စီေရာ္နယ္ဒို သို႕မဟုတ္ သက္ရွိဂႏၱ၀င္တစ္ဦး

Juventus

ကၽြန္ေတာ္က စိတ္ဓါတ္ျပင္းထန္သူေတြဆုိ အင္မတန္သေဘာက်တယ္။ မွတ္မွတ္ရရ ေဘာလံုးပြဲေတြ စၾကည္႕ျဖစ္ေစခဲ့တဲ့ ေဘာလံုးအသင္းနဲ႕ ေဘာလံုးသမားတစ္ေယာက္ ရွိတယ္။ အဲဒါ မန္ယူနဲ႕ ေဒးဗစ္ဘက္ခမ္းပဲ။ ၁၉၉၈ ၁၉၉၉ ေလာက္က ထင္တယ္။ လက္စတာစီးတီးနဲ႕ မန္ယူ ကန္ေနၾကတယ္။ အဲဒီမွာ မန္ယူက ၂ ဂုိးျပတ္နဲ႕ ရံႈးေနတယ္။ လက္စတာ ႏုိင္သြားျပီ ထင္ေနတဲ့အခ်ိန္မွာပဲ ေဒးဗစ္ဘက္ခမ္းက ဖရီးကစ္ဂုိး ၂ ဂုိး ျပန္သြင္းလိုက္တာ ပြဲျပီးေတာ့ သေရ ျပန္ျဖစ္သြားတယ္။ အဲဒီကတည္းက အႏုိင္မခံ အရံႈးမေပးတဲ့ စိတ္ဓါတ္ကုိ သေဘာက်ျပီး မန္ယူနဲ႕ ေဒးဗစ္ဘက္ခမ္းရဲ႕ အမာခံဖန္တစ္ေယာက္ ျဖစ္လာခဲ့တာ။ ေနာက္ပုိင္းမွာလည္း ဘယ္ႏွဂုိးနဲ႕ ရံႈးေနပါေစ ေနာက္ဆံုးမိနစ္အထိ အရံႈးမေပးဘူး ဆုိတဲ့ စိတ္ဓါတ္ကို သိပ္သေဘာက်ခဲ့တယ္။

ေဒးဗစ္ဘက္ခမ္းျပီးေနာက္ သေဘာအက်ရဆံုး ေဘာလံုးသမားကေတာ့ ခရစၥတီယာႏုိ ေရာ္နာဒုိပဲ။ သူနဲ႕ မက္ဆီ ဘယ္သူပုိ္ေကာင္းသလဲ ဆုိတာကေတာ့ တကယ့္ကို ျငင္းရခုန္ရမယ့္ကိစၥၾကီး။ ကၽြန္ေတာ့္တစ္ဦးတည္း အျမင္အရေတာ့ မက္ဆီဟာ ဘယ္သူနဲ႕မွ ႏိႈင္းမရတဲ့ ပါရမီရွင္ ကစားသမားပဲ။ ေရာ္နယ္ဒုိကေတာ့ အဲ့လို ပါရမီရွင္ေလာက္နီးနီး ေအာင္ျမင္မႈရဖုိ႕အတြက္ ကုိယ့္ကိုယ္ကုိယ္ စနစ္တက် တည္ေဆာက္ယူခဲ့တဲ့သူ ျဖစ္ပါတယ္။ အဲဒါကပဲ ကၽြန္ေတာ့္အတြက္ ပုိျပီး Inspire ျဖစ္ရတယ္။

Juventus

လူငယ္ကစားသမားဘ၀ မန္ယူကို စေရာက္တယ္။ တစ္ကိုယ္ေတာ္ အစြမ္းေတြ ျပေနတာနဲ႕ပဲ အသင္းမွာ အလုပ္မျဖစ္ဘူး။ ျဖစ္ခ်င္ေတာ့ ၂၀၀၆ ကမာၻ႕ဖလားမွာ ရြန္နီနဲ႕ျပႆနာ ျဖစ္တယ္။ သူ႕ေၾကာင့္ ရြန္နီအထုတ္ခံရသလို ျဖစ္ခဲ့တာမို႕ အဂၤလန္တစ္ႏုိင္ငံလံုးက ပရိသတ္ေတြရဲ႕ ပစ္မွတ္ျဖစ္ခဲ့ရတယ္။ မန္ယူကေန ေျပာင္းရမလုိ ျဖစ္တယ္။ မေျပာင္းဘဲ ဆက္ကစားေတာ့လည္း ကြင္းထဲမွာ သူေဘာလံုးထိတုိင္း ပရိသတ္ေတြက ေလွာင္ေျပာင္ၾကတယ္။ ေရာ္နယ္ဒိုတစ္ေယာက္ေတာ့ ျပီးသြားျပီလို႕ ထင္ခဲ့ၾကတာ။ စဥ္းစားၾကည္႕၊ အသက္က ၂၀ ေက်ာ္ေက်ာ္၊ ရင္ဆုိင္ေနတဲ့ ဖိအားပမာဏက အသက္နဲ႕မမွ်။ ဒါေပမယ့္ အဲဒီဖိအားေတြကပဲ သူ႕ကုိ ကစားသမားဘ၀ ေနာက္တစ္ဆင့္ကုိ ျမင့္တက္ေစခဲ့တယ္။ သူ႕အတြက္ အလွည္႕အေျပာင္းလို ျဖစ္လာခဲ့ျပီး ဒီေန႕ထိ ရသမွ် ေအာင္ျမင္မႈေတြရဲ႕ စတင္ရာ ျဖစ္လာခဲ့တယ္။ သူနဲ႕ကစားေဖာ္ ဖာဒီနန္က ေျပာဖူးတာေလး သိပ္သေဘာက်တယ္။ အရင္က သူေဘာလံုးထိတုိင္း ေလွာင္ေျပာင္ခဲ့တဲ့သူေတြဟာ ခုေတာ့ သူေဘာလံုးထိတုိင္း မတ္တပ္ထ ၾကည္႕ရတဲ့အေျခအေန ျဖစ္သြားပါျပီတဲ့။

အဲဒီလိုနဲ႕ ၂၀၀၇ မွာ ကမာၻ႕အေကာင္းဆံုး ေဘာလံုးသမား ၃ ေယာက္စာရင္းထဲ ၀င္လာတယ္။ ၂၀၀၈ မွာ ကမာၻ႕အေကာင္းဆံုး ေဘာလံုးသမား စျဖစ္တယ္။ ၂၀၀၉ အကုန္မွာ ရီးယဲမက္ဒရစ္ကုိ အသင္းေျပာင္းတယ္။ အဲဒီမွာပဲ ဒီထက္ဒီထက္ ပိုလာတဲ့ စံခ်ိန္ေတြ ရလာတယ္။ အေၾကာင္းရင္းတစ္ခုကေတာ့ ျပိဳင္ဘက္ေကာင္း မက္ဆီနဲ႕ ဆံုရတာပါပဲ။ သူတို႕ကုိယ္တုိင္လည္း ေျပာၾကတယ္။ တစ္ေယာက္နဲ႕တစ္ေယာက္ ျပိဳင္ေနၾကရင္း ပုိပိုတုိးတက္လာတာပါတဲ့။ သူ စပိန္ကုိစေရာက္တဲ့ ၂၀၀၉ ခုႏွစ္ကစလို႕ မက္ဆီ ထြန္းေတာက္လာတယ္။ ကမာၻ႕အေကာင္းဆံုးဆုကို ၄ ႏွစ္ဆက္တုိက္ရတယ္။ ေရာ္နယ္ဒိုေခတ္ကုန္သြားျပီ ထင္တဲ့အခ်ိန္မွာပဲ သူျပန္ေရာက္လာတယ္။ ခုဆုိ တစ္ေယာက္ကို ၅ ၾကိမ္စီနဲ႕ တူသြားျပီ။

