Sponsored

ဧရာဝတီလင်းပိုင်ဆိုတာ ရုပ်ကိုကချစ်စရာလေး။ ပြုံးတုန်းတုန်း မျက်နှာလေးနဲ့။ တခြားလင်းပိုင်တွေနဲ့ မတူဘူး။

ရေချိုလင်းပိုင်တွေထဲ နိုင်ငံတကာက စိတ်ဝင်စားမှု အများကြီးရှိခဲ့လို့ သတင်းဌာနတွေ က documentary တွေ ရိုက်ကြရတာ။

@Facebook

ဧရာဝတီလင်းပိုင်ရဲ့ ထူးခြားချက်က တံငါသည်တွေ ငါးဖမ်းတဲ့အခါ ဝိုင်းကူဖမ်းပေးတာ။ တံငါသည်က လှေနံရံကို ဒုတ်ကလေးနဲ့ ခေါက်ပီးခေါ်ရင် ရောက်လာတတ်တယ်။

Sponsored

အဲဒီအခါတံငါသည် နှင့် လင်းပိုင်နားလည်မှုယူပီး လင်းပိုင်က အမြီးနဲ့ အချက်ပြတယ်။ ရေထဲက ငါးတွေကို တံငါသည်ရှိရာ မောင်းပို့/ခြောက်ပို့ တယ်။

ဘယ်နားရောက်နေဘီဆိုတပါ အမြီးလေးတထောင်ထောင်နဲ့ ရေထဲက အချက်ပြတာ။ အဲဒီမှာ တံငါက ကွန်ပစ်ပီး ငါးဖမ်းတယ်။

@Facebook

ပိုက်ကွန်ထဲ မိတဲ့ငါးတွေထဲက ၂ ကောင် ၃ ကောင်ကို လင်းပိုင်စားဖို့ဆိုပီး ပြန်ကျွေးတယ်။

လူနဲ့ သိပ်ယဉ်ပါးတဲ့ ရေချိုလင်းပိုင်ပေါ့။ ပီးခဲ့တဲ့ ၃-၄ နှစ်က ဧရာဝတီလင်းပိုင်အရေတွက်တိုးလာတယ်လို့ ဖတ်လိုက်ရသေးတယ်။

Ayyarwaddy Dolphin Conservation တွေလည်း WWF ကလား ဘယ်အဖွ့ကလည်းမသိ အတော်ကြီးလုပ်လိုက်ကြသေးတာ။

ဧရာဝတီလင်းပိုင်ဟာ မြန်မာတွေရဲ့ အမှတ်သညာဖြစ်ပါတယ်။ အစောဦးပိုင်း ဧရာဝတီမြစ်ထဲတွေ့တယ်၊ အင်ဒိုနီးရှားရဲ့ ဘော်နီယိုကျွန်း နှင့် မဲခေါင်မြစ်ထဲ တွေ့တယ်။

ဒါပေမယ့် မဲခေါင်မြစ်ထဲမှာ မတွေ့ရသလောက်ရှားပါးသွားပါဘီ။ ထိမ်းသိမ်းစောင့်ရှောက်မှုတွေ မလုပ်နိုင်ရင် မြန်မာတို့ရဲ့ ဧရာဝတီမြစ်ထဲ လုံးဝရှာမတွေ့ရတော့တဲ့
ဧရာဝတီလင်းပိုင်ဖြစ်ဖို့နေပါဦးမယ်။

@Facebook

ခုတွေ့ရတဲ့ ပုံအရဆို အမြီးက သွေးတွေ ကျနေတာကြောင့် လတ်လတ်ဆတ်ဆတ် အသတ်ခံလိုက်ရပုံပါဘဲ။

ပိုက်ကွန်ထဲမိတာ ဖြစ်ချင်ဖြစ်မယ် ဒါပေမယ့် ပြန်မလွတ်ဘဲ သတ်ဖြတ်လိုကိကြပုံပါဘဲ။ လူမပြောနဲ့ ရေချိုလင်းပိုင်တောင် မြန်မာနိုင်ငံမှာ လာဖြစ်ရတာ အကာကွယ်မဲ့ ကံဆိုးရှာတယ်ပြောရမယ်။

Source: Zaw Phyo Lin

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *