Sponsored

ဘာစီလိုနာအသင်းဟာ ဗလင်စီယာနဲ့ ကစားသွားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ၂ဂိုး ဂိုးမရှိနဲ့ ရူံးနိမ့် ခဲ့ရ ပြီး နည်းပြသစ်ဆက်တီယန်အတွက် ပထမဆုံးရူံးပွဲကြုံတွေ့ခဲ့ရပါတယ်။

ဗယ်ဗာဒီရဲ့နေရာမှာ အစားထိုး တာဝန်ယူခဲ့တဲ့ ဆက်တီယန်ဟာ အဖွင့် ၂ပွဲဖြစ်တဲ့ ဂရန်နာဒါ၊ယူဒီအီဘက်ဇာ အသင်းတွေနဲ့ ပွဲတွေ မှာ ပွတ်ကာသီကာ အနိုင်ရခဲ့ပေမယ့်လည်း တတိယမြောက်ပွဲစဉ်မှာ ဗလင်စီယာအသင်းကို မယှဉ်နိုင်ဘဲ အရူံးပေးခဲ့ရတာဖြစ်ပါတယ်။ ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာတော့ ကစားသမားတွေ အနေနဲ့ မိမိ ရဲ့ နည်းစနစ်ပိုင်းနဲ့ ပတ်သက်ပြီး ကောင်းကောင်းနားလည်သဘောပေါက်ခြင်းမရှိသေးတာကြောင့် ဖြစ်တယ်လို့ ရှင်းပြသွားခဲ့တာဖြစ်ပါတယ်။

Getty Images

ဘာစီလိုနာနည်းပြ သစ် ဆက်တီယန်က ပြောကြားရာမှာတော့ “ဒီရူံးပွဲက စိတ်ဓာတ်ပိုင်းနဲ့ ပတ်သက်တဲ့ ပြဿနာကြောင့်မဟုတ်ပါဘူး။ ကျွန်တော်တို့ အကောင်းဆုံး မကစားနိုင်ခဲ့ ဘူး။ ကျွန်တော်တို့ ဘယ်လုပ်ရမှန်းမသိတဲ့ အတွေးတွေနဲ့ ဘောလုံးပေးပို့မူတွေပဲအများကြီးလုပ်ခဲ့ တယ်။သူ တို့ရဲ့ ကစားပုံကို လူပ်ခါရုံပဲရှိခဲ့တယ်။ ကစားသမားတွေအနေနဲ့ နည်းစနစ် ကစားကွက်နဲ့ ပတ်သက်ပြီး နားလည်းမူ အားနည်းနေဆဲ ဖြစ်နိုင်သလို အကောင်းဆုံး လေ့ကျင့်မူ မလုပ်နိုင်သေးတာကြောင့် လည်း ဖြစ်နိုင်ပါတယ်” လို့ နည်းပြ ဆက်တီယန်က ပြောပြသွားခဲ့တာဖြစ်ပါတယ်။

Sponsored
Getty Images

ဘာစီလိုနာအသင်းဟာ တိုက်စစ်ပိုင်းမှာ ဆွာရက်ဇ် ပါဝင်ကစားနိုင်းခြင်းမရှိသလို တောင်ပံ တိုက်စစ် ကစားသမားဒမ်ဘီလီလည်း ဒဏ်ရာရနေတာကြောင့် ဆက်လွဲ လွဲချော်ခဲ့ရတာဖြစ်ပါတယ်။ဘာစီလို နာ ကွင်းလယ်လူဘူးစကွက်ကတော့ ရူံးပွဲတွေ့ခဲ့ရပေမယ့်လည်း ဒုတိယပိုင်းမှာ အကောင်းဆုံး ကစားနိုင် ခဲ့ ပြီး အခွင့်အရေးတွေလွဲချော်ခဲ့လို့သာ ရူံးနိမ့်ခဲ့ရတာဖြစ်တယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

Getty Images

ဘာစီလိုနာ အသင်းဟာ ဒီပွဲအရူံးကြောင့် ရီးယဲလ်မက်ဒရစ်ထက် တစ်ပွဲပိုကစားပြီး ရမှတ်တူ အနေအထား ကို ရောက်ရှိသွားခဲ့ပါတယ်။

Jack ( Sports Reader )

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *