Sponsored

မတ်လ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့ကျန်မာရေးအဖွဲ့အစည်းက မြန်မာအပါအဝင်အရှေ့တောင်အာရှနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းဟာ အရှိန်အဟုန်နဲ့ထိုးတက်လာနိုင်တဲ့အတွက် အထူးဂရုစိုက်ကြပ်မတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့အပတ်ရဲ့ ကူးစက်ပြန့်ပွားမှုနှုန်းဟာ ကမ္ဘာ့နိုင်ငံ အတော်အများကို အထိတ်တလန့်ဖြစ်စေခဲ့ပြီး ကျောင်းတွေ၊ လူစုလူဝေးတွေကိုတားမြစ်ခြင်းအပြင် နယ်စပ်တွေကိုပါ ပိတ်ပစ်ရသည်အထိ ဆိုးရွားခဲ့ပါတယ်။

@CNA

ဒီဖြစ်စဉ်တွေဟာ ကျန်းမာရေးစောင့်ရှောက်မှု တောင့်တင်းတဲ့ ဥရောပနိုင်ငံတွေနဲ့ အာရှအင်အားကြီးနိုင်ငံတွေမှာလက်တလော ဖြစ်ပွားခဲ့တာပါ။ ၎င်းနှင့်အလား တူ ကူးစက်မှုမျိုးသာ ကျန်းမာရေးစောင့်ရှောက်မှုအားနည်းတဲ့ အရှေ့တောင်အာရှနိုင်ငံအချို့ကို ကူးစက်ခဲ့ပါက အခြေအနေဟာ ဝရုန်းသုန်းကားဖြစ်လာနိုင်တဲ့အတွက် ကြိုတင်သတိပေးနေရခြင်းလည်းဖြစ်ပါတယ်။

Sponsored

WHO ရဲ့ ဒေသတွင်း အကြီးအကဲ က ” ကျွန်မတို့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကူးစက်မှုပြန့်ပွားမှုနှုန်းကို ကြိုတင်ကာကွယ်ဖို့ အစီအစဉ်တွေ ချက်ချင်းချသင့်နေပါပြီ။ တဖြည်းဖြည်းနဲ့ ကူးစက်နိုင်တဲ့ ကွင်းဆက်တွေက ကျယ်ပြန့်လာတာကိုတွေ့ရပါတယ်။ ဒါ့ကြောင့် ကူးစက်နိုင်တဲ့အခြေအနေကို အတိအကျ ရှောင်ကျဉ်ဖို့လိုပါတယ်။ ယခင်က ပြင်ဆင်ထားတယ်ဆိုလည်း ဒီ့ထက်ပိုပြီးပြင်ဆင်ဖို့လိုအပ်ပါတယ်။ ” လို့သူမကပြောပါတယ်။ ဒေသတွင်းမှာတော့ မလေးရှားနိုင်ငံဟာကူးစက်ခံရသူ ၆၇၃ ဦးနဲ့ ထိပ်ဆုံးမှာ ရှိနေပါတယ်။

@CNA

အများစုသိရှိပြီးဖြစ်တဲ့အတိုင်း ၎င်းတို့အထဲမှ တော်တော်များများဟာ လူ ၂၀,၀၀၀ နီးပါးတက်ရောက်ခဲ့တဲ့ ဘာသာရေးပွဲမှ စတင်ပြန့်နှံ့ခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ မတ်လ ၁၆ ရက်နေ့က မလေးရှားဝန်ကြီးချုပ်က မလေးရှားနိုင်ငံရဲ့ ပြည်ပထွက်ခွာခွင့်တွေကို လုံးဝပိတ်ပစ်ခဲ့တာပါ။

ယခုလို ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်သင့်တယ်လို့ဆိုရာမှာ ” လက်မကြာခဏဆေးကြောပေးခြင်းနှင့် လူစုလူဝေးကို ရှောင်ကြဉ်ခြင်းဟာ တကယ့်ကို အခရာကျတဲ့အရာတွေဖြစ်ပါတယ်” လို့ WHO ကအကြံပေးပါတယ်။ ယခုဆို ကမ္ဘာမှာ လူပေါင်း ၁၈၀,၀၀၀ လောက် ကူးစက်ခံနေပြီလို့ မတ်လ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

Writer- ZWP ( The Lifestyle Myanmar )
Source – CNA

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *