Sponsored

ပြီးခဲ့တဲ့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲရဲ့ စတားတယောက်ဖြစ်တဲ့ အသက်အငယ် ဆုံး ပြိုင်ပွဲဝင် အေးမြဖြူဟာ ‘ချစ်ခင်စမှော်ရုံ’အမည်ရတဲ့ ရုပ်ရှင်ကားထဲမှာ ပါဝင်သရုပ် ဆောင်တော့မှာ ဖြစ်ပါတယ်။

တော်ဝင်မင်းသားရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်တဲ့ ဒီရုပ်ရှင်ကားဟာ စာရေးဆရာ မောင်ဝဏ္ဏရဲ့ ဝတ္ထုကို ရုပ်ရှင်အနေနဲ့ ရိုက်ကူးမှာဖြစ်ပြီး ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ ဏ ကြီးက ရိုက်ကူးပုံဖော်ပေးသွားမှာ ဖြစ်ပါတယ်။

‘ချစ်ခင်စမှော်ရုံ’ရုပ်ရှင်ကား

ဒီကားထဲမှာတော့ အေးမြဖြူက သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ဒေါင်း၊ ကျော်ထက်အောင်၊ မိုးဟေကို၊ ပိုင်ဖြိုးသုတို့နဲ့အတူ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ် ပါတယ်။

Sponsored

သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ ခုလိုရေးသား ပြီး ပရိသတ်တွေကို အသိပေးမျှဝေထားခဲ့တာ ဖြစ်ပါတယ်။

အေးမြဖြူ

ကဲ သတင်းကောင်းလေးလာပါပြီ။ တော်ဝင်မင်းသားရုပ်ရှင်ထုတ်လုပ်ရေးက ရိုက် ကူးမယ့် **ချစ်ခင်စမှော်ရုံ**ရုပ်ရှင်ဇာတ်ကားကြီးမှာ မိုးသိုလေး ပါဝင်သရုပ်ဆောင်သွားမှာပါရှင်

မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲမှာ Blind Audition အဆင့်ကနေ နောက်ဆုံး Grand Final အဆင့်ထိ တက်လှမ်းနိုင်ခဲ့တဲ့ အေးမြဖြူဟာ အသက်အငယ်ဆုံး ပြိုင်ပွဲဝင်တဦးလည်းဖြစ်ပြီး သူ့ရဲ့ အရွယ်နဲ့ မလိုက်အောင် ပညာသားပါပါ ရွေးချယ်သီ ဆိုတဲ့ သီချင်းတွေကြောင့်လည်း ပြိုင်ပွဲဝင်တွေကြား ထင်ရှားသူတဦး ဖြစ်နေတာပါ။

အေးမြဖြူ

အသက် ၉ နှစ်အရွယ်လောက်ကတည်းက Starlet’s Sky – ကြယ်ကလေးတွေရဲ့ ဂီတမိုးကောင်းကင်သီချင်းဆိုပြိုင်ပွဲမှတဆင့် Myanmar Idol ရဲ့ စင်မြင့်ဆီကို တက်လှမ်း လာခဲ့တဲ့ အေးမြဖြူဟာ အရင်ကတည်းက ကလေးသရုပ်ဆောင်အနေနဲ့ ပါဝင်သရုပ် ဆောင်ခဲ့ဖူးသူ တဉီးလည်း ဖြစ်ပါတယ်။

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *