Sponsored

ဆူးလေ-ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြေးဆွဲနေသည့် YBS ယာဉ်ပေါ်မှ ကိုရိုနာဗိုင်းရပ်စ်သံသယရှိ လူနာတဦးကို တိုင်းကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့(ဖေဖော်ဝါရီ၂၃)နံနက်ပိုင်းတွင် လာရောက်ခေါ်ယူခဲ့ပြီး ဝေဘာဂီအထူးကု ဆေးရုံကြီးသို့ ပို့ ဆောင်လိုက်ကြောင်း သတင်းရရှိသည်။

ယာဉ်ပေါ်မှာတွေ့တာက ဟုတ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေက နောက်ကလိုက်လာပြီး ဝေဘာဂီဆေးရုံကိုခေါ်သွားပါပြီ၊ ရောဂါရှိမရှိစစ်ဆေးနေပါတယ်။ အခြားရောဂါလို့တော့ကြားသိရပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေက ရောဂါကာကွယ်ရေးဝတ်စုံတွေနဲ့ လာရောက်ခေါ်ယူခြင်းကြောင့် ပြည်သူတွေအထိတ်တလန်ဖြစ်ကြတာပါ။ စိုးရိမ်စရာမရှိပါဘူး”ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်ကပြောသည်။

Photo – Pyi Thein Khine

အဆိုပါသံသယရှိ လူနာမှာ ကိုရီးယားနိုင်ငံမှ ပြန်လာသည့် အသက် ၂၅ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး ယင်းလူနာ အား ရန်ကုန်အပြည်ပြည် ဆိုင် ရာလေဆိပ်ရှေ့၊ YBS ပေါ်တွင်ရှိနေစဉ်အတွင်း ကျန်းမာရေးဝန်ထမ်းများမှ နောက်မှလိုက်လာကာ ရောဂါကာ ကွယ် ရေးဝတ်စုံများဖြင့် လာရောက်ခေါ်ယူကာ ဝေဘာဂီသို့ ပို့ဆောင်၍ ရောဂါစစ်ဆေးလျက်ရှိကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ သိရသည်။

Sponsored

လက်ရှိအနေအထားအရလူနာက သံသယရှိလူမဟုတ်ပါဘူး။ အတည်ပြုလူနာမဟုတ်သလို ကိုရီးယားနိုင်ငံသားလည်းမဟုတ်ပါ ဘူး။ မြန်မာနိုင်ငံသားပါပဲ။ နောက်ပိုင်း အချက်အလက်အပြည့်အစုံသတင်းထုတ်ပြန်ပေးသွားမှာပါ“ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၏ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောသည်။

Photo – Pyi Thein Khine

သံသယလူနာလည်းမဟုတ်ပါဘူး။ စောင့်ကြည့်လူနာလည်းမဟုတ်ပါဘူး။ ဒီလူနာက မြန်မာနိုင်ငံသားပါ။ ကိုရီးယားနိုင်ငံသားလည်းမဟုတ်ပါဘူး။ ဒီလူနာကိုဝေဘာဂီဆေးရုံကိုခေါ်ပြီးတော့ OPT ကြည့်တာတော့ ဟုတ်ပါတယ်။ ဒီရောဂါနဲ့ မသက်ဆိုင်ပါဘူး” ဟုပြောသည်။

သူကိုရော ၊ယာဉ်မောင်းကိုလည်းစစ်ဆေးတာတွေလုပ်ပြီးပါပြီ။ ကိုရိုနာဗိုင်းရပ်သံသယဖြစ်ဖွယ်မရှိဘူးလို့ပြောတယ်။ လေဆိပ်မှာလည်းစစ်တယ်။ ဝေဘာဂီဆေးရုံမှာလည်းစစ်တယ်။ ယာဉ်မောင်းကိုလည်းရေတွေဘာတွေချိုးတယ်။ အဝတ်အစားတွေကိုလည်းမီးရှို့ဖျက်ဆီးတယ်။ ကားကိုလည်းပိုးသတ်ဆေးတွေဖျန်းတယ်။ ယာဉ်မောင်းကိုလည်း နှစ်ရက်သုံးရက်လောက်တော့ စောင့်ကြည့်ဦးမယ်။ ကားကလည်းလောလောဆယ်တော့ မထွက်ဘဲထားဦးမယ်” ဟု OMINI FOCUS ယာဉ်လိုင်းမှ မန်နေဂျင်းဒါရိုက်တာဦးထွန်းတောက်ဝင်းကပြောသည်။

လက်ရှိမြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် သံသယလူနာထပ်မံ တိုးလာခြင်းမရှိသလို ဗိုင်းရပ်စ်ကူးစက်ခံထားရသူလည်းမရှိသေးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

Source: Facebook & ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *