ယူ႐ုိပါလိဂ္ကြာတားဖုိင္နယ္ မေရာက္ခင္ကတည္းက ဆုဖလားနဲ႔ ေအာင္ပဲြခံမယ့္ကား စီစဥ္ထားတဲ့ အာဆင္နယ္

Getty Images

အာဆင္နယ္အသင္းဟာ ယူ႐ုိပါလိဂ္ခ်န္ပီယံဆုဖလားကုိ ရယူဖုိ႔ ယုံၾကည္မူျမင့္မားေနၿပီး ကြာတားဖုိင္နယ္ အဆင့္ကုိ တက္ေရာက္ႏုိင္ျခင္းမရွိေသးတဲ့အခ်ိန္ကတည္းက လန္ဒန္ျမဳိ႕မွာ ယူ႐ုိပါလိဂ္ဆုဖလားနဲ႔ ေအာင္ပဲြခံ ႏုိင္ဖုိ႔အတြက္ စီစဥ္ထားၿပီးျဖစ္တယ္လုိ႔ ေဒးလီးေမးလ္သတင္းစာက ေဖာ္ထုတ္ေရးသားခဲ့ပါတယ္။

Getty Images

အာဆင္နယ္အသင္းတာ၀န္ရွိသူတစ္ဦးဟာ အသင္းအေျခစုိက္ရာ လန္ဒန္ေျမာက္ပုိင္းက အက္စ္လန္တန္ အုပ္ခ်ဳပ္ေရးမွဴး႐ုံးမွာ ယူ႐ုိပါလိဂ္ဆုဖလားနဲ႔ ေအာင္ပဲြခံအခမ္းအနားျပဳလုပ္ဖုိ႔အတြက္ အီးေမးလ္ပုိ႔ၿပီး ခြင့္ျပဳ ခ်က္ေတာင္းခံထားၿပီျဖစ္တယ္လုိ႔သိရပါတယ္။ အာဆင္နယ္အသင္းဟာ ယူ႐ုိပါလိဂ္ ၁၆သင္းအဆင့္ အျဖစ္ ရင္းနက္အသင္းနဲ႔မကစားခင္ မတ္လ၇ရက္ကတည္းက အီးေမးလ္ပုိ႔ၿပီး ခြင့္ျပဳမိန္႔ေတာင္းခံထားတာျဖစ္ပါ တယ္။

Getty Images

ဒါေပမယ့္လည္း ပထမအေက်ာ့မွာ ျပင္သစ္ကလပ္ ရင္းနက္စ္ကုိ ၃ဂုိး ၁ဂုိးနဲ႔ ႐ူံးနိမ့္ခဲ့တဲ့အတြက္ၿပဳိင္ပဲြက ထြက္ရ ဖုိ႔နီးစပ္ခဲ့ေပမယ့္လည္း ဒုတိယအေက်ာ့မွာ ၃ဂုိး ဂုိးမရွိနဲ႔ အႏုိင္ရေအာင္ကစားၿပီး ကြာတားဖုိင္နယ္အဆင့္ကုိ တက္ လွမ္းႏုိင္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ကြာတားဖုိင္နယ္မွာ နာပုိလီအသင္းနဲ႔ ေတြ႔ဆုံခဲ့ေပမယ့္ႏွစ္ေက်ာ့ေပါင္းရလဒ္၃ဂုိး ဂုိး မရွိနဲ႔ ဆီမီးဖုိင္နယ္တက္ခဲ့ပါတယ္။ ဆီမီးဖုိင္နယ္မွာလည္း စပိန္ကလပ္ ဗလင္စီယာအသင္းကုိ ႏွစ္ေက်ာ့ေပါင္းရ လဒ္ ၇ဂုိး ၃ဂုိးနဲ႔ အႏုိင္ယူၿပီး ဗုိလ္လုပဲြတက္ခဲတာျဖစ္ပါတယ္။

Getty Images

အာဆင္နယ္အသင္းဟာ ဗုိုလ္လုပဲြမွာေတာ့ လန္ဒန္ျမဳိ႕ခံၿပဳိင္ဘက္ ခ်ဲလ္ဆီးအသင္းနဲ႔ရင္ဆုိင္ရမွာျဖစ္ ပါတယ္။ ခ်န္ပီယံဆု ရ မရ မေသခ်ာေသးေပမယ့္ ဆုဖလားနဲ႔လွည့္လည္ေအာင္ပဲြခံဖုိ႔ စီစဥ္ၿပီးျဖစ္တဲ့အတြက္ စီစဥ္ထားတ့ဲအတုိင္ ခ်န္ပီယံဆုဖလားရယူႏုိင္မလား၊ ေအာင္ပဲြခံမယ့္အစီအစဥ္ဖ်က္သိမ္းသြားရမ လားဆုိ တာကေတာ့ ေမလ၂၉ရက္ေန႔မွာ အေျဖထြက္ေပၚလာမွာျဖစ္ပါတယ္။

Jack ( Sports Reader )
Source: Daily Mail


#Unicode Version

အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ်ချန်ပီယံဆုဖလားကို ရယူဖို့ ယုံကြည်မူမြင့်မားနေပြီး ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ခြင်းမရှိသေးတဲ့အချိန်ကတည်းက လန်ဒန်မြို့မှာ ယူရိုပါလိဂ်ဆုဖလားနဲ့ အောင်ပွဲခံ နိုင်ဖို့အတွက် စီစဉ်ထားပြီးဖြစ်တယ်လို့ ဒေးလီးမေးလ်သတင်းစာက ဖော်ထုတ်ရေးသားခဲ့ပါတယ်။

အာဆင်နယ်အသင်းတာဝန်ရှိသူတစ်ဦးဟာ အသင်းအခြေစိုက်ရာ လန်ဒန်မြောက်ပိုင်းက အက်စ်လန်တန် အုပ်ချုပ်ရေးမှူးရုံးမှာ ယူရိုပါလိဂ်ဆုဖလားနဲ့ အောင်ပွဲခံအခမ်းအနားပြုလုပ်ဖို့အတွက် အီးမေးလ်ပို့ပြီး ခွင့်ပြု ချက်တောင်းခံထားပြီဖြစ်တယ်လို့သိရပါတယ်။ အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ် ၁၆သင်းအဆင့် အဖြစ် ရင်းနက်အသင်းနဲ့မကစားခင် မတ်လ၇ရက်ကတည်းက အီးမေးလ်ပို့ပြီး ခွင့်ပြုမိန့်တောင်းခံထားတာဖြစ်ပါ တယ်။

ဒါပေမယ့်လည်း ပထမအကျော့မှာ ပြင်သစ်ကလပ် ရင်းနက်စ်ကို ၃ဂိုး ၁ဂိုးနဲ့ ရူံးနိမ့်ခဲ့တဲ့အတွက်ပြိုင်ပွဲက ထွက်ရ ဖို့နီးစပ်ခဲ့ပေမယ့်လည်း ဒုတိယအကျော့မှာ ၃ဂိုး ဂိုးမရှိနဲ့ အနိုင်ရအောင်ကစားပြီး ကွာတားဖိုင်နယ်အဆင့်ကို တက် လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ကွာတားဖိုင်နယ်မှာ နာပိုလီအသင်းနဲ့ တွေ့ဆုံခဲ့ပေမယ့်နှစ်ကျော့ပေါင်းရလဒ်၃ဂိုး ဂိုး မရှိနဲ့ ဆီမီးဖိုင်နယ်တက်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာလည်း စပိန်ကလပ် ဗလင်စီယာအသင်းကို နှစ်ကျော့ပေါင်းရ လဒ် ၇ဂိုး ၃ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲတက်ခဲတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဗိုလ်လုပွဲမှာတော့ လန်ဒန်မြို့ခံပြိုင်ဘက် ချဲလ်ဆီးအသင်းနဲ့ရင်ဆိုင်ရမှာဖြစ် ပါတယ်။ ချန်ပီယံဆု ရ မရ မသေချာသေးပေမယ့် ဆုဖလားနဲ့လှည့်လည်အောင်ပွဲခံဖို့ စီစဉ်ပြီးဖြစ်တဲ့အတွက် စီစဉ်ထားတဲ့အတိုင် ချန်ပီယံဆုဖလားရယူနိုင်မလား၊ အောင်ပွဲခံမယ့်အစီအစဉ်ဖျက်သိမ်းသွားရမ လားဆို တာကတော့ မေလ၂၉ရက်နေ့မှာ အဖြေထွက်ပေါ်လာမှာဖြစ်ပါတယ်။

Jack ( Sports Reader )
Source: Daily Mail