Sponsored

2019 nCoV ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ပြင်းထန်အဆုတ်ရောဂါ စတင်ဖြစ်ပွားသည့် ဝူဟန်မြို့တွင်ရောက်ရှိနေသော မြန်မာကျောင်းသူကျောင်းသားများ မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိပါက ခေတ္တနေထိုင်ရန်နေရာ အဖြစ်ရွေးချယ်ထားတဲ့ ကန်တော်နဒီဆေးရုံ ပြုပြင်သန့်ရှင်းရေးလုပ်ငန်းများကို မနက်ပိုင်းကတစ်ကြိမ်နဲ့ ညနေပိုင်းမှာတစ်ကြိမ် စစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များကို စစ်ဆေးဆွေးနွေးခဲ့ပါတယ်။

ကန်တော်နဒီဆေးရုံက SARS ရောဂါဖြစ်တုန်းကလည်း ဆရာဝန်တွေနှစ်နဲ့ချီပြီး တာဝန်ယူခဲ့ရတဲ့ဆေးရုံပါ။

တစ်ခန်းချင်း စစ်ဆေး

ကန်တော်နဒီဆေးရုံက ၁၉၉၂ ခုနှစ်က JV7 ကတည်ဆောက်ခဲ့တာပါ။

Sponsored

တည်ဆောက်စဥ်က ကျွန်တော့်မိခင် ပါမောက္ခဒေါက်တာဒေါ်ညွန့်ညွန့်က ဒါရိုက်တာတစ်ယောက်အနေနဲ့ ပါဝင်ခဲ့ပြီး bathroom attached သန့်စင်ခန်းတွဲလျက် ၄၄ခန်းရှိပါတယ်။

အသုံးမပြုတာကြာလို့ အရေးပေါ်ပြင်ဆင်တာ သန့်ရှင်းရေးလုပ်တာတွေကို တနလ်ာနေ့ ညနေကထဲကစလုပ်ခဲ့တာဖြစ်လို့ အဆင်သင့်ဖြစ်နေပါပြီ။

ဝူဟန်မြို့တွင်ရောက်ရှိနေသော မြန်မာများ မိခင်နိုင်ငံသို့ အထူးလေကြောင်းခရီးဖြင့် ပြန်လာမှာပါ။

တာဝန်ကျ ဆရာဝန်အခန်း
ကျောင်းသားများနဲ့ တံခါး၂ထပ်ခြားပါတယ်

ပြန်လည်ရောက်ရှိလာမည့် မြန်မာ(၆၃)ဦးကို ပြင်းထန်အဆုတ်ရောင်ရောဂါ ကူးစက်ခံရခြင်းရှိမရှိ ၁၄ရက်တိုင် စောင့်ကြပ်စစ်ဆေးပေးမှာဖြစ်ပါတယ်။

စောင့်ကြပ်စစ်ဆေးရန် ကြာမြင့်ချိန် (၂)ပတ်ခန့်အတွင်း ပြန်ရောက်သူများအနေနဲ့ ပြင်ပပုဂ္ဂိုလ် များနှင့် ထိတွေ့ဆက်ဆံမှု လုံးဝခွင့်ပြုမှာမဟုတ်ပါဘူး။

မတွေ့နိုင်ဖို့ လုံခြုံရေးတပ်ဖွဲ့ပါ တာဝန်ပေးထားသလို လိုအပ်တဲ့နေရာတွေမှာလည်း သံပန်းတွေတပ်ဆင်ပြီးပါပြီ။

ကန်တော်နဒီဆေးရုံ အတွင်းပိုင်း သန့်ရှင်းခြင်း၊ ကုတင်နှင့်ပရိဘောဂများ ဆေးကြောသန့်စင်ခြင်း၊ ဆေးရုံ ၀င်းအတွင်း ပေါင်းမြက်များရှင်းလင်းခြင်း၊ ရေရရှိရေး၊ မိလ္လာစွန့်ပစ်မှုအဆင်ပြေရေးများစီစဉ်ခြင်းကို မြို့ တော်စည်ပင်သာယာရေးကော်မတီက ဆောင်ရွက်ပေးပါသည်။

ကုတင်နှစ်ခုအလယ်မှာ screen တစ်ခုခြားပေးပါမယ်

လျှပ်စစ်မီးများအဆင်ပြေစေရန် မြန်မာ့လျှပ်စစ် က လည်းကောင်း၊ ရေချိုးခန်းအိမ်သာများပြုပြင်ရန်လိုအပ်က ပြုပြင်ပေးခြင်းကို မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ကလည်းကောင်း ပူးပေါင်းဆောင်ရွက်ကြပါတယ်။

စောင့်ကြည့်ကာလအတွင်း ပြည်တော်ပြန်ကျောင်းသားကျောင်းသူများအတွက် အခြေခံ လိုအပ်ချက်ဖြစ်တဲ့ ကုတင်၊မွေ့ယာ၊ စောင် ခြင်ထောင်၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ အဝတ်လှမ်းစင်၊ ကအစ နေ့တဒူဝလိုအပ်ချက်များကိုဖြည့်ဆည်းပေးထားပါတယ်။

မနက်၊ နေ့လည်နဲ့ ညစာတွေကိုလည်း တစ်ခါသုံးဘူးများနဲ့ ကျွေမွေးသွားမှာပါ။

တစ်ခန်းစီအတွက် သီးသန်အမှိုက်ပုံးများ

ပြင်ပနဲ့လည်းအဆက်အသွယ်မပြတ်ဖို့နဲ့ မိသားစုတွေနဲ့ ချိတ်ဆက်နိုင်ဖို့ မိုဘိုင်းSIM card တွေပေးထားမှာဖြစ်သလို Myanmar net ကုမ္ပဏီ(Frontiir Co.)က 32 megabite free wifi ကို အခမဲ့ တပ်ဆင်လှူဒါန်းပေးပါတယ်။

တစ်နေ့တစ်ကြိမ် အမှိုက်သိမ်းတာကို PPE ဝတ်စုံအပြည့်ဝတ်ထားတဲ့ သန့်ရှင်းရေးဝန်ထမ်းတွေက သိမ်ပြီး သီးသန့်အမှိုက်ကားနဲ့ တိုက်ရိုက်သယ်သွားပြီး မီးရှို့ဖျက်ဆီးမှာပါ။

ဆရာဝန်နဲ့ဆရာမ အဖွဲ့က ပြန်လာသူများ အဖျားရှိမရှိ၊ ချောင်းဆိုးနှာစေးရှိမရှိ တစ်နေ့နှစ်ကြိမ် စမ်းသပ်စစ်ဆေးပြီး လိုအပ်ပါက ပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းကုသသွားမှာပါ။ ကျန်းမာရေးအဖွဲ့ကတစ်နေ့ ၂၄နာရီ ၁၄ရက်တိတိ တာဝန်ယူသွားမှာပါ။

တာဝန်ရှိသူများနဲ့ ဆွေးနွေး

အရေးကြီးဆုံးပြောချင်တာက အခုပြန်လာမယ့်ကျောင်းသားတွေက ရောဂါသည်တွေလုံးဝ မဟုတ်ဘူးဆိုတာကိုပါ။

ဝူဟန်မှာနေစဥ်ကထဲက ကျောင်းကအဆောင်တွေမှာနေပြီးပြင်ပနဲ့ အထိအတွေ့လုံးဝမရှိသူတွေဖြစ်တာရယ် လွန်ခဲ့တဲ့ ၁၄ရက်အတွင်းဖျားနာခဲ့တာမရှိတာကြောင့် မြန်မာပြည်ကို ရောဂါတွေပြန်သယ်လာမဲ့သူတွေ မဟုတ်ဘူးဆိုတာ ကျွန်တော် ဆရာဝန်တစ်ယောက်အနေနဲ့ အပြည့်အဝယုံကြည်ပေမဲ့ စောင့်ကြည့်ကာလအတွင်း ဖျားနာလာရင် ပြည်သူ့ဆေးရုံကြီးရဲ့ သတ်မှတ်အခန်းကိုရွှေ့ပြီး nCoV ရောဂါဟုတ်မဟုတ် ဆက်လက်စစ်ဆေးသွားမှာပါ။

အစစအရာရာ WHO guidelines အတိုင်းစီမံဆောင်ရွက်နေတာဖြစ်လို့ မြို့သူမြို့သားများအနေနဲ့ စိုးရိမ်မှုမလွန်ကဲဖို့ အထူးပြောကြားလိုပါတယ်။

Biohazard waste
ဆေးရုံဆေးခန်း စွန့်ပစ်အမှိုက်များ
သီးသန့်သယ်ယူသော ယာဥ်ပါ

Source: Ye Lwin’s Fb

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *