Sponsored

ရွှေမန်းသူ အဝေးပြေးကားပေါ် ကလေးမီးဖွားခြင်းရာတွင် အဓိကကူညီပေးခဲ့သည့် သူနာပြုဆရာမအား ယာဉ်အခမဲ့သုံးလစီးနင်းခွင့်ကတ်ပြားထုတ်ပေးမည်ဖြစ်ကြောင်း ဗန္ဓုလသယ်ယူပို့ဆောင်ရေးမှသိရသည်။

ဖေဖော်ဝါရီ ၉ ရက် ည ၉ နာရီခန့်က တောင်ငူ မှ ရန်ကုန်သို့ပြေးဆွဲ သည့် ရွှေမန်းသူခရီးသည်တင်ယာဉ်ပေါ်တွင် လိုက်ပါလာသော ကိုယ်ဝန် ခုနစ်လလွယ်ထားသူတစ်ဦးသည် ရန်ကုန်–မန္တလေးအမြန်လမ်း မိုင်တိုင် အမှတ် (၅၀) အရောက် ဗိုက်နာလာသဖြင့် ယာဉ်ပေါ်၌ ပါလာသည့် သူနာပြုဆရာမတစ်ဦးနှင့် ယာဉ်မောင်းတို့က ကူညီပေးခဲ့ခြင်းဖြစ်သည်။

@Facebook

“ကလေးမွေးဖွားပေးတဲ့သူက ဆရာဝန်မဟုတ်ပါဘူး။ အငြိမ်းစား သူနာပြုဆရာမပါ။ ကားပေါ်မှာ ယာဉ်မောင်းကလည်း ကြက်ခြေနီသင်တန်းဆင်းပြီးသားဆိုတော့ သူလည်း ကူညီပေးခဲ့ပါတယ်။ အဓိကကူညီပေးခဲ့တဲ့ သူနာပြုဆရာမကို ဖေဖော်ဝါရီ ၁၄ရက်မှာ အခမဲ့သုံးလ စီးနင်းခွင့်ကတ်ပြားထုတ်ပေးပြီး ဂုဏ်ပြုပါမယ်။ ဗန္ဓုလသယ်ယူပို့ဆောင်ရေးက ပြေးဆွဲနေတဲ့ ရွှေမန်းသူ၊ ရှမ်းမလေး၊ ပုသိမ်သူ စတဲ့ဘယ်အဝေးပြေး ယာဉ်လိုင်းပဲဖြစ်ဖြစ် စီးနင်းနိုင်ပါမယ်”ဟု ဗန္ဓုလသယ်ယူပို့ဆောင်ရေးမှ မန်နေဂျင်း ဒါရိုက်တာဗိုလ်မှူးကြီးအောင်ကျော်မင်းက ပြောသည်။

Sponsored
@Facebook

ထို့အပြင် မီးဖွားခဲ့သည့် မိခင်နှင့် ကလေးကို ငါးလအတွင်း တွေ့ဆုံကာ လိုအပ်သည်များ စီစဉ်ပေးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကလေးနဲ့မိခင်ကို လှည်းကူးဆေးရုံပို့ခဲ့တဲ့အချိန်မှာတော့ ပို့ဆောင်ရေးမန်နေဂျာကိုလွှတ်ပေးပြီး ကနဦးထောက်ပံ့မှုပေးခဲ့ပါတယ်။ ကလေးက လမစေ့ဘဲမွေးထားတာကြောင့် ကလေးကျန်းကျန်းမာမာနဲ့ ငါးလလောက်နေမှ မိဘနဲ့လည်းတွေ့ပြီး လိုအပ်တာစီစဉ်ပေးမှာပါ”ဟု ၎င်းက ဆက်လက် ပြောသည်။

@Facebook

ရန်ကုန်–မန္တလေး အမြန်လမ်းမကြီးတွင် သွားလာနေသည့်ခရီးသည်တင်ယာဉ်လိုင်းပေါ်၌ ကလေးမီးဖွားသည့်ဖြစ်စဉ်သည် ယခုနှစ်တွင် ပထမဆုံးဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သိရသည်။

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *