လစ္ဗာပူးလ္ဂုိးသမား အက္ဒရီယန္ရဲ့ ပင္နယ္တီကာကြယ္မွု စည္းမ်ဥ္းနဲ႔မညီေၾကာင္း ပရိသတ္မ်ားေ၀ဖန္

Getty Images

လစ္ဗာပူးလ္အသင္းက ခ်ဲလ္ဆီးအသင္းကုိ ပင္နယ္တီအဆုံးအျဖတ္နဲ႔ အႏုိင္ရခဲ့တဲ့ စူပါ ဖလားဗုိလ္ လုပဲြစဥ္မွာ ဂုိးသမားသစ္ အက္ဒရီယန္က ခ်ဲလ္ဆီးတုိက္စစ္မွဴးေအဗရာဟမ္ရဲ့ ပင္နယ္တီကန္သြင္း မူကုိ ကာကြယ္ႏုိင္ခဲ့ၿပီး သူရဲေကာင္းျဖစ္ခဲ့ပါတယ္။ၿပီးခဲ့တဲ့၁ ပတ္ခန္႔ ကမွ ၀က္စ္ဟမ္းအသင္းကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေျပာင္းေရႊ႕လာတဲ့ စပိန္ဂုိသမား အက္ဒရီယန္ဟာ အသင္းနဲ႔ ၂ပဲြ ေျမာက္ ပဲြစဥ္မွာပဲ ဆုဖလားတစ္လုံးရယူႏုိင္ခဲ့တာျဖစ္ပါတယ္။

Getty Images

ဒါေပမယ့္လည္း လစ္ဗာပူးအသင္းကုိ ခ်န္ပီယံျဖစ္သြားေစခဲ့တဲ့ ဂုိးသမား အက္ဒရီယန္ ရဲ့ ပင္နယ္တီ ကာ ကြယ္မူဟာ စည္းမ်ဥ္းနဲ႔ မကုိက္ညီေၾကာင္း ပရိသတ္ေတြက ေ၀ဖန္ခဲ့ၾကတာျဖစ္ပါတယ္။ လစ္ဗာ ပူးနဲ႔ ခ်ဲလ္ဆီးနဲ႔ ကစား ခဲ့တဲ့ ဥေရာပစူပါဖလားဗုိလ္လုပဲြမွာ ပဲြခ်ိန္အတြင္း ၁ဂုိး စီသေရက်ခဲ့ၿပီး အခ်ိန္ပုိ မွာ တစ္ဂုိးစီထပ္သြင္းခဲ့ ၾကလုိ႔ ၂ဂုိးစီသေရက်ေနခဲ့တာပါ။

Getty Images

ပင္နယ္တီအဆုံးအျဖတ္ခံယူခဲ့ရာမွာေတာ့ ခ်ဲလ္ဆီးတုိက္စစ္မွဴး ေအဗရာဟမ္သြင္းယူခဲ့တဲ့ ကန္ခ်က္ကုိ လစ္ဗာပူး ဂုိးသမား အက္ဒရီယန္ ကာ ကြယ္ႏုိင္ခဲ့ေၾကာင့္ ၅ဂုိး ၄ဂုိးနဲ႔ လစ္ဗာပူးအသင္းခ်န္ပီယံဆုဖလားရယူႏုိင္ခဲ့ တာျဖစ္ပါ တယ္။
ပရိသတ္ေတြကေတာ့ ခ်ဲလ္ဆီးတုိက္စစ္မွဴး ေအဗရာဟမ္ ပင္နယ္တီ ကန္ လုိက္တဲ့အခ်ိန္မွာ ဂုိးသမား အက္ဒရီယန္က ဂုိးစည္းေပၚမွာရပ္မေနဘဲ ေရွ႕ထြက္ ေနခဲ့တဲ့ အေပၚမွာ စည္းမ်ဥ္းနဲ႔ မညီေၾကာင္း တြစ္တာကေန ေမးခြန္းထုတ္ခဲ့ၾကတာျဖစ္ ပါ တယ္။စည္းမ်ဥ္းအရ ပင္နယ္တီကန္ေနခ်ိန္မွာ ဂုိးသ မားက ဂုိးစည္းေပၚမွာ အနည္းဆုံးေျခေထာက္ တစ္ဖက္နဲ႔ ထိဖုိ႔လုိအပ္တာျဖစ္ပါ တယ္။

Getty Images

လစ္ဗာပူးအသင္းအႏုိင္ရေစမယ့္ ပင္နယ္တီကာကြယ္မူ မွာ ေတာ့ ဂုိးသမားက ဂုိးစည္းေပၚမွာရွိမေနဘဲ ေရွ႕ထြက္ၿပီး ကာကြယ္ခဲ့တဲ့အေပၚမွာ VAR စနစ္နဲ႔ ျပန္ ၾကည့္ၿပီး ျပန္ကန္ခုိင္းသင့္ေၾကာင့္ ပရိသတ္ ေတြက ေထာက္ျပခဲ့ၾကတာျဖစ္ပါတယ္။ “ ဘာေၾကာင့္ VAR စနစ္နဲ႔ မွန္မွန္ကန္ကန္ ျပန္မစစ္ခဲ့တာ လဲ။ေအဗရာဟမ္ကန္လုိက္တဲ့အခ်ိန္မွာ အက္ဒရီယန္ရဲ့ ေျခေထာက္၂ဖက္စလုံးက ဂုိးစည္ေပၚမွာ လုံး၀ေျခမခ်ခဲ့ပါဘူး။ဒါေပမယ့္ ျပန္မကန္ခုိင္းခဲ့ဘူး။တကယ့္ကုိရယ္စရာပါ” လုိ႔ ပရိသတ္တစ္ ဦးက တြစ္တာကေနေ၀ဖန္သြားခဲ့တာျဖစ္ပါတယ္။

Getty Images
Getty Images

Jack ( Sports Reader )
Source: Daily Mail


#Unicode Version

လစ်ဗာပူးလ်အသင်းက ချဲလ်ဆီးအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တဲ့ စူပါ ဖလားဗိုလ် လုပွဲစဉ်မှာ ဂိုးသမားသစ် အက်ဒရီယန်က ချဲလ်ဆီးတိုက်စစ်မှူးအေဗရာဟမ်ရဲ့ ပင်နယ်တီကန်သွင်း မူကို ကာကွယ်နိုင်ခဲ့ပြီး သူရဲကောင်းဖြစ်ခဲ့ပါတယ်။ပြီးခဲ့တဲ့၁ ပတ်ခန့် ကမှ ဝက်စ်ဟမ်းအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာတဲ့ စပိန်ဂိုသမား အက်ဒရီယန်ဟာ အသင်းနဲ့ ၂ပွဲ မြောက် ပွဲစဉ်မှာပဲ ဆုဖလားတစ်လုံးရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လစ်ဗာပူးအသင်းကို ချန်ပီယံဖြစ်သွားစေခဲ့တဲ့ ဂိုးသမား အက်ဒရီယန် ရဲ့ ပင်နယ်တီ ကာ ကွယ်မူဟာ စည်းမျဉ်းနဲ့ မကိုက်ညီကြောင်း ပရိသတ်တွေက ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။ လစ်ဗာ ပူးနဲ့ ချဲလ်ဆီးနဲ့ ကစား ခဲ့တဲ့ ဥရောပစူပါဖလားဗိုလ်လုပွဲမှာ ပွဲချိန်အတွင်း ၁ဂိုး စီသရေကျခဲ့ပြီး အချိန်ပို မှာ တစ်ဂိုးစီထပ်သွင်းခဲ့ ကြလို့ ၂ဂိုးစီသရေကျနေခဲ့တာပါ။

ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာမှာတော့ ချဲလ်ဆီးတိုက်စစ်မှူး အေဗရာဟမ်သွင်းယူခဲ့တဲ့ ကန်ချက်ကို လစ်ဗာပူး ဂိုးသမား အက်ဒရီယန် ကာ ကွယ်နိုင်ခဲ့ကြောင့် ၅ဂိုး ၄ဂိုးနဲ့ လစ်ဗာပူးအသင်းချန်ပီယံဆုဖလားရယူနိုင်ခဲ့ တာဖြစ်ပါ တယ်။
ပရိသတ်တွေကတော့ ချဲလ်ဆီးတိုက်စစ်မှူး အေဗရာဟမ် ပင်နယ်တီ ကန် လိုက်တဲ့အချိန်မှာ ဂိုးသမား အက်ဒရီယန်က ဂိုးစည်းပေါ်မှာရပ်မနေဘဲ ရှေ့ထွက် နေခဲ့တဲ့ အပေါ်မှာ စည်းမျဉ်းနဲ့ မညီကြောင်း တွစ်တာကနေ မေးခွန်းထုတ်ခဲ့ကြတာဖြစ် ပါ တယ်။စည်းမျဉ်းအရ ပင်နယ်တီကန်နေချိန်မှာ ဂိုးသ မားက ဂိုးစည်းပေါ်မှာ အနည်းဆုံးခြေထောက် တစ်ဖက်နဲ့ ထိဖို့လိုအပ်တာဖြစ်ပါ တယ်။

လစ်ဗာပူးအသင်းအနိုင်ရစေမယ့် ပင်နယ်တီကာကွယ်မူ မှာ တော့ ဂိုးသမားက ဂိုးစည်းပေါ်မှာရှိမနေဘဲ ရှေ့ထွက်ပြီး ကာကွယ်ခဲ့တဲ့အပေါ်မှာ VAR စနစ်နဲ့ ပြန် ကြည့်ပြီး ပြန်ကန်ခိုင်းသင့်ကြောင့် ပရိသတ် တွေက ထောက်ပြခဲ့ကြတာဖြစ်ပါတယ်။ “ ဘာကြောင့် VAR စနစ်နဲ့ မှန်မှန်ကန်ကန် ပြန်မစစ်ခဲ့တာ လဲ။အေဗရာဟမ်ကန်လိုက်တဲ့အချိန်မှာ အက်ဒရီယန်ရဲ့ ခြေထောက်၂ဖက်စလုံးက ဂိုးစည်ပေါ်မှာ လုံးဝခြေမချခဲ့ပါဘူး။ဒါပေမယ့် ပြန်မကန်ခိုင်းခဲ့ဘူး။တကယ့်ကိုရယ်စရာပါ” လို့ ပရိသတ်တစ် ဦးက တွစ်တာကနေဝေဖန်သွားခဲ့တာဖြစ်ပါတယ်။

Jack ( Sports Reader )
Source: Daily Mail