အက္သလက္တီကုိကေန ထြက္ခြာဖုိ႔ ဆုံးျဖတ္ခဲ့တဲ့ အေၾကာင္းအရင္းကုိ ဖြင့္ဟခဲ့တဲ့ ဂရစ္မန္း

Getty Images

အက္သလက္တီကုိ မက္ဒရစ္တုိက္စစ္မွဴး ဂရစ္မန္းဟာ အသင္းကေန ထြက္ခြာမယ္ဆုိတဲ့အေၾကာင္းကုိ ေမလ၁၅ရက္က ႏူတ္ဆက္ ဗီဒီယုိဖုိင္နဲ႔အတူ ပရိသတ္ေတြကုိ အသိေပးသြားခဲ့တာျဖစ္ပါတယ္။ သူ႔ရဲ့ ႏူတ္ဆက္ ဗီဒီယုိဖုိင္ထဲမွာ ဘယ္အသင္းကုိ ေျပာင္းေရႊ႕မလဲဆုိတာ မပါ၀င္ခဲ့ေပမယ့္ ဘာစီလုိနာအသင္းဆီေျပာင္းေရႊ႕မွာ ျဖစ္ၿပီး ေျပာင္းေရႊ႕ေၾကး ေပါင္၁၀၄ သန္းနဲ႔ လာမယ့္ဇူလုိင္လအတြင္းမွာ အၿပီးသတ္ေျပာင္းေရႊ႕ကစားေတာ့ မွာျဖစ္တယ္လုိ႔သိရပါတယ္။

Getty Images

ဂရစ္မန္းအေနန႔ဲ အက္သလက္တီကုိ မက္ဒရစ္ နည္းျပနဲ႔ အသင္းတာ၀န္ရွိသူေတြနဲ႔ ေတြ႔ဆုံၿပီးေနာက္မွာ စိန္ေခၚမူအသစ္ေတြနဲ႔ ရင္ဆုိင္လုိတာေၾကာင့္ အသင္းကေန ထြက္ခြါဖုိ႔ ဆုံးျဖတ္ခဲ့တာျဖစ္ေၾကာင္း ပရိသတ္ ေတြကုိ ေျပာၾကားခဲ့တဲ့ ႏူတ္ဆက္ ဗီဒီယုိဖုိင္မွာ ထည့္သြင္းေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဂရစ္မန္းက ေျပာၾကား ရမွာေတာ့ “အားလုံးပဲ မဂၤလာပါ။ခ်ဳိလုိ (နည္းျပ ဆီျမြန္နီ) နဲ႔မီဂြယ္အုိင္ဂ်ယ္(အသင္းတာ၀န္ရွိသူ) တုိ႔နဲ႔ ေတြ႔ဆုံ ေဆြးေႏြးအၿပီးမွာ ကြ်န္ေတာ့္ကုိ အားေပးမူေတြ အမ်ားႀကီးေပးခဲ့ၾကတဲ့ ပရိသတ္ေတြကုိ ေျပာခ်င္ပါတယ္။ ကြ်န္ေတာ့္အေနနဲ႔ တျခား အရာေတြ၊တျခား စိန္ေခၚမူေတြ ျပဳလုပ္ဖုိ႔အတြက္ အသင္းကေန ထြက္ခြါဖုိ႔ ဆုံး ျဖတ္လုိက္ပါၿပီ။ ဒီဆုံးျဖတ္ခ်က္က လြယ္ကူတာမဟုတ္ေပမယ့္လည္း ကြ်န္ေတာ့္ ဆႏၵနဲ႔ ကြ်န္ေတာ္လုပ္ဖုိ႔ လုိအပ္ တဲ့အရာပါ။ ဒီအသင္းက ကြ်န္ေတာ့္ရဲ့ ပထမဆုံးဆုဖလားရယူႏုိင္ခဲ့တဲ့ ေနရာျဖစ္ၿပီး လြန္ခဲ့တဲ့ ၅ႏွစ္အတြင္းမွာ အားေပးခဲ့ၾကတဲ့ပရိသတ္ေတြအားလုံးကုိ ေက်းဇူးတင္ပါတယ္။ အသင္းအတြက္ ကြ်န္ေတာ္ လုပ္ေဆာင္ခဲ့တဲ့ အံ့အားသင့္စရာအ ခုိက္အတန္႔ေတြကုိ အျမဲတမ္းသတိရေနမွာျဖစ္ၿပီး ပရိသတ္ေတြအားလုံး ကုိပဲ ႏွလုံးသားထဲမွာ ရွိေနပါမွာပါ” လို႔ ဂရစ္မန္းကေျပာၾကားသြားခဲ့တာျဖစ္ပါတယ္။

Getty Images

ဂရစ္မန္းဟာ ၿပီးခဲ့တဲ့ ႏွစ္က အသင္းမွာဆက္ေနဖုိ႔ ဆုံးျဖတ္ၿပီး စာခ်ဳပ္သက္တမ္းတုိးခဲ့ေပ မယ့္လည္း ဘာစီလုိနာအသင္းက စာခ်ဳပ္ေလ်ာ္ေၾကး အျဖစ္ ေပါင္၁၀၄သန္းနဲ႔ ေခၚယူႏုိင္ေတာ့မွာျဖစ္တယ္လုိ႔ ဆုိပါတယ္။ ဒါေပမယ့္ အမွန္တကယ္ စာခ်ဳပ္ပါေလ်ာ္ေၾကးကေ ပါင္ ၁၇၄သန္းရွိေပမယ့္ အက္သလက္တီကုိ အသင္းက ေလ်ာ္ေၾကးပမာဏေလ်ာ့ခ်ၿပီး ကစာသမားရဲ့ဆႏၵအရ ေရာင္းခ်ခဲ့တာျဖစ္တယ္လုိ႔ဆုိပါတယ္။

Getty Images

အသက္ ၂၈ႏွစ္ရွိ ျပင္သစ္တုိက္စစ္မွဴး ဂရစ္မန္းဟာ အက္သလက္တီကုိ အသင္းကို ၂၀၁၄ခုႏွစ္ က ဆုိစီဒက္ အသင္းကေန ေျပာင္းေရႊ႔လာတာျဖစ္ပါတယ္။ အသင္းအတြက္ စုစုေပါင္း ၂၅၆ ပဲြမွာ ၁၃၃ဂုိး သြင္းခဲ့ၿပီး စပိန္စူပါ ဖလား၊ယူ႐ုိပါလိဂ္ဖလားနဲ႔ ဥေရာပစူပါဖလား သုံးလုံးရယူႏုိင္ခဲ့ပါတယ္။

Jack ( Sports Reader )
Source: Daily Mail


#Unicode version

အက်သလက်တီကို မက်ဒရစ်တိုက်စစ်မှူး ဂရစ်မန်းဟာ အသင်းကနေ ထွက်ခွာမယ်ဆိုတဲ့အကြောင်းကို မေလ၁၅ရက်က နူတ်ဆက် ဗီဒီယိုဖိုင်နဲ့အတူ ပရိသတ်တွေကို အသိပေးသွားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ နူတ်ဆက် ဗီဒီယိုဖိုင်ထဲမှာ ဘယ်အသင်းကို ပြောင်းရွှေ့မလဲဆိုတာ မပါဝင်ခဲ့ပေမယ့် ဘာစီလိုနာအသင်းဆီပြောင်းရွှေ့မှာ ဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင်၁၀၄ သန်းနဲ့ လာမယ့်ဇူလိုင်လအတွင်းမှာ အပြီးသတ်ပြောင်းရွှေ့ကစားတော့ မှာဖြစ်တယ်လို့သိရပါတယ်။

ဂရစ်မန်းအနေနဲ့ အက်သလက်တီကို မက်ဒရစ် နည်းပြနဲ့ အသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးနောက်မှာ စိန်ခေါ်မူအသစ်တွေနဲ့ ရင်ဆိုင်လိုတာကြောင့် အသင်းကနေ ထွက်ခွါဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ပရိသတ် တွေကို ပြောကြားခဲ့တဲ့ နူတ်ဆက် ဗီဒီယိုဖိုင်မှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ ဂရစ်မန်းက ပြောကြား ရမှာတော့ “အားလုံးပဲ မင်္ဂလာပါ။ချိုလို (နည်းပြ ဆီမြွန်နီ) နဲ့မီဂွယ်အိုင်ဂျယ်(အသင်းတာဝန်ရှိသူ) တို့နဲ့ တွေ့ဆုံ ဆွေးနွေးအပြီးမှာ ကျွန်တော့်ကို အားပေးမူတွေ အများကြီးပေးခဲ့ကြတဲ့ ပရိသတ်တွေကို ပြောချင်ပါတယ်။ ကျွန်တော့်အနေနဲ့ တခြား အရာတွေ၊တခြား စိန်ခေါ်မူတွေ ပြုလုပ်ဖို့အတွက် အသင်းကနေ ထွက်ခွါဖို့ ဆုံး ဖြတ်လိုက်ပါပြီ။ ဒီဆုံးဖြတ်ချက်က လွယ်ကူတာမဟုတ်ပေမယ့်လည်း ကျွန်တော့် ဆန္ဒနဲ့ ကျွန်တော်လုပ်ဖို့ လိုအပ် တဲ့အရာပါ။ ဒီအသင်းက ကျွန်တော့်ရဲ့ ပထမဆုံးဆုဖလားရယူနိုင်ခဲ့တဲ့ နေရာဖြစ်ပြီး လွန်ခဲ့တဲ့ ၅နှစ်အတွင်းမှာ အားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ အသင်းအတွက် ကျွန်တော် လုပ်ဆောင်ခဲ့တဲ့ အံ့အားသင့်စရာအ ခိုက်အတန့်တွေကို အမြဲတမ်းသတိရနေမှာဖြစ်ပြီး ပရိသတ်တွေအားလုံး ကိုပဲ နှလုံးသားထဲမှာ ရှိနေပါမှာပါ” လို့ ဂရစ်မန်းကပြောကြားသွားခဲ့တာဖြစ်ပါတယ်။

ဂရစ်မန်းဟာ ပြီးခဲ့တဲ့ နှစ်က အသင်းမှာဆက်နေဖို့ ဆုံးဖြတ်ပြီး စာချုပ်သက်တမ်းတိုးခဲ့ပေ မယ့်လည်း ဘာစီလိုနာအသင်းက စာချုပ်လျော်ကြေး အဖြစ် ပေါင်၁၀၄သန်းနဲ့ ခေါ်ယူနိုင်တော့မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အမှန်တကယ် စာချုပ်ပါလျော်ကြေးကေ ပါင် ၁၇၄သန်းရှိပေမယ့် အက်သလက်တီကို အသင်းက လျော်ကြေးပမာဏလျော့ချပြီး ကစာသမားရဲ့ဆန္ဒအရ ရောင်းချခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

အသက် ၂၈နှစ်ရှိ ပြင်သစ်တိုက်စစ်မှူး ဂရစ်မန်းဟာ အက်သလက်တီကို အသင်းကို ၂၀၁၄ခုနှစ် က ဆိုစီဒက် အသင်းကနေ ပြောင်းရွှေ့လာတာဖြစ်ပါတယ်။ အသင်းအတွက် စုစုပေါင်း ၂၅၆ ပွဲမှာ ၁၃၃ဂိုး သွင်းခဲ့ပြီး စပိန်စူပါ ဖလား၊ယူရိုပါလိဂ်ဖလားနဲ့ ဥရောပစူပါဖလား သုံးလုံးရယူနိုင်ခဲ့ပါတယ်။

Jack ( Sports Reader )
Source: Daily Mail