Sponsored

ယခုပိတ်ဆို့မှုဟာ အချို့သော ဗြိတိန်နိုင်ငံသားတွေအတွက် ဘဝမှာ ပထမဆုံးအကြိမ်အဖြစ်ကြံုံဖူးကြသူတွေလည်းရှိနေပါတယ်။ ယခုထုတ်ပြန်ချက်အရ ဗြိတန်တစ်နိုင်ငံလုံး အသွားအလာပိတ်ဆို့သွားမှာဖြစ်ကာ နေ့စဉ်လိုအပ်တာတွေအတွက် ဈေးဝယ်ခြင်း၊ အားကစားလုပ်ခြင်းနဲ့ မဖြစ်မနေခရီးသွားရခြင်းတွေကို သာ ခွင့်ပြုသွားမှာဖြစ်ပါတယ်။

နေ့စဉ်မရှိမဖြစ်လိုအပ်တာတွေသာ ရောင်းချတဲ့ ဆိုင်တွေကို ဖွင့်ခွင့်ပေးမည်ဖြစ်ကာ လူနှစ်ဦးထက်ပိုပြီး စုရုံးခွင့်ကို ပိတ်ပင်ထားပါတယ်။ ယခုဆိုရင် ဗြိတိန်နိုင်ငံအတွင်းရောဂါကြောင့်သေဆုံးသူဦးရေဟာ ၃၃၅ ဦးအထိရှိလာပြီလည်း ဖြစ်ပါတယ်။

@BBC

ဗြိတိန် ဝန်ကြီးချုပ် Boris Johnsonက ယခုထုတ်ပြန်ချက်ကို မလိုက်နာပါက ရဲဝန်ထမ်းတွေအနေဖြင့် ထိထိရောက်ရောက်အရေးယူဖို့ အာဏာအပြည့်ပေးထားတယ်လို့လည်းဆိုပါတယ်။ စာကြည့်တိုက်တွေ၊ ကစားကွင်းတွေနဲ့ အားကစားခန်းမတွေကို ချက်ချင်းပိတ်သိမ်းခိုင်းထာပြီး ပန်းခြံတွေကိုတော့ ကိုယ် လက်လှုပ်ရှားလေ့ကျင့်ခန်းအတွက်သာ ဖွင့်ပေးသွားမှာဖြစ်ပါတယ်။

Sponsored

သို့ပေမယ့် ပန်းခြံထဲမှာ စကားစုပြောခြင်းနဲ့ ပျော်ပွဲစားထွက်ခြင်းတွေမလုပ်ဖို့တားမြစ်ပါတယ်။ ဒါ့အပြင် နာရေးကလွဲလို့ မင်္ဂလာဆောင်တွေနဲ့ ဘာသာရေးပွဲတွေကိုလည်း ရပ်တန့်ထားရမှာဖြစ်ပါတယ်။ စားသောက်ဆိုင်တွေ ဖွင့်ထားမှာဖြစ်ပေမယ့် ပါဆယ်ယူဆောင်ခြင်းပဲခွင့်ပြုမှာဖြစ်ပါတယ်။ ဘဏ်တွေ၊ ဆေးဆိုင်တွေ၊ စာတိုက်ရုံးတွေ၊ ဓါတ်ဆီဆိုင်တွေ၊ နဲ့ အဝတ်လျော်လုပ်ငန်းတွေကိုတော့ ဖွင့်ခွင့်ပေးထားပါတယ်။

@BBC

နိုင်ငံက တကယ့်ကို အရေးပေါ်အခြေအနေကို ရောက်နေပါပြီ၊ အိမ်မှာပဲနေခြင်းဖြင့် နိုင်ငံတော် ကာကွယ်မှုမှာ ပူးပေါင်းပါဝင်ကြပါ။ နောက်သုံးပတ်အကြာမှာ ကျွန်တော်တို့ အခြေအနေပြန်စောင့်ကြည့်ပါမယ်။ ” လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။ ရဲဌာနအတွင်းမှာလည်း ဖျားနာသူတွေရှိနေပြီး တကယ့်စိန်ခေါ်မှုကြီး နဲ့ ကြုံနေရတယ်လို့ လန်ဒန်ရဲဌာန အကြီးအကဲက ဆိုပါတယ်။ ဒါ့အပြင် ဗြိတိန်လိုနိုင်ငံကြီးမှာတောင် အီတလီပုံစံဖြစ်ခဲ့ရင် ထိန်းချုပ်ဖို့ တကယ်မလွယ်ပါဘူးလို့လည်း ဆေးဘက်ဆိုင်ရာပညာရှင်တွေက ဝန်ခံပါတယ်။ ဒါကြောင့် ပြည်သူတွေလည်း ပူးပေါင်းပါဝင်ဖို့အတွက် နှိုးဆော်နေခြင်းဖြစ်ပါတယ်။

ဗြိတိန် နိုင်ငံအတွင်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တစ်နေ့တည်းတင် ၄၆ဦးသေဆုံးခဲ့ကာ အသက် ၄၇ နှစ်ကနေ ၁၀၅ ကြားပြည်သူတွေဖြစ်ပါတယ်။ လူ ၈သောင်းကျော်ကို စစ်ဆေးခဲ့ရာမှာ ၆၆၅၀ ဟာ ရောဂါကူးစက်ခံနေရတာကိုတွေ့ရပါတယ်။ ဒါ့ကြောင့် ကုသဆေးဝါးနဲ့ ကာကွယ်ရေးအသုံးအဆောင်တွေကို ထပ်မံဝယ်ယူနေတယ်ရပါတယ်။ ဒါ့အပြင် အသက်အပိုင်းအခြားနဲ့ ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး အထိခိုက်အလွယ်ဆုံးအုပ်စုသတ်မှတ်ထားကာ ထိုသူတွေကို ၁၂ ပတ်ကြာ အိမ်မှာပဲနေဖို့ တိုက်တွန်းထားပါတယ်။ နောက်တစ်ချက်ကတော့ ဗြိတိန်အနေနဲ့ တိုကျိုအိုလံပစ်ကို အားကစားသမားစေလွှတ်မှာ မဟုတ်တော့ဘူး ဆိုတာပါပဲ။

ယခုအချိန်အထိတော့ အိုလံပစ်ကော်မတီက တိုကျိုအိုလံပစ်ကို ရပ်ဆိုင်းမလား ဆက်လက်လုပ်ဆောင်မလားမသေချာသေးပေမယ့် ဗြိတိန်ထက်အရင် သြစတြီးယားနဲ့ ကနေဒါကတော့ ပါဝင်ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့ ကြေငြာသွားခဲ့တာပါ။

Writer- ZWP
Source – BBC

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *