Sponsored

မင်္ဂလာတောင်ညွှန့်မြို့နယ် လွတ်လပ်ရေးရပ်ကွက် ၉၇ လမ်းတွင် ယနေ့ မွန်းတည်း ၁၂ နာရီခန့်က မီးလောင်မှူဖြစ်ပွားခဲ့ရာ ကလေးတစ်ဦး အပါအဝင် လူသုံးဦး သေဆုံးသွားကြောင်း ယင်းနေရာသို့သွားရောက်ကူညီပေးခဲ့သည့် မအူကုန်းလမ်းကျယ် လူငယ် ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

သေဆုံးသွားသူများမှာ ကလေးတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ-Yangon Rescue Organization

အဆိုပါ အခန်းတွင် နေထိုင်သူ ၄ ဦး ရှိသည့်အနက် မီးလောင်နေချိန်တွင် လူငယ် ၁ ဦးမှာ အပြင်သို့ လွတ်မြောက်ခဲ့ကာ နေအိမ်အတွင်း အမျိုးသမီး ၃ ဦး ကျန်ရှိခဲ့ခြင်း ဖြစ်ကြောင်းလည်းအဆိုပါမြို့နယ်၏ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။

Sponsored

အဆိုပါမီးလောင်မှူသည် ယနေ့နေ့လည် ၁၁ နာရီ ၅၀ အချိန်ခန့်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး မိနစ်သုံးဆယ်ခန့်အကြာတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားသည်။

ဓါတ်ပုံ-Yangon Rescue Organization

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *