ကမာၻပတ္ဖုိ႔အတြက္ ပုိက္ဆံရွိစရာမလုိဘူးဆိုတာ သိပါသလား

@peteryuill

ဘာလုပ္ခ်င္လဲလို႔ ကၽြန္ေတာ့္ကိုေမးရင္ ကၽြန္ေတာ္ကေတာ့ ကမၻာပတ္ခ်င္တယ္လို႔ပဲေျဖမိမွာပါပဲ။ ဒါေပမဲ့ ဒီႏုိင္ငံျခားသားေတြလိုေတာ့ မဟုတ္ဘူးေပါ့။ ကမၻာပတ္ဖို႔ လမ္းေဘးမွာေနၿပီး ပိုက္ဆံေတာင္းေနတဲ့ ႏိုင္ငံျခားသားေတာ္ေတ္ာမ်ားမ်ားကို ကၽြန္ေတာ္တို႔ေတြ ဆူးေလတို႔၊ တရုတ္တန္းတို႔မွာလည္း ျမင္ဖူးၾကတယ္မဟုတ္လား။

ဒီလိုမ်ိဳး ကမၻာပတ္ခ်င္လို႔ဆိုတဲ့ အေၾကာင္းျပခ်က္မ်ိဳးနဲ႔ အေနာက္ႏိုင္ငံသားေတြဟာ အာရွႏုိင္ငံေတာ္ေတ္ာမ်ားမ်ားမွာ အမ်ားျပည္သူစိတ္အေႏွာက္အယွက္ျဖစ္ေအာင္ လုပ္မွန္းမသိလုပ္ေနခဲ့ၾကပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး လူမႈကြန္ယက္ေတြမွာ ဓာတ္ပံုေတြနဲ႔တစ္ကြ ေဝဖန္ရံႈ႕ခ်ထားတဲ့ Bored Panda မွ ေဖာ္ျပခ်က္ကို ကိုးကားေဖာ္ျပလိုက္ရပါတယ္။ အရင္တုန္းက လြယ္အိတ္ႀကီးေတြတကားကားနဲ႔ ရိုးရိုးသားသားကမၻာပတ္ၾကတဲ့သူေတြ ရွိပါတယ္။ သူတုိ႕ေတြကိုေတာ့ Backpackers ေတြလို႔ေခၚပါတယ္။ အဲဒီစကားလံုးကို သေရာ္သလိုလုပ္ၿပီး အခုပကမၻာပတ္ဖို႔ပိုက္ဆံေတာင္းေနသူေတြကိုေတာ့ begpacker ေတြလို႔ ေခၚေနၾကပါေတာ့တယ္။ ဘန္ေကာက္မွာေတာ့ အဲဒီလို begpackers ေတြကို ေထာာင္ခ်မယ္ဆိုၿပီး ဥပေဒအသစ္တစ္ခုကို ထုတ္ျပန္ခဲ့ပါတယ္။

ဒါက တရုတ္ႏုိင္ငံမွာျဖစ္ပါတယ္။ မူရင္းဓာတ္ပံုတင္ထားတဲ့ @peteryuill ဆိုတဲ့ Instagram user ကေတာ့ အဲဒီလူဟာ အက်ႌအသစ္ေတြ၊ ဖိနပ္အသစ္ေတြမွ အားမနာ၊ တိုက္ဖြန္းမုန္တိုင္းတိုက္ၿပီးခါစ ျပန္လည္ထူေထာင္ေရးလုပ္ေနတဲ့ ရပ္ကြက္ကိုမွလာညပီး ေရာေယာင္ကာ ေတာင္းစားရဲတယ္လို႔ တင္ထားပါတယ္။

@peteryuill

ဒီပံုကိုေတာ့ @TonsTweetings ဆိုတဲ့ Twitter user တစ္ေယာက္မွ တင္ထားတာျဖစ္ၿပီး အဲဒီံုပါအမ်ိဳးသမီးဟာ ကမၻာပတ္ဖို႔ေငြလွဴေပးပါဆိုတဲ့ စာကိုခ်ထားၿပီး ထိုင္ေတာင္းစာားေနတာပါ။ တစ္ဆက္ထဲမွာပဲ သူမရဲ႕အေနာက္မွာ အတိုအစေတြအျပည့္နဲ႔ သယ္လာတဲ့လွည္းႀကီးကို မႏိုင္မနင္းတြန္းကာတေရြ႕ေရြ႕ေလွ်ာက္သြားတဲ့ အေမအိုႀကီးကိုလည္း တိုကု္ဆုိင္စြာေတ႕ြခဲ့ရပါတယ္။ အေမအိုႀကီးကေတာ့ စားဝတ္ေနေရးအတြက္ သူတစ္ပါးပိုက္ဆံကို အလကားမယူဘဲ အလုပ္လုပ္ကာ ရုန္းကန္ေနရခ်ိန္မွာ အဲဒီအမ်ိဳးသမီးကေတာ့ ကမၻာပတ္ဖို႕အတြက္ ပိုက္ဆံေတာင္းေနတယ္ဆိုၿပီး ရံႈ႕ခ်ထားခဲ့ပါတယ္။

@TonsTweetings

ဒါကေတာ့ ထုိင္းႏုိင္ငံမွာေတြ႕ရတဲ့ Begpacker ေတြပါ။

u/jriverfort_reddit

ဒီတစ္ေယာက္ကေတာ့ ဆိုးလ္ၿမိဳ႕မွာ ေတာင္းစားေနလို႔ မေနသာေတာာ့တဲ့ ျပည္သူတစ္ေယာက္ဟာ ရဲကို ဖုန္းဆက္အေၾကာင္းၾကားခဲ့တာပါ။ ရဲေလာက္လာတဲ့အခ်ိန္မွာေတာ့ သူမဟာ အဂၤလိပ္စာမတတ္ဘူးဆိုတဲ့ သာမန္လိမ္နည္းအတုိင္း လိမ္ခဲ့လို႔ ရဲခင္ဗ်ာဘာလုပ္လုိ႔ ဘာကိုင္ရမွန္းမသိျဖစ္ခဲ့ရတယ္လို႔ မူရင္းပိုစ့္ပိုင္ရွင္ကေျပာထားပါတယ္။

@koryodynasty

ဒီအမ်ိဳးသမီးက်ျပန္ေတာ့လည္း လူလိမ္လုပ္ေနခဲ့တာ ၂၀၁၄ ခုႏွစ္ကတည္းကလို႔ ေျပာၾကပါတယ္။ သူမနဲ႔ သူမသားေလးဟာ ဂ်ာမန္စကားကို ကၽြမ္းက်င္စြာတတ္ၿပီး စားေသာက္ဆုိင္တစ္ဆုိင္နားမွာ လာလာၿပီး သူမရဲ႕ကတ္ေပ်ာက္သြားတဲ့အတြက္ သားအမိႏွစ္ေယာက္စလံုးမွာ စားစရာပိုက္ဆံမရွိေတာ့လို႔ဆိုၿပီး အစားအသောက္ေတြကို လိမ္စားလိုက္၊ ပိုက္ဆံေတာင္းစားလိုက္နဲ႔ လုပ္ေနခဲ့ပါတယ္တဲ့။

@begpacker

တခ်ိဳ႕ေတြကေတာ့ သူတပါးပိုက္ဆံကို အလကားယူတာမ်ိဳးမဟုတ္ဘဲနဲ႔ ကိုယ္တတ္သိတဲ့ပညာေလးေတြနဲ႔ အရင္းအႏွီးလုပ္ၿပီး ပစၥည္းေရာင္းကာ ပိုက္ဆံရွာေလ့ရွိၾကပါတယ္။ ဒါကေတာ့ ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕မွာျဖစ္ၿပီး Begpacker တစ္ေယာက္ဟာ လက္ပတ္ႀကိဳးေလးေတြက်စ္ၿပီး ေရာင္းခ်ေနခဲ့တာပါ။

တခ်ိဳ႕ေတြက်ေတာ့လည္း ဓာတ္ပံုေတြေရာင္းရင္း၊ သီခ်င္းေတြဆိုၾကရင္းေပါ့။

@peteryuill
@peteryuill

Penny
Source: Shwemom


#Unicode Version

ဘာလုပ်ချင်လဲလို့ ကျွန်တော့်ကိုမေးရင် ကျွန်တော်ကတော့ ကမ္ဘာပတ်ချင်တယ်လို့ပဲဖြေမိမှာပါပဲ။ ဒါပေမဲ့ ဒီနိုင်ငံခြားသားတွေလိုတော့ မဟုတ်ဘူးပေါ့။ ကမ္ဘာပတ်ဖို့ လမ်းဘေးမှာနေပြီး ပိုက်ဆံတောင်းနေတဲ့ နိုင်ငံခြားသားတော်တေ်ာများများကို ကျွန်တော်တို့တွေ ဆူးလေတို့၊ တရုတ်တန်းတို့မှာလည်း မြင်ဖူးကြတယ်မဟုတ်လား။

ဒီလိုမျိုး ကမ္ဘာပတ်ချင်လို့ဆိုတဲ့ အကြောင်းပြချက်မျိုးနဲ့ အနောက်နိုင်ငံသားတွေဟာ အာရှနိုင်ငံတော်တေ်ာများများမှာ အများပြည်သူစိတ်အနှောက်အယှက်ဖြစ်အောင် လုပ်မှန်းမသိလုပ်နေခဲ့ကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လူမှုကွန်ယက်တွေမှာ ဓာတ်ပုံတွေနဲ့တစ်ကွ ဝေဖန်ရှုံ့ချထားတဲ့ Bored Panda မှ ဖော်ပြချက်ကို ကိုးကားဖော်ပြလိုက်ရပါတယ်။ အရင်တုန်းက လွယ်အိတ်ကြီးတွေတကားကားနဲ့ ရိုးရိုးသားသားကမ္ဘာပတ်ကြတဲ့သူတွေ ရှိပါတယ်။ သူတို့တွေကိုတော့ Backpackers တွေလို့ခေါ်ပါတယ်။ အဲဒီစကားလုံးကို သရော်သလိုလုပ်ပြီး အခုပကမ္ဘာပတ်ဖို့ပိုက်ဆံတောင်းနေသူတွေကိုတော့ begpacker တွေလို့ ခေါ်နေကြပါတော့တယ်။ ဘန်ကောက်မှာတော့ အဲဒီလို begpackers တွေကို ထောာင်ချမယ်ဆိုပြီး ဥပဒေအသစ်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။

ဒါက တရုတ်နိုင်ငံမှာဖြစ်ပါတယ်။ မူရင်းဓာတ်ပုံတင်ထားတဲ့ @peteryuill ဆိုတဲ့ Instagram user ကတော့ အဲဒီလူဟာ အင်္ကျီအသစ်တွေ၊ ဖိနပ်အသစ်တွေမှ အားမနာ၊ တိုက်ဖွန်းမုန်တိုင်းတိုက်ပြီးခါစ ပြန်လည်ထူထောင်ရေးလုပ်နေတဲ့ ရပ်ကွက်ကိုမှလာညပီး ရောယောင်ကာ တောင်းစားရဲတယ်လို့ တင်ထားပါတယ်။

ဒီပုံကိုတော့ @TonsTweetings ဆိုတဲ့ Twitter user တစ်ယောက်မှ တင်ထားတာဖြစ်ပြီး အဲဒီုံပါအမျိုးသမီးဟာ ကမ္ဘာပတ်ဖို့ငွေလှူပေးပါဆိုတဲ့ စာကိုချထားပြီး ထိုင်တောင်းစာားနေတာပါ။ တစ်ဆက်ထဲမှာပဲ သူမရဲ့အနောက်မှာ အတိုအစတွေအပြည့်နဲ့ သယ်လာတဲ့လှည်းကြီးကို မနိုင်မနင်းတွန်းကာတရွေ့ရွေ့လျှောက်သွားတဲ့ အမေအိုကြီးကိုလည်း တိုကု်ဆိုင်စွာတေ့ွခဲ့ရပါတယ်။ အမေအိုကြီးကတော့ စားဝတ်နေရေးအတွက် သူတစ်ပါးပိုက်ဆံကို အလကားမယူဘဲ အလုပ်လုပ်ကာ ရုန်းကန်နေရချိန်မှာ အဲဒီအမျိုးသမီးကတော့ ကမ္ဘာပတ်ဖို့အတွက် ပိုက်ဆံတောင်းနေတယ်ဆိုပြီး ရှုံ့ချထားခဲ့ပါတယ်။

ဒါကတော့ ထိုင်းနိုင်ငံမှာတွေ့ရတဲ့ Begpacker တွေပါ။

ဒီတစ်ယောက်ကတော့ ဆိုးလ်မြို့မှာ တောင်းစားနေလို့ မနေသာတောာ့တဲ့ ပြည်သူတစ်ယောက်ဟာ ရဲကို ဖုန်းဆက်အကြောင်းကြားခဲ့တာပါ။ ရဲလောက်လာတဲ့အချိန်မှာတော့ သူမဟာ အင်္ဂလိပ်စာမတတ်ဘူးဆိုတဲ့ သာမန်လိမ်နည်းအတိုင်း လိမ်ခဲ့လို့ ရဲခင်ဗျာဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်ခဲ့ရတယ်လို့ မူရင်းပိုစ့်ပိုင်ရှင်ကပြောထားပါတယ်။

ဒီအမျိုးသမီးကျပြန်တော့လည်း လူလိမ်လုပ်နေခဲ့တာ ၂၀၁၄ ခုနှစ်ကတည်းကလို့ ပြောကြပါတယ်။ သူမနဲ့ သူမသားလေးဟာ ဂျာမန်စကားကို ကျွမ်းကျင်စွာတတ်ပြီး စားသောက်ဆိုင်တစ်ဆိုင်နားမှာ လာလာပြီး သူမရဲ့ကတ်ပျောက်သွားတဲ့အတွက် သားအမိနှစ်ယောက်စလုံးမှာ စားစရာပိုက်ဆံမရှိတော့လို့ဆိုပြီး အစားအသောက်တွေကို လိမ်စားလိုက်၊ ပိုက်ဆံတောင်းစားလိုက်နဲ့ လုပ်နေခဲ့ပါတယ်တဲ့။

တချို့တွေကတော့ သူတပါးပိုက်ဆံကို အလကားယူတာမျိုးမဟုတ်ဘဲနဲ့ ကိုယ်တတ်သိတဲ့ပညာလေးတွေနဲ့ အရင်းအနှီးလုပ်ပြီး ပစ္စည်းရောင်းကာ ပိုက်ဆံရှာလေ့ရှိကြပါတယ်။ ဒါကတော့ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာဖြစ်ပြီး Begpacker တစ်ယောက်ဟာ လက်ပတ်ကြိုးလေးတွေကျစ်ပြီး ရောင်းချနေခဲ့တာပါ။

တချို့တွေကျတော့လည်း ဓာတ်ပုံတွေရောင်းရင်း၊ သီချင်းတွေဆိုကြရင်းပေါ့။

Penny
Source: Shwemom