Sponsored

မနေ့ က ပုဂံအာနန္ဒာဘုရားမှာ အများကလှုဒါန်းထားတဲ့ငွေတွေကို အဖွဲ့လိုက်အလုအယက်တိုးယူနေတာတွေ့လို့ ဘာလုပ်ကြတာလဲ မေးတော့ အကြွေလဲတာတဲ့ဗျာ (တချို့ဆို သူတို့လိုချင်တဲ့ငွေစက္ကူကိုရဖို့ထီးနဲ့တောင်လှမ်းယူနေတာမျိုးအထိလုပ်ကြပါတယ်)။

အကြွေလဲချင်ရင်ဘုရားဝင်ပေါက်မှာ ငွေလည်းပေးတဲ့ကလေးမလေးတွေရှိတယ်။ (အနည်းငယ်တော့ လဲခပေးရတာပေါ့ သူတို့လေးတွေလည်း ဒါနဲ့လုပ်စားတာလေ လဲခတော့ပေးရမှာပေါ့)အ ခုဘုရားဖူးအဖွဲ့တွေရဲ့လုပ်ရပ်က တော်တော်ရုပ်ဆိုးလွန်းတယ်ဗျာ။ တကယ်ပိုက်ဆံမလဲဘဲ လှူထားတဲ့ ပိုက်ဆံယူသွားတာမျိုး ရှိနိုင်သလို၊ အများလှူထားတဲ့ ၅ ထောင်တန်/ ၁ သောင်းတန်ကိုယူပြီး ၅ ရာတန်/၁ ထောင်တန်ပြန်ထည့်သွားတာမျိုးလဲ လုပ်လာနိုင်ပါတယ်။


အမှန်တကယ်တော့ ဘုရားရှင်ကိုရည်မှန်းပြီး ဗုဒ္ဓသာသနာတော်အတွက် လှူဒါန်းထားတဲ့ ဘယ်ပစ္စည်းကိုမဆို ယူဖို့မပြောနဲ့ စိတ်ထဲကတောင် မပြစ်မှားသင့်ပါဖူး။ ပုဂံဒေသကိုလာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသည်တချို့လည်း အံ့ဩပြီးမှတ်တမ်းယူနေတာတွေ့ရတဲ့အတွက် နိုင်ငံနဲ့လူမျိုးပုံရိပ်လည်း ထိခိုက်နိုင်ပါတယ်

Sponsored

ကျနော်လည်းမနေနိုင်တာနဲ့ ငွေလဲတာဆိုလည်း အပြင်က ငွေလဲပေးတဲ့ ကလေးမလေးတွေဆီမှာလဲကြပါဗျာ ဘုရားပစ္စည်းကို ကိုယ့်သဘောနဲ့မလဲပါနဲ့ပြောလိုက်တယ်။ ဒါပေမဲ့ဘယ်သူမှ ဂရုမစိုက်တဲ့အပြင် မင်းကဘာကောင်မို့ဆရာကြီးလာလုပ်တာလဲဆိုတဲ့အကြည့်နဲ့တချို့ကပြန်ကြည့်ကြပါသေးတယ်။ အဲ့တာနဲ့ဘုရားဂေါပကရုံးရှိတဲ့နေရာကို မေးစမ်းပြီး ဂေါပကအဖွဲ့ကိုကိုယ်တိုင်သွားတိုင်လိုက်ပါတယ်။ ဂေါပကအဖွဲ့ကလည်း သူတို့ဒါမျိုးလုပ်တာကို လက်မခံကြောင်းပြောပြီး ချက်ခြင်းအရေးတယူဆောင်ရွက်ပေးပါတယ်။ လုံခြုံရေးချက်ခြင်းလွှတ်ပြီး သွားတားခိုင်းပါတယ်။

ကျနော်လည်းဂေါပကကအန်ကယ်ကြီးကို “အန်ကယ်နောက်ဆိုလုံခြုံရေးနဲ့တားတဲ့အဆင့်မလုပ်ဖဲ ငွေယူနေတာ (သို့) ငွေလဲနေတာတွေ့ရင် ဥပဒေအရအရေးယူပစ်မယ်လို့ စာကပ်ထားပေးပါ” လို့အကြံပေးခဲ့လိုက်ပါတယ်ဗျာ…

Kyi Thar Han

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *