Sponsored

အာဆင်နယ်အသင်းဟာ အပြောင်းအရွှေပိတ်သိမ်းမယ့်နောက်ဆုံးနေ့မှာ ဆောက်သမ်တန် အသင်းက ပေါ်တူဂီညာနောက်ခံလူ ဆစ်ဒရစ်ဆွားရက်ဇ်ကို အငှားစာချုပ်နဲ့ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဆောက် သမ်တန်အသင်းနဲ့ ၆လစာချုပ်သက်တမ်းသာကျန်ရှိတော့တဲ့ ဆွားရက်စ်ဟာ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့လာချိန်မှာတော့ အရင်နှစ်အနည်းငယ်လောက်ကတည်းက အာဆင်နယ်ဆီရောက်ဖို့နီးစပ် ခဲ့ကြောင်းဝန်ခံပြောကြာသွားခဲ့တာဖြစ်ပါတယ်။

Getty Images

ဆွားရက်စ်က “ လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကတည်းက နီးစပ်ခဲ့တာပါ။ဒါကြောင့် ဒါက ပထမဆုံး အကြိမ်တော့မဟုတ်ပါဘူး။အဲဒီအချိန်တုန်းက အပြောင်းအရွှေ့ပျက်ပြယ်သွားခဲ့ရပြီး ဒီချိန်မှာ အိပ်မက် တွေ အမှန်တကယ်ဖြစ်လာလို့ ဘရားသခင်ကို ကျေးဇူးတင်ပါတယ်။ကျွန်တော် အလွန်ပျော်ရွှင်မိပါ တယ်။ဒီကို ပြောင်းရွှေ့လာတာက ကျွန်တော့် ကစားသမားဘဝအတွက်အလွန်အရေးပါပါတယ်။ ဆောက်သမ်တန်က ပရီးမီးယားလိဂ်မှာ ကစားရမယ့်အခွင့်အရေးပေးခဲ့ပြီး အာဆင်နယ်အတွက် ဒီလို ကစားခွင့်ရတော့မယ့်အခြေအနေကလည်း နောက်ထပ်ခြေလှမ်းတစ်ခု ဖြစ်တယ်ဆိုတာ ထင်ရှား ပါတယ်” လို့ ဆစ်ဒရစ်ဆွားရက်ဇ်က ပြောပြသွားခဲ့တာဖြစ်ပါတယ်။

Sponsored
Getty Images

ဆွားရက်စ်အနေနဲ့ ကိုယ့်ကိုယ် ဘယ်လို အားသာချက်တွေရှိတယ်ထင်သလဲဆိုတဲ့မေးခွန်းအပေါ်မှာ တော့ “ အသင်းလိုက် ကစားတက်တဲ့သူအဖြစ် ကိုယ့်ကိုယ်ကိုယ်တွေးရတာ သဘောကျပါတယ်။ ကျွန်တော်ဘာတွေပြောနိုင်မလဲ။ကိုယ့်ကိုယ်ကိုပြောရာတာဟာ အခက်ခဲတဲ့ကိစ္စပါ။ဒါပေမယ့် ကျွန်တော့်အနေနဲ့ အသင်းနဲ့ ပရိသတ်တွေအတွက် ရာနူန်းပြည့်ပေးဆပ်မှာပါ” လို့ ဆွားရက်စ်က အသင်းနဲ့ ပထမဆုံးအင်တာဗျူးမှာ ပြေပြသွားခဲ့တာဖြစ်ပါတယ်။

Getty Images

အသက်၂၈နှစ်ရှိဆွားရက်စ်ဟာ ၂၀၁၅ခုနှစ်က စပို့တင်းလစ္စဘွန်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဆောက်သမ်တန်နဲ့ ၄နှစ်ခွဲ ကာလအတွင်းမှာ စုစုပေါင်း၁၃၈ပွဲကစားပြီး ၃ဂိုးသွင်းယူခဲ့ပါတယ်။

Jack ( Sports Reader )

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *