Sponsored

ဗိုလ်ချုပ်ပုံတစ်ထောင်တန်ငွေစက္ကူနှင့်ပတ်သတ်ပြီး ဗဟိုဘဏ်မှ ကြေငြာချက်တစ်ခုထူတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ ယင်းထုတ်ပြန်ချက်ကတော့ ဗိုလ်ချုပ်ပုံပါ ငွေစက္ကူများကို သပ်သပ်ရပ်ရပ် သုံးစွဲပေးကြဖို့ပဲဖြစ်ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ကိုတော့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေကြေးစီးမံ ခန့်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်က နိုင်ငံပိုင်မီဒီယာမှ တစ်ဆင့် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ပြည်သူများအတွက် သစ်လွင်တဲ့ ငွေစက္ကူများကို အသုံးနိုင်ရေး နိုင်ငံတော်မှ ပြုလုပ်ပေးလျက်ရှိကြောင်း၊ အဆိုပါ ငွေစက္ကူများကို ခေါက်ခြင်း၊ ချိုးခြင်း၊လိပ်ခြင်း လုံးခြေခြင်း ညစ်ပတ်စွန်းပေခြင်းများ မဖြစ်စေရေးကိုင်တွယ်အသုံးပြုရန် မေတ္တာရပ်ခံကြောင်း ဦးဝင်းမြင့်မှ ပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်ပုံ နဲ့ နောက်ထပ် ငွေစက္ကူ ပုံစံအသစ်တွေ

ဆက်လက်ပြီး ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ်များနှင့် အနာဂတ်မှာ ဆက်လက် ရိုက်နှိပ်ထုတ်ဝေသွားဖို့ အဆိုပြုဆွေးနွေးရာမှာလညး အတည်ပြုပြီးဖြစ်ကြောင်း၊ အတုအပများမှ ကာကွယ်နိုင်ရေး၊ ငွေစက္ကူအရည်အသွေးပိုမိုကောင်းမွန်စေရေးနှင့် လိုအပ်ချက်တွေကို ဆက်လက်ပြုပြင်ထားကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဥပဒေပုဒ်မ ၆၅ နှင့် ၆၆ ပါ ပြဌာန်းချက်တွေနဲ့ အညီ လုံခြုံရေးအဆင့် မြှင့်တင်ထားတဲံ ငွေစက္ကူအသစ်ကို ဇန်နဝါရီလ ၄ ရက်နေက စတင်ထုတ်ဝေခဲ့ကြောင်း ပြောကြားခဲံပါတယ်။

Sponsored

ထုတ်ဝေထားတဲ့ တစ်သောင်းတန်များနှင့် အရောင်ဆင်တူပေမယ့် လုံခြုံရေးအချက်အလက်များနှင့် လုံခြုံရေးကြိုးအရောင်တွေဟာ ကွာခြားကြောင်း၊ ဗိုလ်ချုပ်ပုံပါ ငွေစက္ကူပုံစံသစ် အမျိုးမျိုးကိုလည်း ဆက်လက်ထုတ်ဝေသွားဖို့ ရှိကြောင်း၊ တန်ဖိုးတစ်ခုချင်းအလိုက် အစဉ်အတိုင်း ဆက်လက်ထုတ်ဝေသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

တန်ဖိုးတစ်ခုချင်းအလိုက် အစဉ်အတိုင်း ဆက်လက်ထုတ်ဝေသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

ယင်းကဲ့သို့ ငွေစက္ကူများကို ရိုက်နှိပ် ထုတ်ဝေခြင်းဖြင့် ငွေကြေးဖောင်းပွမှု မရှိကြောင်း၊ လိုအပ်ချက်ဖြင့် ဘောင်အတွင်းကသာ ထုတ်တာကြောင့် စိုးရိမ်စရာ မရှိကြောင်း ပြောဆိုခဲ့ပါတယ်။ ပရိတ်သတ်ကြီးရေ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေတဲ့ ဗိုလ်ချုပ်ပုံပါ ငွေစက္ကူတွေကို ပြန်မြင်ရတဲ့ အတွက် ဝမ်းသာမိပါတယ်။

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *