Sponsored

ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်သည်ဆိုပြီး မှောင်ခိုချက်လုပ်သော အရက်တုများကိုသောက်သဖြင့် အီရန်နိုင်ငံတစ်ဝန်းတွင် လူ ၄၄ ဦးထက်မနည်းသေဆုံးပြီး ရာနှင့်ချီ၍ ဆေးရုံတွင် ကုသနေရကြောင်း အီရန် သတင်းဌာနများတွင် ရေးသားထားကြသည်။

Getty Images

အရက်မှောင်ခိုချက်လုပ်သူများသည် မက်သနောများဖြင့်ချက်လုပ်ကြခြင်းဖြစ်ပြီး ထိုသို့ချက်လုပ်ထားသော အရက်များကိုသောက်သုံးမိကြခြင်းဖြစ်ကြောင်း အီရန် ကျန်းမာရေးဝန်ကြီး Ali Ehsanpour ကပြောသည်။ အရက်ပုန်းချက်သူ ၇ ဦးကိုလည်း ဖမ်းဆီးထားကြောင်းသိရသည်။

ထိုသို့သေဆုံးရာတွင် ခူဇက်စတန်ပြည်နယ်မှ အများဆုံးသေဆုံးကြောင်း၊ ထိုဒေသတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူမှာ ၁၈ ဦးသာရှိပြီး အရက်တုသောက်သုံးမိခြင်းကြောင့် သေဆုံးသူမှာ ၃၀ ကျော်ရှိကြောင်း အီရန်နိုင်ငံ IRNA သတင်းဌာနက ရေးသားထားသည်။

Sponsored

အရက်သောက်သုံးခြင်းသည် ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်ကြောင်း ကောလဟာလသတင်း လူမှုကွန်ရက်များတွင် ပြန့်နှံ့ခဲ့သဖြင့် ယင်းသည် မဟုတ်မှန်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

Source: USA Today

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *