ချစ်တဲ့သူတွေအားလုံးကို နှုတ်ဆက်ထွက်ခွာသွားပြီဖြစ်တဲ့ သရုပ်ဆောင် ကစ်ကစ်

@Facebook

ကစ်ကစ်ရဲ့ သတင်းကိုကြားပြီး ပရိသတ်တွေအားလုံးနဲ့ မိတ်ဆွေအပေါင်းအသင်း၊ အနုပညာရှင်တွေအားလုံး စိတ်မကောင်းဖြစ်လို့နေပါတယ်။ ဟာသသရုပ်ဆောင် ကစ်ကစ်ကတော့ သူချစ်တဲ့ သူတွေအားလုံးကို နှုတ်ဆက်ထွက်ခွာသွားပြီဖြစ်ပါတယ်။ ကစ်ကစ်ကွယ်လွန်သွားပြီဆိုတဲ့ အကြောင်းကိုလည်း ကစ်ကစ်ကို အနီးကပ် ပြုစုစောင့်ရှောက်ပေးနေသူ သရုပ်ဆောင် ခင်သဇင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ယခုလို ရေးသားထားပါတယ်။

@Facebook

“ဒီမနက် ၁၀:၄၀ မှာ မကစ် ဘဝတပါးသို့ ကူးပြောင်းသွားပါပြီ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ၁၀း ၅၃ မိနစ်က ရေးသားထားပါတယ်။

ကစ်ကစ်ရဲ့ သတင်းကိုကြားပြီး ပရိသတ်တွေအားလုံးနဲ့ မိတ်ဆွေအပေါင်းအသင်း၊ အနုပညာရှင်တွေအားလုံး စိတ်မကောင်းဖြစ်လို့နေပါတယ်။

@Facebook

ခင်သဇင်ဟာ ကစ်ကစ်ရဲ့ ကျန်းမာရေးစဖြစ်ကတည်းက အနီးကပ်ပြုစု စောင့်ရှောက်လာတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ အခုချိန်မှာတော့ ဆေးဖိုးဈေးနှုန်းတွေက ကြီးလာတာနဲ့အမျှ အဆင်မပြေဖြစ်ရတယ်လို့ နိုဝင်ဘာလ ၂၂ ရက်နေ့ မနက် ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

@Facebook

လစဉ် ကိုယ့် အိတ်ထဲက ချေးငှားပေးပေမယ့် ဘယ်လိုမှ လောက်မနေဘူး။ကိုယ်တိုင်လည်း မကစ်ကို တစ်လ တစ်သိန်းနဲ့ ပုံမှန်လှူခဲ့တာ တစ်နှစ် တင်းတင်း ပြည့်ပါပြီ။ ကိုယ်လည်း မိန်းမ တစ်ယောက်တည်း ရုန်းကန်ရှာဖွေ နေရတာ ဖြစ်တဲ့ အတွက် သူ ဆေးကုဖို့ စားရိတ်မကျန်တော့လို့ ငိုပြီး ဖုန်းဆက်လာတိုင်း တကယ်ကို ရင်တွေ ပူနေခဲ့ရပါတယ် ဒါပေမယ့် တက်နိုင်သလောက် ထပ်ထပ်လှူခဲ့ပါတယ်။ စာရင်းတွေ သွားစစ် သွားမေးတော့မှ တစ်လ ထွက်ငွေက သိန်း ၂၀ ကျော်နေတာကိုး။ ဆေးဖိုးတွေက ဈေးကြီး နေတာ မေးကြည့်တော့ ကိုယ်လည်း တစ်လ တစ်လ ခေါင်းမီးတောက်ရတယ်” လို့ သူက ဆိုပါတယ်။

@Facebook

အခုတော့ ကစ်ကစ်က အားလုံးကို နှုတ်ဆက်သွားပါပြီဖြစ်တာကြောင့် ခင်သဇင်လည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။

သရုပ်ဆောင် ကစ်ကစ်ဟာ ဆီးချိုရောဂါကိုခံစားနေသလို ကျောက်ကပ် ကပါ မကောင်းတဲ့အတွက် အချိန်တော်ကြာ ဆေးကုသမှု ခံယူခဲ့ရ တာကြောင့် အနုပညာအလုပ်တွေနဲ့ရောပရိသတ်တွေနဲ့ပါ အဆက်အသွယ်ပြတ်ခဲ့ရပါတယ်။ ကစ်ကစ်ဟာ ၂၀၁၈ခုနှစ် နှစ်စပိုင်းတုန်းက ကျန်းမာရေး အခြေအနေတော်တော့်ကို မကောင်းခဲ့တာပါ။ခင်သဇင်က ကစ်ကစ်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အနီးကပ် စောင့်ရှောက်ပေးပြီး တာဝန်ယူပေးနေတာ ဖြစ်ပါတယ်။