ခင္ပြန္းျဖစ္သူ၏ ႏွိပ္စက္မွု ကုိ ၇ ႏွစ္ၾကာ ခံစားေနရသည့္ ရန္ကုန္ၿမိဳ႕က အမ်ဳိးသမီး

ကခ်င္ျပည္နယ္ရွိ အမ်ဳိးသမီးႏွင့္ မိန္းကေလးစင္တာမ်ားက စစ္ေဘးေရွာင္စခန္းမ်ားမွ က်ားမကြဲျပားမႈအေျချပဳ အၾကမ္းဖက္မႈဒဏ္ ခံစားေနရေသာ အမ်ဳိးသမီးႏွင့္ မိန္းကေလးမ်ားအား အကူအညီမ်ား ေပးအပ္လ်က္ရွိသည္။ ဓာတ္ပုံ - ယင္နီ ဂမ္းမင္း/ ကုလသမဂၢလူဦးေရ ရန္ပံုေငြအဖဲြ႔

ရန္ကုန္တိုင္းေဒသႀကီး၊ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ သုဝဏၰ၊ ႏွင္းဆီကုန္းလမ္းရွိ ေနအိမ္တအိမ္တြင္ ခင္ပြန္းျဖစ္သူက အမ်ဳိးသမီးႏွင့္ သားသမီးမ်ားကို ေန႔စဥ္နီးပါး ႐ုိက္ႏွက္ႏွိပ္စက္မႈမ်ားျပဳလုပ္လ်က္ရွိေၾကာင္း အနီးဝန္းက်င္တြင္ ေနထုိင္သူမ်ားထံမွ သိရသည္။

အဆိုပါ လင္မယားႏွစ္ဦး၏ အိမ္ေထာင္သက္မွာ ဆယ္စုႏွစ္တခုေက်ာ္ၾကာျမင့္ၿပီျဖစ္ၿပီး လြန္ခဲ့သည္ ၇ ႏွစ္ ေလာက္မွစတင္၍ ခင္ပြန္းျဖစ္သူသည္ အိမ္သူဇနီးမယားႏွင့္သားသမီးမ်ားကို အေၾကာင္းအမ်ဳိးမ်ဳိးရွာကာ အႏိုင္အထက္ျပဳ႐ုိက္ႏွက္မႈမ်ားျပဳေနေၾကာင္း သိရသည္။

အိမ္တြင္းအၾကမ္းဖက္မႈ

အရင္ကဒီေလာက္မဆိုးဘူး။ ဒီလိုအိမ္တြင္းအၾကမ္းဖက္မႈေတြျဖစ္ေနေတာ့ စံုစမ္းၾကည့္ေတာ့ သူ႕အမ်ဳိးသားက ေဆးသံုးေနတယ္လုိ႔ ၾကားရတယ္။ သူမိန္းမကလည္း ေတာ္ေတာ္ေၾကာက္ေတာ့ ဘယ္မွလည္း မတိုင္ရဲဘူး။ အိမ္ျပင္လည္း ေပးမထြက္ဘူး။ ညေနပိုင္းဆိုရင္ ပိုက္ဆံေတြယူၿပီးေတာ့ ေဆးသံုးတယ္။ ေဆးသံုးၿပီး ျပန္လာရင္ ညဆိုမအိပ္ေတာ့ဘဲ ဆူပူ႐ိုက္ႏွက္တယ္။ ေဘးပတ္ဝန္းက်င္ကလူေတြ အကုန္သိတယ္။ ႐ိုက္ရင္လည္း ေသာ့ခတ္ၿပီး႐ိုက္တာ။ သားသမီးေတြဆိုလည္း မညႇာ ဘူး။ ဖူးေရာင္ေနေအာင္႐ိုက္တာ။ ၿပီးခဲ့တဲ့ ၂ ႏွစ္ေလာက္ကလည္း သူ႕မိန္းမကို႐ိုက္ေတာ့ ေခါင္းကြဲတယ္။ ရဲစခန္းကို သြားတိုင္တယ္။ နယ္ေျမစခန္း ၂ဝ က နယ္ေျမ ၁၉ ကဆိုၿပီးလႊဲတယ္။ ေနာက္ဆံုးၿမိဳ႕နယ္ရဲမွဴးႀကီးဆီကုိသြားတိုင္ေတာ့ ဖမ္းသြားတယ္။ ခဏပဲ ၿပီးေတာ့ ျပန္လႊတ္လိုက္တယ္။ တရား႐ံုးေရာက္ေတာ့ သူ႕ကိုသတိေပးၿပီး ဒဏ္ေငြနဲ႔ၿပီးသြားတယ္။ ျပန္ေရာက္ လာေတာ့ လည္း ႏွိပ္စက္ၿမဲပဲ”ဟု အဆိုပါ ရပ္ကြက္တြင္ေနထိုင္သူတဦးကေျပာသည္။

၎အမ်ဳိးသားသည္ေဆးျဖတ္ရန္ ရြာသာႀကီးစိတ္ေရာဂါကုေဆး႐ံုသို႔ သံုး၊ ေလးႀကိမ္တက္ေရာက္ ကုသမႈခံယူခဲ့ေသာ္လည္း ေဆးမျပတ္ဘဲ ဇနီးႏွင့္သားသမီးမ်ားအေပၚ ဆက္ဆံမႈမွာ တစတစပိုဆိုးလာ ေၾကာင္း၊ ႏွိပ္စက္ခံအမ်ဳိးသမီးအေနျဖင့္ ေနအိမ္မွထြက္ခြာရန္ အခက္အခဲရွိသျဖင့္ အကူအညီ ေတာင္းခံရန္ မျဖစ္ႏိုင္ေၾကာင္းလည္း သိရသည္။

ဒီကိစၥရပ္ကိုေတာ့ ကြၽန္ေတာ့္ဆီကိုအေၾကာင္းမၾကားေတာ့ ကြၽန္ေတာ္လည္း မသိဘူး။ ဘယ္လုိအေၾကာင္းနဲ႔ သိသိကြၽန္ေတာ္တို႔ကေတာ့ ကူညီေဆာင္ရြက္ေပးသြားမွာပဲ။ ကြၽန္ေတာ္ဒီအေၾကာင္းကို ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ေတြ၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေတြနဲ႔ တာဝန္ရိွသူေတြကို ဖုန္းဆက္ၿပီးအတတ္ႏုိင္ဆံုးကူညီေဆာင္ ရြက္ေပး သြားမယ္။ ေနာက္တခုေျပာခ်င္တာကေတာ့ အိမ္တြင္းအၾကမ္းဖက္ ညႇဥ္းပန္းႏွိပ္စက္မႈေတြက လူမႈပတ္ဝန္း က်င္မွာျဖစ္ေနတာပဲ။ ဒါေပမဲ့ က်ိတ္ခံေနလို႔ေတာ့မျဖစ္ဘူး။ တုိင္ၾကားသင့္တဲ့ေနရာကို အေၾကာင္းၾကားၿပီး တုိင္ၾကားၾကပါလုိ႔ေတာ့ ျပည္သူေတြကို အႀကံျပဳခ်င္တယ္” ဟု သဃၤန္းကြၽန္းၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၂)မွ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေမာင္ဦးက ေျပာသည္။

အဆိုပါကိစၥႏွင့္ပတ္သက္၍ သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးထံသို႔ ဆက္သြယ္ေမးျမန္းရာ ယခင္က ၎ထံႏႈတ္ျဖင့္တိုင္ၾကားမႈသာရွိခဲ့ေၾကာင္း၊ အေျခအေနမွန္ကိုေသခ်ာစြာလာေရာက္တိုင္တန္းပါက အမ်ဳိးသမီးေရးရာဥပေဒမ်ား၊ အျခားတည္ဆဲဥပေဒမ်ားျဖင့္ ထိေရာက္စြာတားျမစ္သြားမည္ျဖစ္ေၾကာင္း ေျပာသည္။

ေက်ာ္ေက်ာ္
Via: News Watch


#Unicode Version

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ နှင်းဆီကုန်းလမ်းရှိ နေအိမ်တအိမ်တွင် ခင်ပွန်းဖြစ်သူက အမျိုးသမီးနှင့် သားသမီးများကို နေ့စဉ်နီးပါး ရိုက်နှက်နှိပ်စက်မှုများပြုလုပ်လျက်ရှိကြောင်း အနီးဝန်းကျင်တွင် နေထိုင်သူများထံမှ သိရသည်။

အဆိုပါ လင်မယားနှစ်ဦး၏ အိမ်ထောင်သက်မှာ ဆယ်စုနှစ်တခုကျော်ကြာမြင့်ပြီဖြစ်ပြီး လွန်ခဲ့သည် ၇ နှစ် လောက်မှစတင်၍ ခင်ပွန်းဖြစ်သူသည် အိမ်သူဇနီးမယားနှင့်သားသမီးများကို အကြောင်းအမျိုးမျိုးရှာကာ အနိုင်အထက်ပြုရိုက်နှက်မှုများပြုနေကြောင်း သိရသည်။

အရင်ကဒီလောက်မဆိုးဘူး။ ဒီလိုအိမ်တွင်းအကြမ်းဖက်မှုတွေဖြစ်နေတော့ စုံစမ်းကြည့်တော့ သူ့အမျိုးသားက ဆေးသုံးနေတယ်လို့ ကြားရတယ်။ သူမိန်းမကလည်း တော်တော်ကြောက်တော့ ဘယ်မှလည်း မတိုင်ရဲဘူး။ အိမ်ပြင်လည်း ပေးမထွက်ဘူး။ ညနေပိုင်းဆိုရင် ပိုက်ဆံတွေယူပြီးတော့ ဆေးသုံးတယ်။ ဆေးသုံးပြီး ပြန်လာရင် ညဆိုမအိပ်တော့ဘဲ ဆူပူရိုက်နှက်တယ်။ ဘေးပတ်ဝန်းကျင်ကလူတွေ အကုန်သိတယ်။ ရိုက်ရင်လည်း သော့ခတ်ပြီးရိုက်တာ။ သားသမီးတွေဆိုလည်း မညှာ ဘူး။ ဖူးရောင်နေအောင်ရိုက်တာ။ ပြီးခဲ့တဲ့ ၂ နှစ်လောက်ကလည်း သူ့မိန်းမကိုရိုက်တော့ ခေါင်းကွဲတယ်။ ရဲစခန်းကို သွားတိုင်တယ်။ နယ်မြေစခန်း ၂ဝ က နယ်မြေ ၁၉ ကဆိုပြီးလွှဲတယ်။ နောက်ဆုံးမြို့နယ်ရဲမှူးကြီးဆီကိုသွားတိုင်တော့ ဖမ်းသွားတယ်။ ခဏပဲ ပြီးတော့ ပြန်လွှတ်လိုက်တယ်။ တရားရုံးရောက်တော့ သူ့ကိုသတိပေးပြီး ဒဏ်ငွေနဲ့ပြီးသွားတယ်။ ပြန်ရောက် လာတော့ လည်း နှိပ်စက်မြဲပဲ”ဟု အဆိုပါ ရပ်ကွက်တွင်နေထိုင်သူတဦးကပြောသည်။

၎င်းအမျိုးသားသည်ဆေးဖြတ်ရန် ရွာသာကြီးစိတ်ရောဂါကုဆေးရုံသို့ သုံး၊ လေးကြိမ်တက်ရောက် ကုသမှုခံယူခဲ့သော်လည်း ဆေးမပြတ်ဘဲ ဇနီးနှင့်သားသမီးများအပေါ် ဆက်ဆံမှုမှာ တစတစပိုဆိုးလာ ကြောင်း၊ နှိပ်စက်ခံအမျိုးသမီးအနေဖြင့် နေအိမ်မှထွက်ခွာရန် အခက်အခဲရှိသဖြင့် အကူအညီ တောင်းခံရန် မဖြစ်နိုင်ကြောင်းလည်း သိရသည်။

ဒီကိစ္စရပ်ကိုတော့ ကျွန်တော့်ဆီကိုအကြောင်းမကြားတော့ ကျွန်တော်လည်း မသိဘူး။ ဘယ်လိုအကြောင်းနဲ့ သိသိကျွန်တော်တို့ကတော့ ကူညီဆောင်ရွက်ပေးသွားမှာပဲ။ ကျွန်တော်ဒီအကြောင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး တွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ တာဝန်ရှိသူတွေကို ဖုန်းဆက်ပြီးအတတ်နိုင်ဆုံးကူညီဆောင် ရွက်ပေး သွားမယ်။ နောက်တခုပြောချင်တာကတော့ အိမ်တွင်းအကြမ်းဖက် ညှဉ်းပန်းနှိပ်စက်မှုတွေက လူမှုပတ်ဝန်း ကျင်မှာဖြစ်နေတာပဲ။ ဒါပေမဲ့ ကျိတ်ခံနေလို့တော့မဖြစ်ဘူး။ တိုင်ကြားသင့်တဲ့နေရာကို အကြောင်းကြားပြီး တိုင်ကြားကြပါလို့တော့ ပြည်သူတွေကို အကြံပြုချင်တယ်” ဟု သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ ဆက်သွယ်မေးမြန်းရာ ယခင်က ၎င်းထံနှုတ်ဖြင့်တိုင်ကြားမှုသာရှိခဲ့ကြောင်း၊ အခြေအနေမှန်ကိုသေချာစွာလာရောက်တိုင်တန်းပါက အမျိုးသမီးရေးရာဥပဒေများ၊ အခြားတည်ဆဲဥပဒေများဖြင့် ထိရောက်စွာတားမြစ်သွားမည်ဖြစ်ကြောင်း ပြောသည်။

ကျော်ကျော်
Via: News Watch