မိတ္​ကပ္​ မႀကိဳက္​တဲ့ လူႀကီး ( အခုမွ ဒါမ်ိဳး ၾကားဖူးတယ္ ​)

ႏုိင္ငံေတာ္ သမၼတၾကီး ဦးဝင္းျမင့္

”မနက္ျဖန္ ႏိုင္ငံေတာ္အႀကီးအကဲ လာၾကည့္ဖို ့ ရွိတယ္။ မင္းတို ့ေတြ မနက္ ရ:၀၀နာရီ ေရာက္ ေအာင္လာပါ…”

လူႀကီးလာမယ့္မနက္မွာ အားလုံး မနက္ ရ:၀၀နာရီကတည္းက ႐ုံးကို ေရာက္ေနၾကသည္။ ”ေအး သန္ ့ရွင္းေရးေသခ်ာလုပ္ထား။ အေျပာမခံရေစနဲ ့” မနက္ ရနာရီကတည္းက stand by ေစာင့္ေနရတာ ။၁၁နာရီအထိ လူႀကီးကေပၚမလာေသးဘူး။ဝန္ထမ္းဘဝမွာ ဒါကလည္း ထုံးစံ လိုျဖစ္ေနတာကိုး။ ဗိုက္ကလည္းဆာ။ထမင္းကလည္း မစားရဲေသး။ေန ့လယ္ ၁နာရီခြဲေလာက္မွ လူႀကီး ေရာက္လာသည္။

လူႀကီးက က်ေနာ္တို ့ကိုၾကည့္ၿပီး ”မင္းတို ့ထမင္းစားၿပီးၿပီလား”တဲ့ ”ဟုတ္ စားၿပီးပါၿပီ” လို ့ပဲ ထုံးစံအတိုင္း ေျဖလိုက္ၾကရသည္။ ႏိုင္ငံေတာ္အႀကီးအကဲက က်ေနာ္တို ့ ဦးစီးမႈးဘက္ကိုလွည့္ၿပီး… ”သူတို ့ထမင္းစားၿပီးသြားၿပီလား” ဦးစီးမႈးမ်က္ႏွာ ဇီး႐ြက္ေလာက္ပဲရွိ ေတာ့သည္။ မယုံလို ့ေမးတာဆိုေတာ့လည္း ထပ္မလိမ္ရဲ။

ႏုိင္ငံေတာ္ သမၼတၾကီး ဦးဝင္းျမင့္

”ဒီမွာ ကြၽန္ေတာ္ေျပာျပမယ္။ က်ေနာ္ဒီ႐ုံးကိုလာတာ ခင္ဗ်ားတို ့ အခက္အခဲကိုလာ ၾကည့္တာ။ လာေလ့လာတာ။ ခင္ဗ်ားတို ့ကိုလာညႇင္းဆဲတာမဟုတ္သလိုလာအႏိုင္က်င့္တာမဟုတ္ဘူး။ On paperမွာဘယ္လို၊groundမွာဘယ္လိုဆိုတာသိဖို ့လာၾကည့္တာ…။ခင္ဗ်ားတို ့က်ဳပ္ကိုဝိုင္းလိမ္ဖို ့.. ႀကိဳးစားေနၾကတာပဲ…။ ဒီမွာ ..ကြၽန္ေတာ္မလာတဲ့ရက္မွာ ခင္ဗ်ားတို ့႐ုံးက ဒီလိုပဲသန္ ့ရွင္းေနတာလား။ က်ေနာ့္ကိုသန္ ့ရွင္းေရးလာစစ္တယ္ ထင္ေနတာလား။

ခင္ဗ်ားတို ့အေျခအေနမွန္ကို သိခ်င္လို ့လာတာ။အခုခင္ဗ်ားေရာ ထမင္းစားၿပီးၿပီလား’ ”မစားရေသးပါဘူးခင္ဗ်” ”ဟုတ္ၿပီ။ ဝန္ထမ္းေတြကို ထမင္းစား ျဖဳတ္ေပးလိုက္။ခင္ဗ်ားလည္း ထမင္းစားလိုက္ ထမင္းစားၿပီးမွ စကားဆက္ေျပာမယ္…” က်ေနာ္တို ့ဝန္ထမ္းေတြ ထမင္းစား ေနတုန္း ဦးစီးမႈးေရာက္လာသည္။

”တစ္နာရီ အခ်ိန္ရမယ္ စားၿပီးရင္ ကိုယ့္ေနရာမွာ ကိုယ္ျပန္ေန” (၂) ”ကြၽန္ေတာ္လာမယ္ဆိုတာ ခင္ဗ်ားတို ့ ႀကိဳသိတယ္မဟုတ္လား” ”ဟုတ္သိပါတယ္ခင္ဗ်” ”ကြၽန္ေတာ္က ခင္ဗ်ားတို ့မိတ္ကပ္လိမ္းထားတဲ့မ်က္ႏွာကို လာၾကည့္တာမဟုတ္ဘူး။ ခင္ဗ်ားတို ့ရဲ႕ ပုံမွန္အေျခအေနကို လာၾကည့္တာ။ကိုယ့္အခ်ိန္ဇယားအတိုင္းကိုယ္လုပ္ ေပါ့။ ထမင္းစားခ်ိန္ ထမင္းစားေပါ့။ခင္ဗ်ားတို ့ထမင္းစားေနတုန္း ကြၽန္ေတာ္ေရာက္လာရင္ ထကိုမႀကိဳ နဲ ့။ ၿပီးေအာင္ဆက္စား။တစ္ခုပဲ။က်ေနာ့္ကို လာမလိမ္နဲ ့။ ဟန္မေဆာင္နဲ ့။လုပ္ၿမဲလုပ္ေန။ လုပ္စရာရွိတာလုပ္ေန။အခက္အခဲကိုတင္ျပ။ ရွင္းရွင္းေလး။ က်ေနာ္ဇိမ္လာခံတာ မဟုတ္ဘူး။ လာၿပီး ဂါရဝအျပဳခံတာ လည္းမဟုတ္ဘူး။အေျခအေနမွန္ ကိုလာၾကည့္တာ …”

ႏုိင္ငံေတာ္ သမၼတၾကီး ဦးဝင္းျမင့္

”ဟုတ္ကဲ့” ”ခင္ဗ်ားတို ့ေန ့စဥ္လုပ္ေနတာ အလုပ္လား။ အျပစ္လား” ”အလုပ္ပါ ခင္ဗ်” ”ေအးေလ အဲ့ဒါဆို ဘာဖုံးကြယ္စရာ လိုလဲ။ ဘာဟန္ေဆာင္စရာလိုလဲ။ ဝန္ထမ္းေတြကို က်ေနာ္စကားနည္း နည္းေျပာခ်င္တယ္။ ခင္ဗ်ားတို ့လည္း လခစားဝန္ထမ္းပဲ။ က်ေနာ္လည္း လခစားဝန္ထမ္းပဲ။ မတူညီတဲ့အလုပ္ကိုလုပ္ေနၾကတယ္ ဆိုေပမယ့္ အားလုံးက ႏိုင္ငံေတာ္ အတြက္ အလုပ္လုပ္ေနသူခ်ည္းပဲ။

က်ေနာ္က ခင္ဗ်ားတို ့အလုပ္ရွင္ မဟုတ္ဘူး ခင္ဗ်ားတို ့ကလည္း က်ေနာ့္အလုပ္သမားမဟုတ္ၾကဘူး။ဒီေတာ့ ကိုယ့္အလုပ္ကို ရဲရဲဝံ့ဝံ့နဲ ့.. ဂုဏ္ရွိရွိလုပ္။က်ေနာ္အယူအဆကေတာ့ … ကိုယ့္တာဝန္ကိုယ္ေက်ျခင္းဟာ ဂုဏ္သိကၡာရွိျခင္းပဲ။ ဒီေန ့လာတဲ့ရည္႐ြယ္ခ်က္ကေတာ့ က်ေနာ္ဟာ ႏိုင္ငံ့ဝန္ထမ္းတစ္ေယာက္ အေနနဲ ့ ဗဟိုကေနၿပီး ႀကီးၾကပ္ရတယ္။

ဒီအတြက္ ေအာက္ေျခမွာ ျဖစ္ေနတဲ့ အျဖစ္အပ်က္ကို အမွန္အတိုင္း သိဖို ့လိုတယ္။ ဒါမွသာ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ကို ခ်ႏိုင္မယ္။ အခုေတာ့ ခင္ဗ်ားတို ့ကပါဝိုင္းလိမ္ေနၾကတယ္။ စဥ္းစားၾကည့္စမ္း။ ကြၽန္ေတာ္လာတဲ့ေန ့မွာ ခင္ဗ်ားတို ့ ေန ့လယ္စာမစားရဘူးဆိုေတာ့ က်ေနာ္က လာဒုကၡေပးတဲ့သူလား။ ခင္ဗ်ားတို ့ကို အျပစ္မတင္ပါဘူး ေခတ္အဆက္ဆက္က ဒီလိုခ်ည္းပဲ ။ေအး က်ေနာ္တို ့ေျပာင္းလဲရမယ္။ခင္ဗ်ားတို ့လည္း ကိုယ့္အလုပ္ ကိုယ္လုပ္။ က်ေနာ္လည္း က်ေနာ့္ အလုပ္က်ေနာ္လုပ္မယ္။

ႏုိင္ငံေတာ္ သမၼတၾကီး ဦးဝင္းျမင့္

ေခတ္စကားနဲ ့ေျပာမယ္။က်ေနာ့္ကို ဝိုင္းၿပီး ဂ်င္းမထည့္နဲ ့” လူႀကီးက စကားခဏရပ္ၿပီး ”ဦးစီးမႈး…၊ ႐ုံးဘယ္အခ်ိန္ဆင္းလဲ” ”ညေနငါးနာရီဆင္းပါတယ္” ”အဲ့ဒါဆို အဲ့မတိုင္ခင္ အၿပီးျဖတ္ရ ေအာင္။ အစည္းေဝးခန္းသြားမယ္။ တင္ျပစရာရွိတာ ရဲရဲဝံ့ဝ့ံတင္ျပေပါ့”

သို႔ႏွင့္ လူႀကီးျပန္သြားေတာ့ ဦးစီးမႈးမ်က္ႏွာ ကေက်နပ္ေနတဲ့မ်က္ႏွာနဲ ့။ ”ငါဒီေန ့အဆူခံရတာ တန္တယ္ကြာ” တဲ့ စိတ္ထဲမွာ ျပန္ေျပာလိုက္မိတယ္။ ”ခင္ဗ်ား အဆူခံရတာမဟုတ္ပါဘူး။ ႐ိုးသားျခင္းနဲ ့အသားမက်ေသးေတာ့ ဒီစကားေတြက ခင္ဗ်ားအတြက္ စိမ္းေနေသးတာပါလို ့။”

အိမ္အျပန္ BUSကားဟာ ေခ်ာင္ခ်ိေနတယ္။ မိန္းမရဲ႕ ညစာဟာ သိပ္ၿမိန္တာပဲ။ ေနာက္တေန ့အလုပ္တက္ဖို႔ က်ေနာ္တက္ႂကြေနတယ္…။

ZN.H


#Unicode Version

”မနက်ဖြန် နိုင်ငံတော်အကြီးအကဲ လာကြည့်ဖို့ ရှိတယ်။ မင်းတို့တွေ မနက် ရ:၀၀နာရီ ရောက် အောင်လာပါ…”

လူကြီးလာမယ့်မနက်မှာ အားလုံး မနက် ရ:၀၀နာရီကတည်းက ရုံးကို ရောက်နေကြသည်။ ”အေး သန့်ရှင်းရေးသေချာလုပ်ထား။ အပြောမခံရစေနဲ့” မနက် ရနာရီကတည်းက stand by စောင့်နေရတာ ။၁၁နာရီအထိ လူကြီးကပေါ်မလာသေးဘူး။ဝန်ထမ်းဘဝမှာ ဒါကလည်း ထုံးစံ လိုဖြစ်နေတာကိုး။ ဗိုက်ကလည်းဆာ။ထမင်းကလည်း မစားရဲသေး။နေ့လယ် ၁နာရီခွဲလောက်မှ လူကြီး ရောက်လာသည်။

လူကြီးက ကျနော်တို့ကိုကြည့်ပြီး ”မင်းတို့ထမင်းစားပြီးပြီလား”တဲ့ ”ဟုတ် စားပြီးပါပြီ” လို့ပဲ ထုံးစံအတိုင်း ဖြေလိုက်ကြရသည်။ နိုင်ငံတော်အကြီးအကဲက ကျနော်တို့ ဦးစီးမှုးဘက်ကိုလှည့်ပြီး… ”သူတို့ထမင်းစားပြီးသွားပြီလား” ဦးစီးမှုးမျက်နှာ ဇီးရွက်လောက်ပဲရှိ တော့သည်။ မယုံလို့မေးတာဆိုတော့လည်း ထပ်မလိမ်ရဲ။

”ဒီမှာ ကျွန်တော်ပြောပြမယ်။ ကျနော်ဒီရုံးကိုလာတာ ခင်ဗျားတို့ အခက်အခဲကိုလာ ကြည့်တာ။ လာလေ့လာတာ။ ခင်ဗျားတို့ကိုလာညှင်းဆဲတာမဟုတ်သလိုလာအနိုင်ကျင့်တာမဟုတ်ဘူး။ On paperမှာဘယ်လို၊groundမှာဘယ်လိုဆိုတာသိဖို့လာကြည့်တာ…။ခင်ဗျားတို့ကျုပ်ကိုဝိုင်းလိမ်ဖို့.. ကြိုးစားနေကြတာပဲ…။ ဒီမှာ ..ကျွန်တော်မလာတဲ့ရက်မှာ ခင်ဗျားတို့ရုံးက ဒီလိုပဲသန့်ရှင်းနေတာလား။ ကျနော့်ကိုသန့်ရှင်းရေးလာစစ်တယ် ထင်နေတာလား။

ခင်ဗျားတို့အခြေအနေမှန်ကို သိချင်လို့လာတာ။အခုခင်ဗျားရော ထမင်းစားပြီးပြီလား’ ”မစားရသေးပါဘူးခင်ဗျ” ”ဟုတ်ပြီ။ ဝန်ထမ်းတွေကို ထမင်းစား ဖြုတ်ပေးလိုက်။ခင်ဗျားလည်း ထမင်းစားလိုက် ထမင်းစားပြီးမှ စကားဆက်ပြောမယ်…” ကျနော်တို့ဝန်ထမ်းတွေ ထမင်းစား နေတုန်း ဦးစီးမှုးရောက်လာသည်။

”တစ်နာရီ အချိန်ရမယ် စားပြီးရင် ကိုယ့်နေရာမှာ ကိုယ်ပြန်နေ” (၂) ”ကျွန်တော်လာမယ်ဆိုတာ ခင်ဗျားတို့ ကြိုသိတယ်မဟုတ်လား” ”ဟုတ်သိပါတယ်ခင်ဗျ” ”ကျွန်တော်က ခင်ဗျားတို့မိတ်ကပ်လိမ်းထားတဲ့မျက်နှာကို လာကြည့်တာမဟုတ်ဘူး။ ခင်ဗျားတို့ရဲ့ ပုံမှန်အခြေအနေကို လာကြည့်တာ။ကိုယ့်အချိန်ဇယားအတိုင်းကိုယ်လုပ် ပေါ့။ ထမင်းစားချိန် ထမင်းစားပေါ့။ခင်ဗျားတို့ထမင်းစားနေတုန်း ကျွန်တော်ရောက်လာရင် ထကိုမကြို နဲ့။ ပြီးအောင်ဆက်စား။တစ်ခုပဲ။ကျနော့်ကို လာမလိမ်နဲ့။ ဟန်မဆောင်နဲ့။လုပ်မြဲလုပ်နေ။ လုပ်စရာရှိတာလုပ်နေ။အခက်အခဲကိုတင်ပြ။ ရှင်းရှင်းလေး။ ကျနော်ဇိမ်လာခံတာ မဟုတ်ဘူး။ လာပြီး ဂါရဝအပြုခံတာ လည်းမဟုတ်ဘူး။အခြေအနေမှန် ကိုလာကြည့်တာ …”

”ဟုတ်ကဲ့” ”ခင်ဗျားတို့နေ့စဉ်လုပ်နေတာ အလုပ်လား။ အပြစ်လား” ”အလုပ်ပါ ခင်ဗျ” ”အေးလေ အဲ့ဒါဆို ဘာဖုံးကွယ်စရာ လိုလဲ။ ဘာဟန်ဆောင်စရာလိုလဲ။ ဝန်ထမ်းတွေကို ကျနော်စကားနည်း နည်းပြောချင်တယ်။ ခင်ဗျားတို့လည်း လခစားဝန်ထမ်းပဲ။ ကျနော်လည်း လခစားဝန်ထမ်းပဲ။ မတူညီတဲ့အလုပ်ကိုလုပ်နေကြတယ် ဆိုပေမယ့် အားလုံးက နိုင်ငံတော် အတွက် အလုပ်လုပ်နေသူချည်းပဲ။

ကျနော်က ခင်ဗျားတို့အလုပ်ရှင် မဟုတ်ဘူး ခင်ဗျားတို့ကလည်း ကျနော့်အလုပ်သမားမဟုတ်ကြဘူး။ဒီတော့ ကိုယ့်အလုပ်ကို ရဲရဲဝံ့ဝံ့နဲ့.. ဂုဏ်ရှိရှိလုပ်။ကျနော်အယူအဆကတော့ … ကိုယ့်တာဝန်ကိုယ်ကျေခြင်းဟာ ဂုဏ်သိက္ခာရှိခြင်းပဲ။ ဒီနေ့လာတဲ့ရည်ရွယ်ချက်ကတော့ ကျနော်ဟာ နိုင်ငံ့ဝန်ထမ်းတစ်ယောက် အနေနဲ့ ဗဟိုကနေပြီး ကြီးကြပ်ရတယ်။

ဒီအတွက် အောက်ခြေမှာ ဖြစ်နေတဲ့ အဖြစ်အပျက်ကို အမှန်အတိုင်း သိဖို့လိုတယ်။ ဒါမှသာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်မယ်။ အခုတော့ ခင်ဗျားတို့ကပါဝိုင်းလိမ်နေကြတယ်။ စဉ်းစားကြည့်စမ်း။ ကျွန်တော်လာတဲ့နေ့မှာ ခင်ဗျားတို့ နေ့လယ်စာမစားရဘူးဆိုတော့ ကျနော်က လာဒုက္ခပေးတဲ့သူလား။ ခင်ဗျားတို့ကို အပြစ်မတင်ပါဘူး ခေတ်အဆက်ဆက်က ဒီလိုချည်းပဲ ။အေး ကျနော်တို့ပြောင်းလဲရမယ်။ခင်ဗျားတို့လည်း ကိုယ့်အလုပ် ကိုယ်လုပ်။ ကျနော်လည်း ကျနော့် အလုပ်ကျနော်လုပ်မယ်။

ခေတ်စကားနဲ့ပြောမယ်။ကျနော့်ကို ဝိုင်းပြီး ဂျင်းမထည့်နဲ့” လူကြီးက စကားခဏရပ်ပြီး ”ဦးစီးမှုး…၊ ရုံးဘယ်အချိန်ဆင်းလဲ” ”ညနေငါးနာရီဆင်းပါတယ်” ”အဲ့ဒါဆို အဲ့မတိုင်ခင် အပြီးဖြတ်ရ အောင်။ အစည်းဝေးခန်းသွားမယ်။ တင်ပြစရာရှိတာ ရဲရဲဝံ့ဝံ့တင်ပြပေါ့”

သို့နှင့် လူကြီးပြန်သွားတော့ ဦးစီးမှုးမျက်နှာ ကကျေနပ်နေတဲ့မျက်နှာနဲ့။ ”ငါဒီနေ့အဆူခံရတာ တန်တယ်ကွာ” တဲ့ စိတ်ထဲမှာ ပြန်ပြောလိုက်မိတယ်။ ”ခင်ဗျား အဆူခံရတာမဟုတ်ပါဘူး။ ရိုးသားခြင်းနဲ့အသားမကျသေးတော့ ဒီစကားတွေက ခင်ဗျားအတွက် စိမ်းနေသေးတာပါလို့။”

အိမ်အပြန် BUSကားဟာ ချောင်ချိနေတယ်။ မိန်းမရဲ့ ညစာဟာ သိပ်မြိန်တာပဲ။ နောက်တနေ့အလုပ်တက်ဖို့ ကျနော်တက်ကြွနေတယ်…။

ZN.H