Sponsored

ဘောလုံးသမားတစ်ဦးဟာ ကမ္ဘာ့အဆင့်အတန်းအမြင့်ဆုံးလိဂ်မှာ အပတ်တိုင်းကစားနိုင်ဖို့ဆိုတာ လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။

အသက် ၃၄ နှစ်အရွယ်ကစားသမားတစ်ဦးအတွက်က ပိုလို့ ခက်ခဲပါတယ်။ဒါပေမယ့် ဂျူဗင်တပ်တိုက်စစ်မှူး ခရစ္စတီယာနိုစီရော်နယ်ဒိုကတော့ အသက်၃၄ နှစ် အရွယ်အထိ မပျက်စီးဘဲဖျက်လတ်တက်ကြွစွာနဲ့ သွင်းဂိုးတွေသွင်းယူနေဆဲဖြစ်ပါတယ်။ ဒီလို အကောင်းဆုံးပုံစံကို အသက်ကြီးတဲ့အထိ မပျက်စီးစေဖို့က ကစားသမားတိုင်းထိန်းထားနိုင်တာတော့ မဟုတ်ပါဘူး။

Getty Images

စီရော်နယ်ဒိုကတော့ အသက်ကြီးလာပေမယ့်လည်း ကွင်းထဲမှာခြေစွမ်းပြသနိုင်ဆဲဖြစ်ပြီး ကွင်းပြင်ပက နေထိုင်စားသောက်မူပုံစံတွေက သူ့ရဲ့ ခြေစွမ်းကို ဆွဲဆန့်ထားနိုင်တာလို့လည်းဆိုရမှာဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ ကွင်းပြင်ပ မှာ သူဘယ်လိုနေထိုင်စားသောက် လေ့ကျင့်တယ်ဆိုတာကို BEEN အင်စတာဂရမ်ကနေ တစ်ဆင့် ပရိသတ်တွေကို ပြသသွားခဲ့တာဖြစ်ပါတယ်။

Sponsored

စီရော်နယ်ဒိုဟာ ခန္ဓာကိုယ်ကြံ့ခိုင်စေမယ့် လေကျင့်ခန်းတွေ ကို ပြင်းပြင်းထန် လုပ်ဆောင်သလို အစား အသောက်ကိုလည်း စနစ်တကျစားသူဖြစ်ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းမှာကတည်းက စား သောက်မူနဲ့ ပတ်သက်ပြီး ကိုယ်ပိုင် အစားအသောက်စပယ်ရှယ်လစ် ဆရာဝန်တစ်ဦးကို ငှားရမ်းခဲ့ ပြီး နေ့စဉ်စားသောက်မူပုံစံကို စနစ်တကျလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Getty Images

စီရော်နယ်ဒိုဟာ အစားအစာကို နည်းနည်းနဲ့ အကြိမ်များစွာ စားသုံးသူဖြစ်ပြီး တစ်နေ့ကို ၆ကြိမ် အထိ အဟာရရှိတာတွေကိုစားသုံးပါတယ်။သူစားတဲ့အစာတွေထဲမှာ အဓိကအားဖြင့် တော့ ဂျုံကိုစားပြီး လက်ဆတ်တဲ့သစ်သီးတွေနဲ့ အဆီနည်းပါးတဲ့ အသားတွေကိုစားသုံးပါတယ်။ဒါ့အပြင် ငါးအမျိုးမျိုးကို လည်းစားသုံးပြီး အနီရောင်းအသားတွေကိုတော့ အများကြီးမစားမိဖို့ ရှောင်ရှားတယ်လို့သိရပါတယ်။ မနက်စာကိုတော့ ဝက်ပေါက်ခြောက်၊ချိစ်၊ အဆီနည်းတဲ့ ဒိန်ချဉ်၊သစ်သီးနဲ့ ထော ပတ် ပေါင်မုန့်မီး ကင်ကို စားသုံးတယ်လို့သိရပါတယ်။

Getty Images

မန်ယူနိုက်တက်အသင်းဖော်ဟောင်း အီဗရာကတော့စီရော်နယ်ဒိုရဲ့အိမ်ကို အလည်အပတ်ရောက်ဖူးသူ ဖြစ်ပြီး စီရော်နယ်ဒိုဟာ သူ့အိမ်မှာ လည်း လေ့ကျင့်ခန်းအမြဲလုပ်လေ့ရှိသူလို့လည်းချီးကျူးဖူးပါ တယ်။ အစားအသောက် ကျွမ်းကျင်သူတွေရဲ့အဆိုအရတော့ အားကစားသမားတွေအနေနဲ့ တစ်နေ့ကို အဟာရ ရှိတဲ့အစားအစာ ကို နည်းနည်းစီနဲ့ မိနစ်၉ဝခြားပြီး ၅ကြိမ်အထိစားသင့်တယ်လို့ဆိုပါတယ်။ စီရော်နယ်ဒိုဟာလည်း အစားအသောက်ကိုနည်းနည်းစီနဲ့ ၆ကြိမ်အထိစားသောက်သူဖြစ်ပြီး သူများတွေလို တစ်နေ့ကို ၈နာရီဆက်တိုက်အိပ်မယ့်အစား တစ်နေ့ကို ၅ကြိမ် တစ်နာရီ သို့ မဟုတ် နာရီဝက်ကြာ အိပ်စက်လေ့ရှိတယ်လို့လည်းသိရပါတယ်။

Jack ( Sports Reader )

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *