႔ရဲ့ခ်စ္သူနဲ႔ ႏွစ္ဦးသေဘာတူလမ္းခြဲလိုက္တာ ျဖစ္ပါတယ္။ ေနျခည္ဦးကေတာ့ သူ႔ရဲ့ခ်စ္သူသက္တမ္း ၂ ႏွစ္ျပည့္ခါနီးမွာ လမ္းခြဲလိုက္တာ ျဖစ္ပါတယ္။

ခ်စ္သူနဲ႔လမ္းခြဲလိုက္တဲ့ ေနျခည္ဦး

ေနျခည္ဦးကေတာ့ ခ်စ္သူနဲ႔ ျပတ္သြားတဲ့ ကိစၥနဲ႔ ပတ္သက္ျပီး “ပြင့္ပြင့္လင္းလင္းေျပာရရင္ေတာ့ ဘယ္သူမွေတာ့ ဒါၾကီးကို ခ်မျပခ်င္ဘူး။ ေနျခည္ဆိုပိုျပီးေတာ့ေတာင္ ခ်မျပခ်င္ဘူး။ ဘာလုိ႔လဲဆိုေတာ့ သံေယာဇဥ္တခုက ေတာ္ေတာ္ေလး ျဖစ္လာျပီဆိုေတာ့ေလ ႏွစ္ေယာက္လံုးအတြက္ အေကာင္းဆံုးျဖစ္မယ္ထင္လို႔ လုပ္လိုက္တာပါ။ ေနျခည္ဆိုရင္ သူ႔မိဘေတြနဲ႔ သူ႔မိသားစုဝင္ေတြ ေမာင္ႏွမေတြနဲ႔လည္း ေတာ္ေတာ္ ရင္းႏွီးေနပါျပီ။

ခ်စ္သူနဲ႔လမ္းခြဲလိုက္တဲ့ ေနျခည္ဦး

ဘာေၾကာင့္ရယ္ ဘယ္သူမွားတယ္။ ဘယ္သူမွန္လည္းဆိုတာကို ေျပာမွာမဟုတ္ဘူး။ ဒါက်ေတာ့အရမ္းကို Personal ျဖစ္သြားျပီ။ ေနျခည္အခုခ်ိန္မွာ တခုခုေျပာလိုက္ရင္လည္း သူ႔ရဲ့ မိသားစုေတြေရာ သူ႔အတြက္ေရာေပါ့ တိုက္ခိုက္သလိုျဖစ္သြားမွာေတြ သို႔ေလာသို႔ေလာ ျဖစ္သြားမွာေတြ မစဥ္းစားခ်င္ပါဘူး။ ေကာင္းေကာင္းမြန္မြန္ပဲ ေနျခည္တို႔ Relationship က ျပီးသြားတာပါ။ ႏွစ္ေယာက္လံုးကေတာ့ ကိုယ္တိုးတက္ဖို႔အတြက္ပါပဲ။ အဓိကကေတာ့ အခ်စ္အေပၚမွာ တေယာက္နဲ႔ တေယာက္ ခံယူခ်က္ခ်င္းမတူေတာ့လို႔ ေနျခည္တို႔ လမ္းခြဲလိုက္တာပါ

ခ်စ္သူနဲ႔လမ္းခြဲလိုက္တဲ့ ေနျခည္ဦး

ေနျခည္တို႔ အခ်စ္သက္တမ္း ဘယ္ေလာက္မွာ ျပတ္သြားတာလဲဆိုတဲ့ အေပၚမွာေတာ့ “၂ ႏွစ္ျပည့္ခါနီးေပါ့။ ဒီကိစၥအတြက္ သူေရာ ေနျခည္ေရာ ေနာင္တ မရပါဘူး။ အခုခ်ိန္မွာေတာ့ အရမ္းခံစားရတာေပါ့။ ဒါေပမယ့္လည္း သူသြားမယ့္လမ္းနဲ႔ ေနျခည္သြားမယ့္ လမ္း ႏွစ္ေယာက္လံုးအတြက္ အဆင္ေျပဆံုးပါ။ ခုကေတာ့ တေယာက္ထဲျဖစ္ေနေတ့ာ မန္ေနဂ်ာက အလုပ္ေတြ ဇြတ္ခိုင္းေတာ့တာေပါ့။ အခုခ်ိန္ကေတာ့ အဆင္ေျပပါတယ္။ ဒါေပမယ့္လည္း ေနျခည္တို႔အေၾကာင္းေလးေတြကေတာ့ ေဖ့ဘုတ္ေပၚမွာေတြ႔ေနရမွာေပါ့။ ေနျခည္တို႔ အမုန္းနဲ႔ လမ္းခြဲလိုက္တာ မဟုတ္ပါဘူး။ ေနျခည့္ကို ပိုခ်စ္ပါလို႔ ေျပာခ်င္ပါတယ္” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

Source: Myanmar Celebrity


#Unicode version

ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ Beauty Blogger မင်းသမီး တယောက်ဖြစ်တဲ့ နေခြည်ဦးကတော့ သိပ်မကြာခင်တုန်းကပဲ ပရိသတ်တွေ အားကျရလောက်တဲ့ Relationship တခုကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာတော့ စိတ်မကောင်းစွာနဲ့ပဲ နေခြည်ဦးကတော့ သူ့ရဲ့ချစ်သူနဲ့ နှစ်ဦးသဘောတူလမ်းခွဲလိုက်တာ ဖြစ်ပါတယ်။ နေခြည်ဦးကတော့ သူ့ရဲ့ချစ်သူသက်တမ်း ၂ နှစ်ပြည့်ခါနီးမှာ လမ်းခွဲလိုက်တာ ဖြစ်ပါတယ်။

နေခြည်ဦးကတော့ ချစ်သူနဲ့ ပြတ်သွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး “ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဘယ်သူမှတော့ ဒါကြီးကို ချမပြချင်ဘူး။ နေခြည်ဆိုပိုပြီးတော့တောင် ချမပြချင်ဘူး။ ဘာလို့လဲဆိုတော့ သံယောဇဉ်တခုက တော်တော်လေး ဖြစ်လာပြီဆိုတော့လေ နှစ်ယောက်လုံးအတွက် အကောင်းဆုံးဖြစ်မယ်ထင်လို့ လုပ်လိုက်တာပါ။ နေခြည်ဆိုရင် သူ့မိဘတွေနဲ့ သူ့မိသားစုဝင်တွေ မောင်နှမတွေနဲ့လည်း တော်တော် ရင်းနှီးနေပါပြီ။

ဘာကြောင့်ရယ် ဘယ်သူမှားတယ်။ ဘယ်သူမှန်လည်းဆိုတာကို ပြောမှာမဟုတ်ဘူး။ ဒါကျတော့အရမ်းကို Personal ဖြစ်သွားပြီ။ နေခြည်အခုချိန်မှာ တခုခုပြောလိုက်ရင်လည်း သူ့ရဲ့ မိသားစုတွေရော သူ့အတွက်ရောပေါ့ တိုက်ခိုက်သလိုဖြစ်သွားမှာတွေ သို့လောသို့လော ဖြစ်သွားမှာတွေ မစဉ်းစားချင်ပါဘူး။ ကောင်းကောင်းမွန်မွန်ပဲ နေခြည်တို့ Relationship က ပြီးသွားတာပါ။ နှစ်ယောက်လုံးကတော့ ကိုယ်တိုးတက်ဖို့အတွက်ပါပဲ။ အဓိကကတော့ အချစ်အပေါ်မှာ တယောက်နဲ့ တယောက် ခံယူချက်ချင်းမတူတော့လို့ နေခြည်တို့ လမ်းခွဲလိုက်တာပါ”

နေခြည်တို့ အချစ်သက်တမ်း ဘယ်လောက်မှာ ပြတ်သွားတာလဲဆိုတဲ့ အပေါ်မှာတော့ “၂ နှစ်ပြည့်ခါနီးပေါ့။ ဒီကိစ္စအတွက် သူရော နေခြည်ရော နောင်တ မရပါဘူး။ အခုချိန်မှာတော့ အရမ်းခံစားရတာပေါ့။ ဒါပေမယ့်လည်း သူသွားမယ့်လမ်းနဲ့ နေခြည်သွားမယ့် လမ်း နှစ်ယောက်လုံးအတွက် အဆင်ပြေဆုံးပါ။ ခုကတော့ တယောက်ထဲဖြစ်နေတေ့ာ မန်နေဂျာက အလုပ်တွေ ဇွတ်ခိုင်းတော့တာပေါ့။ အခုချိန်ကတော့ အဆင်ပြေပါတယ်။ ဒါပေမယ့်လည်း နေခြည်တို့အကြောင်းလေးတွေကတော့ ဖေ့ဘုတ်ပေါ်မှာတွေ့နေရမှာပေါ့။ နေခြည်တို့ အမုန်းနဲ့ လမ်းခွဲလိုက်တာ မဟုတ်ပါဘူး။ နေခြည့်ကို ပိုချစ်ပါလို့ ပြောချင်ပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။

Source: Myanmar Celebrity