Sponsored

မစ်ဒယ်ဝိတ်တန်းချန်ပီယံ ရွှေခါးပတ်လုပွဲအဖြစ် လက်ရှိချန်ပီယံ အောင်လအန်ဆန်က ပြိုင်ဘက်ဟောင်းဗစ်တာလီဘစ်ချ်ဒက်နဲ့ ပြန်လည်ထိုးသတ်သွားမှာဖြစ်ပါတယ်။

One Championship က ဆက်လက်ကျင်းပမယ့် တွဲဆိုင်းတွေကို ဖေဖော်ဝါရီ ၂ဝရက်က ထုတ်ပြန်ခဲ့ရာမှာ မစ်ဒယ်ဝိတ်တန်းချန်ပီယံကာကွယ်ပွဲလည်းပါဝင်လာခဲ့တာပါ။

One Fc

အောင်လအန်ဆန်နဲ့ ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ချ်ဒက်တို့ရဲ့ မစ်ဒယ်ဝိတ်ချန်ပီယံလုပွဲကို လာမယ့် ဧပြီ ၁ဝ ရက် အင်ဒိုနီးရှားနိုင်ငံမှာ ရင်ဆိုင်ထိုးသတ်သွားရမှာဖြစ်ပါတယ်။

Sponsored

အောင်လဟာ ဗစ်တာလီဘစ်ချ်ဒက်နဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၄ ရက်က အင်ဒိုနီးရှားနိုင်ငံမှာပဲ ဗစ်တာလီဘစ်ချ်ဒသ်နဲ့ ပထမဆုံးအကြိမ် ထိုးသတ်ခဲ့ဖူးပါတယ်။ အဲဒီပွဲစဉ်မှာ အောင်လက အမှတ်နဲ့ ရှုံးခဲ့တာကြောင့် မစ်ဒယ်ဝိတ်ချန်ပီယံ ရွှေခါးပတ်နဲ့လွဲချော်ခဲ့ရဖူးပါတယ်။ ဒါပေမယ့် ၂၀၁၇ ခုနှစ် ဇွန်လ ၃ဝရက်က ရန်ကုန်မှာ ထိုးသတ်ခဲ့တဲ့ ဒုတိယပွဲစဉ်မှာတော့ အောင်လအန်ဆန်က အ မှတ်နဲ့အနိုင်ရပြီး မစ်ဒယ်ဝိတ်ချန်ပီယံရွှေခါးပတ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၃၅ နှစ်ရှိ ဗစ်တာလီဘစ်ချ်ဒက်ဟာ နောက်ဆုံးပွဲစဉ်အဖြစ် ၂၀၁၈ခုနှစ် ဒီဇင်ဘာလက ဂျပန်နိုင်ငံသားယူကီနီမူယာနဲ့ ထိုးသတ်ခဲ့ပြီး အနိုင်ရရှိထားပါတယ်။

လာမယ့် ဧပြီ ၁ဝ ရက်မှာ ကျင်းပမယ့် MMA ပွဲစဉ်မှာ အောင်လအန်ဆန်နဲ့ ဗစ်တာလီဘစ်ချ်ဒက်တို့ရဲ့ မစ်ဒယ်ဝိတ်ချန်ပီယံလုပွဲအပြင် ဘရာဇီးသားအက်ဒရီယာနိုမိုရေ့စ်နဲ့ အမေရိကန်သား ဒီမီထရော့ဂျွန်ဆင်တို့ရဲ့ ဖလိုင်း ၀ိတ်ချန်ပီယံလုပွဲလည်း ပါဝင်မှာဖြစ်ပါတယ်။

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *