Sponsored

မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲကြီးက မြန်မာနိုင်ငံရှိ အဆိုပြိုင်ပွဲတွေထဲမှာ ပရိသတ်တွေ စိတ်ဝင်စားမှုကို လက်တလောမှာ ရရှိထားတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။

မြန်မာအိုင်ဒေါ ပြိုင်ပွဲဝင်တွေဟာ ပြိုင်ပွဲပြီးဆုံးချိန်မှာ အားပေးသူ Fan အများအပြားကို ပိုင်ဆိုင်ရရှိသွားတာကလည်း မြန်မာအိုင်ဒေါပြိုင်ပွဲရဲ့ အားသာချက်တစ်ခုပဲဖြစ်ပါတယ်။ Season-3 ရဲ့ ဝင်းနားဆုရှင် ဖြိုးမြတ်အောင်တစ်ယောက်လည်း မြန်မာတစ်နိုင်ငံလုံးနီးပါးရဲ့ အားပေးထောက်ခံမှုကို အကြိတ်အနယ်ရရှိခဲ့တာပါ။

ဖြိုးမြတ်အောင်နဲ့ အေးမြဖြူ

မကြာသေးခင်က ပြီးဆုံးခဲ့တဲ့ Season-4 မှာတော့ မြန်မာသံတေးသီချင်းတွေကို ပိုင်ပိုင်နိုင်နိုင်သီဆိုနိုင်ခဲ့တဲ့ အေးမြဖြူက Grand Final ထိ တက်ရောက်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ Winner ဆုနဲ့ လွဲချော်ခဲ့ပေမယ့် တစ်နိုင်ငံလုံးက ပေးတဲ့ Winner ဆုကို ရရှိခဲ့သူက အေးမြဖြူပါဆိုပြီး ချီးမွမ်းခံခဲ့ရလောက်တဲ့အထိ ပရိသတ်တွေ အများအပြားရရှိခဲ့တာပါ။

Sponsored
ဖြိုးမြတ်အောင်နဲ့ အေးမြဖြူ

မြန်မာအိုင်ဒေါပြိုင်ပွဲကြီးပြီးဆုံးသွားချိန်မှာတော့ ရှိုးပွဲတွေ လက်ခံရရှိခဲ့တဲ့ အေးမြဖြူက သဲတော၊ ဝမ်းတွင်း လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပွဲမှာ သီဆိုဖျော်ဖြေခွင့်ရရှိခဲ့ပါတယ်။ ဒီရှိုးပွဲမှာတော့ အေးမြဖြူနဲ့အတူ မြန်မာအိုင်ဒေါက အနုပညာမောင်နှမတစ်ဦးဖြစ်သူ ဖြိုးမြတ်အောင်လည်း ပါဝင်ခဲ့တာပါ။

အေးမြဖြူ
အေးမြဖြူ

အနုပညာမောင်နှမ (၂) ဦးဆုံတွေ့ချိန် ရိုက်ကူးထားတဲ့ ပုံရိပ်တစ်ချို့ကလည်း သူတို့ပရိသတ်တွေအတွက် ဝမ်းသာပီတိဖြစ်စေပါတယ်။ ဖြိုးမြတ်အောင်နဲ့ အေးမြဖြူတို့ရဲ့ ချစ်စရာကောင်းတဲ့ တွေ့ဆုံမှုပုံရိပ်လေးတွေကို ပရိသတ်ကြီးပါ ကြည့်ရှုနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

Source: Phyo Myat Aung’s Fb

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *