နာပုိလီနဲ႔ပဲြမွာ အာဆင္နယ္ပရိသတ္ေတြအတြက္ လုံျခဳံေရးတုိးျမွင့္လုိက္ရတဲ့ အီတလီရဲတပ္ဖြဲ႕

Getty Images

အာဆင္နယ္အသင္းဟာ လာမယ့္ၾကာသာပေတးေန႔မွာအီတလီ ကလပ္ နာပုိလီအသင္းနဲ႔ ယူ႐ုိပါလိဂ္ ကြာတား ဖုိင္နယ္ပဲြစဥ္အျဖစ္ အေ၀းကြင္းမွာသြားေရာက္ရင္ဆုိင္ရမွာျဖစ္ပါတယ္။

Getty Images

နာပုိလီပရိသတ္ေတြဟာ အဂၤလန္ က လပ္ အသင္းေတြကပရိသတ္ေတြကုိ တုိက္ခုိက္ခဲ့ဖူးတဲ့အစဥ္အလာရွိတာေၾကာင့္ လုံျခဳံေရးတုိးျမွင့္မွာျဖစ္ၿပီး ရဲအင္အား၈၀၀ က အာဆင္နယ္ပရိသတ္ေတြအတြက္ လုံျခံေရးေပးသြားမယ္လုိ႔သိရပါတယ္။
နာပုိလီအသင္းဟာ ပထမအေက်ာ့တုန္းက ႏွစ္ဂုိးျပတ္နဲ႔ ႐ူံးနိမ့္ထားခဲ့တာေၾကာင့္ ဒုတိယအေက်ာ့ပဲြစဥ္မွာ ႏုိင္ပဲြ ျပန္လည္ရယူဖုိ႔လုိအပ္ေနၿပီး ပရိသတ္ေတြရဲ့ ေသာင္းက်န္းမူေတြကုိ ႀကဳိတင္ကာကြယ္ႏုိင္ဖုိ႔လည္း ေမွ်ာ္လင့္ ထားပါတယ္။

Getty Images

နာပုိလီအသင္းဟာ ေနပယ္ျမဳိ႕မွာ အေျခစုိက္တဲ့ တစ္သင္းတည္းေသာအသင္းျဖစ္တာေၾကာင့္ ပရိသတ္အင္အားမ်ားျပားၿပီး အီတလီမွာ စတုတၳေျမာက္ ပရိသတ္အမ်ားဆုံးအသင္းျဖစ္တယ္လုိ႔သိရပါ တယ္။ ဒါ့အျပင္ အခုႏွစ္ေဘာလုံးရာသီမွာလည္း ပရိသတ္ေတြရဲ့ ေသာင္းက်န္းမူေတြျဖစ္ပြားခဲ့တာေၾကာင့္ အာဆင္နယ္ နဲ႔ ပဲြစဥ္မွာ အီတလီရဲေတြအေနနဲ႔ အထူးသတိထားၿပီး လုံျခဳံေရးေပးရဖုိ႔ရွိတယ္လုိ႔ဆုိပါတယ္။

Getty Images

နာပုိလီအသင္းပရိသတ္ေတြဟာ ၂၀၁၇ခုႏွစ္က မန္စီးတီးပရိသတ္ေတြကုိ စားေသာက္ဆုိင္တစ္ခုမွာ တုိက္ခုိက္ ခဲ့ သလုိ အခုႏွစ္အစပုိင္းကလည္း လစ္ဗာပူးလ္အသင္းပရိသတ္ေတြကုိ တုိက္ခုိက္ခဲ့ဖူးတာ ျဖစ္ပါတယ္။ဒါ့ အျပင္ ၃၂သင္းအဆင့္မွာတုန္းက ဆြစ္ဇာလန္ကလပ္ ဇူးရစ္အသင္းနဲ႔ အေ၀းကြင္းပဲြစဥ္မွာလည္း နာပုိလီပရိ သတ္ေတြဟာ အိမ္ရွင္ပရိသတ္ေတြနဲ႔ တုိက္ခုိက္မူမွာပါ၀င္ခဲ့တယ္လုိ႔သိရပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ဒီဇင္ဘာက လည္း အင္တာမီလန္ပရိသတ္တစ္ဦးဟာ နာပုိလီပရိသတ္ေတြနဲ႔ တုိက္ခုိက္မူျဖစ္စဥ္အတြင္းမွာ ေသဆုံးခဲ့တယ္လုိ႔ သိရပါတယ္။

