မဂၤလာပြဲက်င္းပၿပီး တူႏွစ္ကိုယ္ေ႐ႊလက္တြဲေတာ့မယ့္ ေအာင္သူနဲ႔ ပိုးအိအိခန္႕

Facebook

နာမည္ေက်ာ္ ေဘာလုံးသမား ေအာင္သူနဲ႔ မင္းသမီး ပိုးအိအိခန႔္တို႔ ခ်စ္သူေမာင္ႏွံဟာ ပရိသတ္ေတြၾကား စိတ္ဝင္စားမႈရရွိထားတဲ့ ခ်စ္သူစုံတြဲ တစ္တြဲျဖစ္ပါတယ္။ နယ္ပယ္မတူေပ မဲ့ ေအာင္ျမင္ေက်ာ္ၾကာသူႏွစ္ဦးျဖစ္တဲ့ အတြက္ သူတို႔ႏွစ္ဦးရဲ႕ relationship ကေတာ့ ေကာင္းလို႔ ပရိသတ္ေတြကေတာ့ သူတို႔အတြဲကိုအရမ္းခ်စ္ေန ၾကတာပါ ။

Facebook

အေကာင့္ကို ဟက္ထားတဲ့ ဟက္ကာ တစ္ေယာက္ ေၾကာင့္ တရားဝင္လက္မွတ္ေရးထိုးထားၾကတဲ့ ကိစၥကို ပရိသတ္ေတြ သိသြားခဲ့တာျဖစ္ၿပီး ပိုးအိအိခန႔္ကလည္း ေအာင္သူရဲ႕တရားဝင္ ဇနီးမယားအျဖစ္ လက္ထပ္ေပါင္းသင္းလာခဲ့တာဟာ အခုဆိုရင္ (၉) လေက်ာ္ရွိခဲ့ၿပီျဖစ္တယ္လို႔ မီဒီယာေတြကို ေျပာျပခဲ့ပါတယ္ ။

Facebook

လာမယ့္ မတ္လ ၂၆ ရက္ေန႔ကေတာ့ ေအာင္သူနဲ႔ပိုးအိအိခန္႕တို႕ရဲ႕ မဂၤလာပြဲက်င္းပမယ့္ ေန႕ေလးပဲျဖစ္ပါတယ္ ။ မတ္လ (၂၆)ရက္ေန႔၊ Western Park Ruby ျပည္သူ႔ရင္ျပင္၀င္း မွာ ညေန ၆နာရီကေန ၉နာရီအထိ မဂၤလာညစာစားပြဲကို က်င္းပျပဳ လုပ္သြားမွာ ျဖစ္တယ္ လို႔ သိရပါတယ္။ ပရိသတ္ခ်စ္ရတဲ့ အားကစားသမားနဲ႔ သရုပ္ေဆာင္ ပိုးအိအိခန္႕တို႕ရဲ႕ မဂၤလာသတင္းေလး ေၾကာင့္ ပရိသတ္ေတြကလည္း ထပ္တူထပ္မွ်ၾကည္နူးေပ်ာ္ရႊင္ရလိမ့္မယ္လို႕ ထင္ပါတယ္ေနာ္ ။

Facebook
Facebook

Source : Poe Ei Ei Khant
Via: Celegabar


#Unicode Version

မတ်လ ၂၆ရက်နေ့မှာ မင်္ဂလာပွဲကျင်းပပြီး တူနှစ်ကိုယ်ရွှေလက်တွဲတော့မယ့် အောင်သူနဲ့ ပိုးအိအိခန့်

နာမည်ကျော် ဘောလုံးသမား အောင်သူနဲ့ မင်းသမီး ပိုးအိအိခန့်တို့ ချစ်သူမောင်နှံဟာ ပရိသတ်တွေကြား စိတ်ဝင်စားမှုရရှိထားတဲ့ ချစ်သူစုံတွဲ တစ်တွဲဖြစ်ပါတယ်။ နယ်ပယ်မတူပေ မဲ့ အောင်မြင်ကျော်ကြာသူနှစ်ဦးဖြစ်တဲ့ အတွက် သူတို့နှစ်ဦးရဲ့ relationship ကတော့ ကောင်းလို့ ပရိသတ်တွေကတော့ သူတို့အတွဲကိုအရမ်းချစ်နေ ကြတာပါ ။ အကောင့်ကို ဟက်ထားတဲ့ ဟက်ကာ တစ်ယောက် ကြောင့် တရားဝင်လက်မှတ်ရေးထိုးထားကြတဲ့ ကိစ္စကို ပရိသတ်တွေ သိသွားခဲ့တာဖြစ်ပြီး ပိုးအိအိခန့်ကလည်း အောင်သူရဲ့တရားဝင် ဇနီးမယားအဖြစ် လက်ထပ်ပေါင်းသင်းလာခဲ့တာဟာ အခုဆိုရင် (၉) လကျော်ရှိခဲ့ပြီဖြစ်တယ်လို့ မီဒီယာတွေကို ပြောပြခဲ့ပါတယ် ။

လာမယ့် မတ်လ ၂၆ ရက်နေ့ကတော့ အောင်သူနဲ့ပိုးအိအိခန့်တို့ရဲ့ မင်္ဂလာပွဲကျင်းပမယ့် နေ့လေးပဲဖြစ်ပါတယ် ။ မတ်လ (၂၆)ရက်နေ့၊ Western Park Ruby ပြည်သူ့ရင်ပြင်ဝင်း မှာ ညနေ ၆နာရီကနေ ၉နာရီအထိ မင်္ဂလာညစာစားပွဲကို ကျင်းပပြု လုပ်သွားမှာ ဖြစ်တယ် လို့ သိရပါတယ်။ ပရိသတ်ချစ်ရတဲ့ အားကစားသမားနဲ့ သရုပ်ဆောင် ပိုးအိအိခန့်တို့ရဲ့ မင်္ဂလာသတင်းလေး ကြောင့် ပရိသတ်တွေကလည်း ထပ်တူထပ်မျှကြည်နူးပျော်ရွှင်ရလိမ့်မယ်လို့ ထင်ပါတယ်နော် ။