ဆီမီးမှာ ဘယ်အသင်းနဲ့ တွေ့တွေ့ စိုးရိမ်မူမရှိဘူးလို့ ဆိုလိုက်တဲ့အေဂျက်ဇ်နည်းပြ
Getty Images
Getty Images
ဆီမီးဖိုင်နယ် အဆင့်မှာတော့ စပါးနဲ့ မန်စီးတီးအသင်းတွေထဲက အနိုင်ရတဲ့အသင်းနဲ့ တွေ့ဆုံရမှာဖြစ်ပြီး ဘယ်အသင်းပဲ တက်လာသည်ဖြစ်စေ စိုးရိမ်နေမှာမဟုတ်ဘဲ စိန်ခေါ်မူသစ်တစ်ခုအဖြစ် ရင်ဆိုင်သွားမယ်လို့ အသင်းနည်းပြ အီရစ်ခ်တန်ဟတ်ခ်ျ ကပြောကြားခဲ့တာဖြစ်ပါတယ်။
Getty Images
Getty Images
Getty Images
Jack ( Sports Reader )
Source: Daily Mail
#Unicode Version
ဟော်လန်ကလပ်အေဂျက်ဇ်အသင်းဟာ ကွာတားဖိုင်နယ်မှာလည်း နာမည်ကြီး ဂျုဗင်တပ် အသင်းကို အဝေးကွင်းမှာ အနိုင်ယူပြီး ဆီမီးဖိုင်နယ်တက်လှမ်းနိုင်ခဲ့ပါတယ်။ အေဂျက်ဇ်အသင်းဟာ ၁၆သင်းအဆင့်မှာ တုန်းကလည်း လက်ရှိချန်ပီယံရီးယဲလ်မက်ဒရစ်အသင်းကို အနိုင်ယူကျော်ဖြတ်ခဲ့တာဖြစ်ပါတယ်။
ဆီမီးဖိုင်နယ် အဆင့်မှာတော့ စပါးနဲ့ မန်စီးတီးအသင်းတွေထဲက အနိုင်ရတဲ့အသင်းနဲ့ တွေ့ဆုံရမှာဖြစ်ပြီး ဘယ်အသင်းပဲ တက်လာသည်ဖြစ်စေ စိုးရိမ်နေမှာမဟုတ်ဘဲ စိန်ခေါ်မူသစ်တစ်ခုအဖြစ် ရင်ဆိုင်သွားမယ်လို့ အသင်းနည်းပြ အီရစ်ခ်တန်ဟတ်ချ် ကပြောကြားခဲ့တာဖြစ်ပါတယ်။
တန်ဟတ်ချ်က “ ဒီအသင်းက တဖြည်းဖြည်း တိုးတက်လာနေပါတယ်။ပွဲတစ်ပွဲလုံးမှာ ပြိုင်ဘက်ကို ကစားပုံ ကျဉ်းမြောင်းသွား စေဖို့အတွက် ဘယ်လို တွန်းပို့ရမလဲဆိုတာ ကျွန်တော်တို့အသင်းက သိပါတယ်။ ပြီးတော့ ဆီမီးမှာ တော့တင်ဟမ်ပဲဖြစ်ဖြစ် မန်စီးတီးပဲဖြစ်ဖြစ် နောက်ထပ်စိန်ခေါ်ယူအသစ်တစ်ခုပဲ ဖြစ်လာ မှာပါ။ ကျွန်တော်တို့ ရှေ့ဆက်ပြီး ကျော်ဖြတ်သွားမှာပါ” လို့ နည်းပြ တန်ဟတ်ချ်ကပြောကြားခဲ့တာဖြစ်ပါတယ်။
ဂျုဗင်တပ်အသင်းကို အနိုင်ယူခဲ့တဲ့ အခြေအနေကို ပြန်လည်ပြောပြရမှာလည်း နည်းပြတန်ဟတ်ချ်က “ ပွဲအစ မှာ သူတို့ရဲ့ ပြင်းထန်တဲ့တိုက်စစ်ဆင်မူကနေ ကျွန်တော်တို့ ရုန်းထွက်နိုင်ခဲ့တယ်။ဖိအားတွေနဲ့အတူ အကောင်းဆုံးအချိန်ရဖို့ခက်ခဲခဲ့ပါတယ်။ဒါပေမယ့် ဂျုဗင်တပ်အသင်း ဘာမှအလုပ်နိုင်အောင်လုပ်နိုင်ခဲ့ တယ်။ ဒုတိယပိုင်းမှာ အခွင့်အရေး ၃-၄ကြိမ်ရခဲ့ပြီး ပွဲကို အေးအေးဆေး ထိန်းချုပ်နိုင်တဲ့အခြေအနေတောင် ရသင့် ခဲ့တာပါ။ဒါပေမယ့် ကျွန်တော်ပျော်ပါတယ်။ အသင်းအတွက်လည်း ဂုဏ်ယူပါတယ်” လို့ တန်ဟတ်ချက်က ဆိုခဲ့ ပါတယ်။
လွန်ခဲ့တဲ့ ၁၄နှစ်က ပီအက်စ်ဗွီ အသင်းက အင်္ဂလန်၊ဂျာမနီ၊စပိန်၊အီတလီနဲ့ ပြင်သစ် လိဂ်အပြင်ဘက်က အသင်းတစ်သင်းအနေနဲ့ ဆီမီးဖိုင်နယ်တက်ခဲ့ပြီးနောက် အခုနှစ်ပြိုင်ပွဲမှာ အေဂျက်ဇ်အသင်းက ပထမဆုံး အကြိမ် ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ အေဂျက်ဇ်အသင်းရဲ့ ရလဒ်တွေက ဟော်လန်ဘော လုံးအတွက်လည်း အများကြီးအရေးပါတယ်လို့လည်း နည်းပြ တန်ဟတ်ချ်ကပြောကြားသွားခဲ့ပါတယ်။
Jack ( Sports Reader )
Source: Daily Mail