Jack ( Sports Reader )
Source: Daily Mail


#Unicode Version

အာဆင်နယ်အသင်းဟာ လာမယ့်ကြာသာပတေးနေ့မှာအီတလီ ကလပ် နာပိုလီအသင်းနဲ့ ယူရိုပါလိဂ် ကွာတား ဖိုင်နယ်ပွဲစဉ်အဖြစ် အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

နာပိုလီပရိသတ်တွေဟာ အင်္ဂလန် က လပ် အသင်းတွေကပရိသတ်တွေကို တိုက်ခိုက်ခဲ့ဖူးတဲ့အစဉ်အလာရှိတာကြောင့် လုံခြုံရေးတိုးမြှင့်မှာဖြစ်ပြီး ရဲအင်အား၈၀၀ က အာဆင်နယ်ပရိသတ်တွေအတွက် လုံခြံရေးပေးသွားမယ်လို့သိရပါတယ်။
နာပိုလီအသင်းဟာ ပထမအကျော့တုန်းက နှစ်ဂိုးပြတ်နဲ့ ရူံးနိမ့်ထားခဲ့တာကြောင့် ဒုတိယအကျော့ပွဲစဉ်မှာ နိုင်ပွဲ ပြန်လည်ရယူဖို့လိုအပ်နေပြီး ပရိသတ်တွေရဲ့ သောင်းကျန်းမူတွေကို ကြိုတင်ကာကွယ်နိုင်ဖို့လည်း မျှော်လင့် ထားပါတယ်။

နာပိုလီအသင်းဟာ နေပယ်မြို့မှာ အခြေစိုက်တဲ့ တစ်သင်းတည်းသောအသင်းဖြစ်တာကြောင့် ပရိသတ်အင်အားများပြားပြီး အီတလီမှာ စတုတ္ထမြောက် ပရိသတ်အများဆုံးအသင်းဖြစ်တယ်လို့သိရပါ တယ်။ ဒါ့အပြင် အခုနှစ်ဘောလုံးရာသီမှာလည်း ပရိသတ်တွေရဲ့ သောင်းကျန်းမူတွေဖြစ်ပွားခဲ့တာကြောင့် အာဆင်နယ် နဲ့ ပွဲစဉ်မှာ အီတလီရဲတွေအနေနဲ့ အထူးသတိထားပြီး လုံခြုံရေးပေးရဖို့ရှိတယ်လို့ဆိုပါတယ်။

နာပိုလီအသင်းပရိသတ်တွေဟာ ၂၀၁၇ခုနှစ်က မန်စီးတီးပရိသတ်တွေကို စားသောက်ဆိုင်တစ်ခုမှာ တိုက်ခိုက် ခဲ့ သလို အခုနှစ်အစပိုင်းကလည်း လစ်ဗာပူးလ်အသင်းပရိသတ်တွေကို တိုက်ခိုက်ခဲ့ဖူးတာ ဖြစ်ပါတယ်။ဒါ့ အပြင် ၃၂သင်းအဆင့်မှာတုန်းက ဆွစ်ဇာလန်ကလပ် ဇူးရစ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာလည်း နာပိုလီပရိ သတ်တွေဟာ အိမ်ရှင်ပရိသတ်တွေနဲ့ တိုက်ခိုက်မူမှာပါဝင်ခဲ့တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာက လည်း အင်တာမီလန်ပရိသတ်တစ်ဦးဟာ နာပိုလီပရိသတ်တွေနဲ့ တိုက်ခိုက်မူဖြစ်စဉ်အတွင်းမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Jack ( Sports Reader )
Source: Daily Mail