Sponsored

ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ ပြန်လာသူများကို ၁၄ ရက်ကြာ အသွားအလာကန့်သတ်ခြင်း(Quarantine)ထားရှိရန် မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတဆရာတော်အရှင်ဆေကိန္ဒ၏ ဓမ္မဒူတဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ပြင်ဆင်ထားတယ်လို့ 7day သတင်းမှာဖော်ပြထားပါတယ်။

ဓာတ်ပုံ – Okkar Thein

အဆိုပါ ကျောင်းတိုက်သည် လူဦးရေ ၄၀၀ ခန့်ထားရှိနိုင်ပြီး ကျောင်းတိုက်ဘက်က နေရာ၊ အစားအစာများ ပံ့ပိုးမည်ဖြစ်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနဘက်က ကျန်းမာရေးဝန်ထမ်းများ ထားရှိမည်ဖြစ်ကြောင်း ယင်းကျောင်းတိုက် အကျိုးတော်ဆောင် အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ညနေကို လူဦးရေ ၁၀၇ နီးပါးထည့်မယ်။ ညကျရင် ၁၀၀ ရောက်လာမယ်။ ၂၀၀ ပေါ့ ။ နောက်နေ့ကျရင် တောက်လျှောက်ထည့်သွားမယ်။ ကျွန်တော်တို့ကျောင်းကတော့ ၄၀၀ လောက်ထိ တောက်လျှောက်မှန်းထားတယ်။ အခုတော့ အားလုံး ကြိုတင်ပြင်ဆင်နေတယ်” ဟု ၎င်းက ပြောသည်။

Sponsored
ဓာတ်ပုံ – Okkar Thein

ယနေ့(မတ်လ ၂၂ရက်)တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးက အဆိုပါကျောင်းတိုက်သို့ သွားရောက် ကြည့်ရှုခဲ့သောဓာတ်ပုံများ လူမှုကွန်ရက်၌ ပျံ့နှံ့လာသည်။

COVID-19 ဖြစ်ပွားနေသည့် နိုင်ငံများမှ ဝင်ရောက်လာသူအားလုံးကို ၁၄ ရက်ကြာ သီးခြားထားရှိမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၁၆ရက်တွင် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – Okkar Thein
Sponsored

Leave a Comment

Your email address will not be published. Required fields are marked *