ဒီရာသီမွာလည္း အီတလီကလပ္ ဂ်ဴဗင္တပ္စ္ကုိ ေျပာင္းတယ္။ အားလံုးက ဒီအသက္အရြယ္ ကစားသမားကုိ ဒီေလာက္ေၾကးၾကီးေပး ေခၚတာ ဘာအတြက္လဲလို႕ သံသယနဲ႕ ေမးၾကတယ္။ အီတလီမွာေတာ့ လုပ္မျပႏုိင္ေတာ့ပါဘူး ထင္ၾကတယ္။ အသက္ကလည္း ၃၄ ျဖစ္လာေတာ့ သူ႕ေခတ္ကုန္သြားျပီလို႕ ေျပာၾကတယ္။ ဒါေပမယ့္လည္း ခုခ်ိန္ထိေတာ့ ေရာ္နယ္ဒုိဟာ ေရာ္နယ္ဒို ျဖစ္ေနဆဲပါပဲ။ ဒါေၾကာင့္ သူဟာ အၾကိမ္ၾကိမ္ ရံႈးနိမ့္ျပီး အဲဒီရံႈးနိမ့္မႈတုိင္းကေန အၾကိမ္ၾကိမ္ ျပန္လာႏုိင္ခဲ့တဲ့သူလို႕ပဲ ဆုိရမွာပါ။

Juventus

သူ႕ဆီကေန အတုယူစရာ ဘာေတြရွိလဲ စဥ္းစားၾကည္႕တယ္။

ေရာ္နယ္ဒိုလိုိ႕ ျမင္လိုက္တာနဲ႕ စိတ္ထဲ ထိပ္ဆံုးကေပၚလာတဲ့ စကားလံုးက Motivation ပဲ။ ဘယ္ေတာ့မွ သူ႕ဆီကေန စိတ္ပ်က္အားေလ်ာ့ေနတဲ့ပံုစံ မေတြ႕ဖူးဘူး။ လုပ္သလို မျဖစ္လုိ႕ အားမလိုအားမရ ျဖစ္ေနတာသာ ေတြ႕ရမယ္။ သူ႕ရဲ႕ ငယ္ဘ၀ ဇာတ္လမ္းကို ဖတ္မိရင္လည္း ငယ္ငယ္ကတည္းက သူဟာ ကမာၻ႕နံပါတ္တစ္ ျဖစ္လိုတဲ့စိတ္ သိပ္ျပင္းျပတယ္။ ဒါကပဲ သူလုိကုိယ္လို လူငယ္ကစားသမားေတြၾကားမွာ ေရာ္နယ္ဒိုရယ္လို႕ ခၽြန္ထြက္လာေစခဲ့တာ။

ေနာက္တစ္ခု Self-control ။ ေရာ္နယ္ဒုိဟာ ၾကံ႕ခုိင္မႈ အင္မတန္ျပည္႕၀တယ္။ ဒါ အေၾကာင္းမဲ့ မဟုတ္ဘူး။ သူ႕ကုိယ္သူ ထိန္းခ်ဳပ္ႏုိင္စြမ္း ျမင့္မားလို႕ပဲ။ အိပ္ေရး၀ေအာင္ အိပ္တယ္။ အစားအေသာက္ မမွားဘူး။ ေလ့က်င့္ခန္း မပ်က္ကြက္ဘူး။ ကြင္းထဲက သူ႕စြမ္းေဆာင္ရည္ကုိ ထိခုိက္ေစမယ့္ ဘယ္လိုအရာမ်ိုဳးကုိမွ မလုပ္ဘူး။ ဒါက ပါရမီရွင္လုိ႕ သတ္မွတ္ၾကတဲ့ ကစားသမားအခ်ိဳ႕ ထင္သေလာက္ မေအာင္ျမင္ၾကတဲ့အခ်ိန္မွာ သူက ႏွစ္ရွည္လမ်ား ေအာင္ျမင္ေနရတဲ့ အေၾကာင္းရင္းတစ္ခုလည္း ျဖစ္ပါတယ္။

ေနာက္တစ္ခ်က္ Self-awareness ကုိယ့္ကုိယ္ကုိယ္ သိတယ္။ အသက္အရြယ္ ရလာတာနဲ႕အမွ် သူ႕ရဲ႕ ကစားပံုေတြ ေျပာင္းေျပာင္းလာတယ္။ လူငယ္ဘ၀ကလို ကစားေနလို႕ မရေတာ့ဘူး။ ခု အသင္းေျပာင္းေတာ့လည္း အသင္းသစ္၊ အေနအထားသစ္၊ ကစားေဖာ္သစ္ေတြနဲ႕ လ်င္လ်င္ျမန္ျမန္ပဲ အထုိင္က်ခဲ့တယ္။ အဲ့လိုေတြ အလိုက္သင့္ ေျပာင္းလဲႏုိင္တာေၾကာင့္လည္း ေရရွည္ေအာင္ျမင္မႈေတြ ရခဲ့တာလို႕ ဆုိႏုိင္ပါတယ္။

Juventus and Bleecher Report

ေနာက္ဆံုးတစ္ခုကေတာ့ အရံႈးမေပးတဲ့ စိတ္ဓါတ္ပါ။ တကယ္တမ္း လူေတြရဲ႕ ေအာင္ျမင္မႈမွာ Talent လို႕ ေခၚတဲ့ ပါရမီ၊ အရည္အေသြး စတာေတြကပဲ အဓိကအဆံုးအျဖတ္ ေပးတာ မဟုတ္ဘူး။ ၾကံဳလာရတဲ့ အခက္အခဲေတြ၊ ရံႈးနိမ့္မႈေတြကုိ ဘယ္လိုေက်ာ္ျဖတ္သလဲ ဆုိတာကလည္း အေရးၾကီးေသးတယ္။

ခုခ်ိန္မွာ ဆင္းရဲ၊ အလုပ္နည္းနည္းၾကိဳးစား၊ ၃-၄ ခန္းေလာက္ေနေတာ့ ခ်မ္းသာသြား၊ ကုမၸဏီၾကီးပုိင္ ျဖစ္သြားရေအာင္ ဘ၀ဆုိတာ ျမန္မာကား မဟုတ္ပါဘူး။ အခက္အခဲေတြ၊ ရံႈးနိမ့္မႈေတြ၊ ျပႆနာေတြက လူတုိင္း မျဖစ္မေန ၾကံဳရမယ့္ အရာေတြပါ။ လူမ်ားစုကေတာ့ လက္ေျမွာက္သြားၾကျပီး လူနည္းစုကပဲ ေရွ႕ဆက္ႏုိင္ၾကတယ္၊ ျပီးတဲ့အခါ အဲဒီလူနည္းစုကို ေအာင္ျမင္သူမ်ားအျဖစ္ ျပန္ျပီး ေလးစား အားက်ေနၾကရတယ္။ ကြာျခားခ်က္ကေတာ့ ရိုးရုိးေလးပါပဲ။

ၾကားဖူးတဲ့စကားေလး ရွိတယ္။ ထိပ္ဆံုး ၁ % ထဲ ပါခ်င္ရင္ က်န္တဲ့ ၉၉ % က မလုပ္တဲ့အလုပ္ေတြကို လုပ္ပါတဲ့။

လူေတာ္ေတာ္မ်ားမ်ားဟာ အရည္အခ်င္း ရွိပါရက္နဲ႕ ကုိယ့္ကုိယ္ကုိယ္ ညွာတယ္။ မျဖစ္ႏုိင္ေလာက္ပါဘူး ဆုိျပီး ကုိယ့္ကိုယ္ကုိယ္ ကန္႕သတ္တယ္။ အရံႈးေတြနဲ႕ ရင္ဆုိင္ရရင္ အလြယ္တကူ လက္ေျမွာက္တယ္။ ဒီေတာ့ အမ်ားထက္ ေခါင္းတစ္လံုး သာဖို႕ဆုိရင္ အဲဒီအမူအက်င့္ေတြကေန ခြဲထြက္ဖုိ႕လိုတယ္။ သူတို႕ မလုပ္ႏုိင္တာေတြကို လုပ္ျပဖုိ႕ လုိပါတယ္။

ဒါေၾကာင့္ ကုိယ့္ကုိယ္ကုိယ္ စနစ္တက် တည္ေဆာက္ယူပါ။ ပေရာ္ဖက္ရွင္နယ္ ပီသပါ။ ဘယ္လုိအခက္အခဲပဲ ၾကံဳရပါေစ၊ ဒီလူသာ ဆုိရင္ေတာ့ အလြယ္တကူ လက္ေျမွာက္မွာ မဟုတ္ဘူး ဆုိတဲ့အေတြးမ်ိဳး ျပိဳင္ဘက္ေတြ၊ လုပ္ေဖာ္ကုိင္ဖက္ေတြရဲ႕ စိတ္ထဲမွာ ေပၚေနေအာင္လုပ္ပါ။ ျပီးရင္ တကယ္လည္း ရံႈးနိမ့္မႈတုိင္းကေန ျပန္လာႏုိင္ေအာင္ ၾကိဳးစားပါ။ ရင္ဆုိင္ရသမွ် ျပႆနာတုိင္းကို ကုိယ့္အတြက္ အျမင့္ကုိတက္မယ့္ ေလွကားတစ္ခုလို ေျပာင္းလဲပစ္ပါ။ အခုခ်ိန္မွာ ကုိယ့္နာမည္ၾကားရင္ ေလွာင္ေျပာင္ေနသူတုိင္း တစ္ခ်ိန္က် ကိုယ့္နာမည္ၾကားတာနဲ႕ သူ႕ပါးစပ္က ဘာမ်ားေျပာမလဲဆုိျပီး တေလးတစား နားေထာင္ၾကရတဲ့ အေျခအေနမ်ိဳး ျဖစ္လာေအာင္ ၾကိဳးစားပါ။

ဒါ စီေရာ္နယ္ဒို ဆုိတဲ့ သက္ရွိဂႏၱ၀င္တစ္ေယာက္ဆီကေန ကၽြန္ေတာ္ သင္ယူလို႕ရလုိက္တာေတြပါပဲ။

မူရင္းေရးသားသူ –  ေဒါက္တာ ျဖိဳးသီဟ


#Unicode Version

ကျွန်တော်က စိတ်ဓါတ်ပြင်းထန်သူတွေဆို အင်မတန်သဘောကျတယ်။ မှတ်မှတ်ရရ ဘောလုံးပွဲတွေ စကြည့်ဖြစ်စေခဲ့တဲ့ ဘောလုံးအသင်းနဲ့ ဘောလုံးသမားတစ်ယောက် ရှိတယ်။ အဲဒါ မန်ယူနဲ့ ဒေးဗစ်ဘက်ခမ်းပဲ။ ၁၉၉၈ ၁၉၉၉ လောက်က ထင်တယ်။ လက်စတာစီးတီးနဲ့ မန်ယူ ကန်နေကြတယ်။ အဲဒီမှာ မန်ယူက ၂ ဂိုးပြတ်နဲ့ ရှုံးနေတယ်။ လက်စတာ နိုင်သွားပြီ ထင်နေတဲ့အချိန်မှာပဲ ဒေးဗစ်ဘက်ခမ်းက ဖရီးကစ်ဂိုး ၂ ဂိုး ပြန်သွင်းလိုက်တာ ပွဲပြီးတော့ သရေ ပြန်ဖြစ်သွားတယ်။ အဲဒီကတည်းက အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓါတ်ကို သဘောကျပြီး မန်ယူနဲ့ ဒေးဗစ်ဘက်ခမ်းရဲ့ အမာခံဖန်တစ်ယောက် ဖြစ်လာခဲ့တာ။ နောက်ပိုင်းမှာလည်း ဘယ်နှဂိုးနဲ့ ရှုံးနေပါစေ နောက်ဆုံးမိနစ်အထိ အရှုံးမပေးဘူး ဆိုတဲ့ စိတ်ဓါတ်ကို သိပ်သဘောကျခဲ့တယ်။

ဒေးဗစ်ဘက်ခမ်းပြီးနောက် သဘောအကျရဆုံး ဘောလုံးသမားကတော့ ခရစ္စတီယာနို ရော်နာဒိုပဲ။ သူနဲ့ မက်ဆီ ဘယ်သူပိုကောင်းသလဲ ဆိုတာကတော့ တကယ့်ကို ငြင်းရခုန်ရမယ့်ကိစ္စကြီး။ ကျွန်တော့်တစ်ဦးတည်း အမြင်အရတော့ မက်ဆီဟာ ဘယ်သူနဲ့မှ နှိုင်းမရတဲ့ ပါရမီရှင် ကစားသမားပဲ။ ရော်နယ်ဒိုကတော့ အဲ့လို ပါရမီရှင်လောက်နီးနီး အောင်မြင်မှုရဖို့အတွက် ကိုယ့်ကိုယ်ကိုယ် စနစ်တကျ တည်ဆောက်ယူခဲ့တဲ့သူ ဖြစ်ပါတယ်။ အဲဒါကပဲ ကျွန်တော့်အတွက် ပိုပြီး Inspire ဖြစ်ရတယ်။

Juventus

လူငယ်ကစားသမားဘ၀ မန်ယူကို စရောက်တယ်။ တစ်ကိုယ်တော် အစွမ်းတွေ ပြနေတာနဲ့ပဲ အသင်းမှာ အလုပ်မဖြစ်ဘူး။ ဖြစ်ချင်တော့ ၂၀၀၆ ကမ္ဘာ့ဖလားမှာ ရွန်နီနဲ့ပြဿနာ ဖြစ်တယ်။ သူ့ကြောင့် ရွန်နီအထုတ်ခံရသလို ဖြစ်ခဲ့တာမို့ အင်္ဂလန်တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ ပစ်မှတ်ဖြစ်ခဲ့ရတယ်။ မန်ယူကနေ ပြောင်းရမလို ဖြစ်တယ်။ မပြောင်းဘဲ ဆက်ကစားတော့လည်း ကွင်းထဲမှာ သူဘောလုံးထိတိုင်း ပရိသတ်တွေက လှောင်ပြောင်ကြတယ်။ ရော်နယ်ဒိုတစ်ယောက်တော့ ပြီးသွားပြီလို့ ထင်ခဲ့ကြတာ။ စဉ်းစားကြည့်၊ အသက်က ၂၀ ကျော်ကျော်၊ ရင်ဆိုင်နေတဲ့ ဖိအားပမာဏက အသက်နဲ့မမျှ။ ဒါပေမယ့် အဲဒီဖိအားတွေကပဲ သူ့ကို ကစားသမားဘ၀ နောက်တစ်ဆင့်ကို မြင့်တက်စေခဲ့တယ်။ သူ့အတွက် အလှည့်အပြောင်းလို ဖြစ်လာခဲ့ပြီး ဒီနေ့ထိ ရသမျှ အောင်မြင်မှုတွေရဲ့ စတင်ရာ ဖြစ်လာခဲ့တယ်။ သူနဲ့ကစားဖော် ဖာဒီနန်က ပြောဖူးတာလေး သိပ်သဘောကျတယ်။ အရင်က သူဘောလုံးထိတိုင်း လှောင်ပြောင်ခဲ့တဲ့သူတွေဟာ ခုတော့ သူဘောလုံးထိတိုင်း မတ်တပ်ထ ကြည့်ရတဲ့အခြေအနေ ဖြစ်သွားပါပြီတဲ့။

အဲဒီလိုနဲ့ ၂၀၀၇ မှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ၃ ယောက်စာရင်းထဲ ဝင်လာတယ်။ ၂၀၀၈ မှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား စဖြစ်တယ်။ ၂၀၀၉ အကုန်မှာ ရီးယဲမက်ဒရစ်ကို အသင်းပြောင်းတယ်။ အဲဒီမှာပဲ ဒီထက်ဒီထက် ပိုလာတဲ့ စံချိန်တွေ ရလာတယ်။ အကြောင်းရင်းတစ်ခုကတော့ ပြိုင်ဘက်ကောင်း မက်ဆီနဲ့ ဆုံရတာပါပဲ။ သူတို့ကိုယ်တိုင်လည်း ပြောကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ပြိုင်နေကြရင်း ပိုပိုတိုးတက်လာတာပါတဲ့။ သူ စပိန်ကိုစရောက်တဲ့ ၂၀၀၉ ခုနှစ်ကစလို့ မက်ဆီ ထွန်းတောက်လာတယ်။ ကမ္ဘာ့အကောင်းဆုံးဆုကို ၄ နှစ်ဆက်တိုက်ရတယ်။ ရော်နယ်ဒိုခေတ်ကုန်သွားပြီ ထင်တဲ့အချိန်မှာပဲ သူပြန်ရောက်လာတယ်။ ခုဆို တစ်ယောက်ကို ၅ ကြိမ်စီနဲ့ တူသွားပြီ။

ဒီရာသီမှာလည်း အီတလီကလပ် ဂျူဗင်တပ်စ်ကို ပြောင်းတယ်။ အားလုံးက ဒီအသက်အရွယ် ကစားသမားကို ဒီလောက်ကြေးကြီးပေး ခေါ်တာ ဘာအတွက်လဲလို့ သံသယနဲ့ မေးကြတယ်။ အီတလီမှာတော့ လုပ်မပြနိုင်တော့ပါဘူး ထင်ကြတယ်။ အသက်ကလည်း ၃၄ ဖြစ်လာတော့ သူ့ခေတ်ကုန်သွားပြီလို့ ပြောကြတယ်။ ဒါပေမယ့်လည်း ခုချိန်ထိတော့ ရော်နယ်ဒိုဟာ ရော်နယ်ဒို ဖြစ်နေဆဲပါပဲ။ ဒါကြောင့် သူဟာ အကြိမ်ကြိမ် ရှုံးနိမ့်ပြီး အဲဒီရှုံးနိမ့်မှုတိုင်းကနေ အကြိမ်ကြိမ် ပြန်လာနိုင်ခဲ့တဲ့သူလို့ပဲ ဆိုရမှာပါ။

Juventus

သူ့ဆီကနေ အတုယူစရာ ဘာတွေရှိလဲ စဉ်းစားကြည့်တယ်။

ရော်နယ်ဒိုလို့ မြင်လိုက်တာနဲ့ စိတ်ထဲ ထိပ်ဆုံးကပေါ်လာတဲ့ စကားလုံးက Motivation ပဲ။ ဘယ်တော့မှ သူ့ဆီကနေ စိတ်ပျက်အားလျော့နေတဲ့ပုံစံ မတွေ့ဖူးဘူး။ လုပ်သလို မဖြစ်လို့ အားမလိုအားမရ ဖြစ်နေတာသာ တွေ့ရမယ်။ သူ့ရဲ့ ငယ်ဘ၀ ဇာတ်လမ်းကို ဖတ်မိရင်လည်း ငယ်ငယ်ကတည်းက သူဟာ ကမ္ဘာ့နံပါတ်တစ် ဖြစ်လိုတဲ့စိတ် သိပ်ပြင်းပြတယ်။ ဒါကပဲ သူလိုကိုယ်လို လူငယ်ကစားသမားတွေကြားမှာ ရော်နယ်ဒိုရယ်လို့ ချွန်ထွက်လာစေခဲ့တာ။

နောက်တစ်ခု Self-control ။ ရော်နယ်ဒိုဟာ ကြံ့ခိုင်မှု အင်မတန်ပြည့်ဝတယ်။ ဒါ အကြောင်းမဲ့ မဟုတ်ဘူး။ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း မြင့်မားလို့ပဲ။ အိပ်ရေးဝအောင် အိပ်တယ်။ အစားအသောက် မမှားဘူး။ လေ့ကျင့်ခန်း မပျက်ကွက်ဘူး။ ကွင်းထဲက သူ့စွမ်းဆောင်ရည်ကို ထိခိုက်စေမယ့် ဘယ်လိုအရာမျိုုးကိုမှ မလုပ်ဘူး။ ဒါက ပါရမီရှင်လို့ သတ်မှတ်ကြတဲ့ ကစားသမားအချို့ ထင်သလောက် မအောင်မြင်ကြတဲ့အချိန်မှာ သူက နှစ်ရှည်လများ အောင်မြင်နေရတဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။

နောက်တစ်ချက် Self-awareness ကိုယ့်ကိုယ်ကိုယ် သိတယ်။ အသက်အရွယ် ရလာတာနဲ့အမျှ သူ့ရဲ့ ကစားပုံတွေ ပြောင်းပြောင်းလာတယ်။ လူငယ်ဘဝကလို ကစားနေလို့ မရတော့ဘူး။ ခု အသင်းပြောင်းတော့လည်း အသင်းသစ်၊ အနေအထားသစ်၊ ကစားဖော်သစ်တွေနဲ့ လျင်လျင်မြန်မြန်ပဲ အထိုင်ကျခဲ့တယ်။ အဲ့လိုတွေ အလိုက်သင့် ပြောင်းလဲနိုင်တာကြောင့်လည်း ရေရှည်အောင်မြင်မှုတွေ ရခဲ့တာလို့ ဆိုနိုင်ပါတယ်။

Juventus and Bleecher Report

နောက်ဆုံးတစ်ခုကတော့ အရှုံးမပေးတဲ့ စိတ်ဓါတ်ပါ။ တကယ်တမ်း လူတွေရဲ့ အောင်မြင်မှုမှာ Talent လို့ ခေါ်တဲ့ ပါရမီ၊ အရည်အသွေး စတာတွေကပဲ အဓိကအဆုံးအဖြတ် ပေးတာ မဟုတ်ဘူး။ ကြုံလာရတဲ့ အခက်အခဲတွေ၊ ရှုံးနိမ့်မှုတွေကို ဘယ်လိုကျော်ဖြတ်သလဲ ဆိုတာကလည်း အရေးကြီးသေးတယ်။

ခုချိန်မှာ ဆင်းရဲ၊ အလုပ်နည်းနည်းကြိုးစား၊ ၃-၄ ခန်းလောက်နေတော့ ချမ်းသာသွား၊ ကုမ္ပဏီကြီးပိုင် ဖြစ်သွားရအောင် ဘဝဆိုတာ မြန်မာကား မဟုတ်ပါဘူး။ အခက်အခဲတွေ၊ ရှုံးနိမ့်မှုတွေ၊ ပြဿနာတွေက လူတိုင်း မဖြစ်မနေ ကြုံရမယ့် အရာတွေပါ။ လူများစုကတော့ လက်မြှောက်သွားကြပြီး လူနည်းစုကပဲ ရှေ့ဆက်နိုင်ကြတယ်၊ ပြီးတဲ့အခါ အဲဒီလူနည်းစုကို အောင်မြင်သူများအဖြစ် ပြန်ပြီး လေးစား အားကျနေကြရတယ်။ ကွာခြားချက်ကတော့ ရိုးရိုးလေးပါပဲ။

ကြားဖူးတဲ့စကားလေး ရှိတယ်။ ထိပ်ဆုံး ၁ % ထဲ ပါချင်ရင် ကျန်တဲ့ ၉၉ % က မလုပ်တဲ့အလုပ်တွေကို လုပ်ပါတဲ့။

လူတော်တော်များများဟာ အရည်အချင်း ရှိပါရက်နဲ့ ကိုယ့်ကိုယ်ကိုယ် ညှာတယ်။ မဖြစ်နိုင်လောက်ပါဘူး ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ကန့်သတ်တယ်။ အရှုံးတွေနဲ့ ရင်ဆိုင်ရရင် အလွယ်တကူ လက်မြှောက်တယ်။ ဒီတော့ အများထက် ခေါင်းတစ်လုံး သာဖို့ဆိုရင် အဲဒီအမူအကျင့်တွေကနေ ခွဲထွက်ဖို့လိုတယ်။ သူတို့ မလုပ်နိုင်တာတွေကို လုပ်ပြဖို့ လိုပါတယ်။

ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် စနစ်တကျ တည်ဆောက်ယူပါ။ ပရော်ဖက်ရှင်နယ် ပီသပါ။ ဘယ်လိုအခက်အခဲပဲ ကြုံရပါစေ၊ ဒီလူသာ ဆိုရင်တော့ အလွယ်တကူ လက်မြှောက်မှာ မဟုတ်ဘူး ဆိုတဲ့အတွေးမျိုး ပြိုင်ဘက်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ စိတ်ထဲမှာ ပေါ်နေအောင်လုပ်ပါ။ ပြီးရင် တကယ်လည်း ရှုံးနိမ့်မှုတိုင်းကနေ ပြန်လာနိုင်အောင် ကြိုးစားပါ။ ရင်ဆိုင်ရသမျှ ပြဿနာတိုင်းကို ကိုယ့်အတွက် အမြင့်ကိုတက်မယ့် လှေကားတစ်ခုလို ပြောင်းလဲပစ်ပါ။ အခုချိန်မှာ ကိုယ့်နာမည်ကြားရင် လှောင်ပြောင်နေသူတိုင်း တစ်ချိန်ကျ ကိုယ့်နာမည်ကြားတာနဲ့ သူ့ပါးစပ်က ဘာများပြောမလဲဆိုပြီး တလေးတစား နားထောင်ကြရတဲ့ အခြေအနေမျိုး ဖြစ်လာအောင် ကြိုးစားပါ။

ဒါ စီရော်နယ်ဒို ဆိုတဲ့ သက်ရှိဂန္တဝင်တစ်ယောက်ဆီကနေ ကျွန်တော် သင်ယူလို့ရလိုက်တာတွေပါပဲ။

မူရင်းရေးသားသူ –  ဒေါက်တာ ဖြိုးသီဟ