Sponsored

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ကျွဲသလင်း -ဆားပေါက်လမ်းတွင် အဖြူရောင် (၆)ဘီးယာဉ်နှင့်အတူ တရားမဝင်သစ်များ သယ်ဆောင်ခဲ့သည့် ကပစ(၁၀)(မလွန်) ဗိုလ်ကြီး(၁)ဦး၊ တပ်ကြပ်ကြီး(၁)ဦး၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၄) ဦးတို့ကို ဖေဖော်ဝါရီ(၁)ရက်က ပဒါန်းနယ်မြေရဲစခန်း၌ သစ်တောဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

ပြည်သူလူထုစောင့်ကြည့် သတင်းပေးချက်အရ ဂုတ်ကြီးရဲကင်းစခန်းတာဝန်ရှိသူများ၊သစ်တောဦးစီးဌာနမှမင်းဘူး မြို့နယ်ဦးစီးမှူး၊ငဖဲမြို့နယ် သစ် တောဦးစီးမှူး၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့မှ ရဲဒုတပ်ကြပ်၊ ဂုတ်ကြီးကျေးရွာအုပ်ချုပ်ရေးမှူ း၊ဘုံဘောကျေးရွာအုပ်ချု ပ်ရေးမှူ းတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘုံဘောကျေးရွာမြောက်ဘက်(၁)ဖာလုံခန့် အကွာ ကျွဲသလင်း- ဆားပေါက်လမ်း၊ ဆားပေါက်ကျေးရွာဘက်မှ ဂုတ်ကြီးကျေးရွာဘက်သို့ မောင်းနှင်လာသော ယာဉ်အမှတ် MDY/6N-4147 Canter(၆)ဘီးအဖြူရောင်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ကြောင်းသိရသည်။

Source: သစ်တောဦးစီး

ယင်းသို့ စစ်ဆေးရာတွင် ယာဉ်မောင်းဦအောင်မြတ်ဌေး၊ယာဉ်နောက်လိုက်ထွန်းမင်းလိူင်၊သစ်ပိုင်ရှင် ဗိုလ်ကြီး ပိုင်စိုးသူ၊ ယာဉ်ပေါ်ပါသူ တပ်ကြပ်ကြီး နိုင်ဝင်းတို့အား ယာဉ်နှင့်အတူ ပျဉ်းကတိုးခွဲသား(၁၁)ချောင်း(၁.၄၃၆၂)တန်တွေ့ရှိစစ်မေးရာ အထောက်အထားတစ်စုံတစ်ရာတင်ပြနိုင်ခြင်း မရှိ တရားမဝင်သစ်များ သယ်ဆောင်သူ ယာဉ်မောင်း၊ယဉ်နောက်လိုက်၊ သစ်ပိုင်ရှင်၊ ယာဉ်ပေါ်ပါ တပ်ကြပ်ကြီးတို့အား ဥပဒေအရ အရေးယူပေးနိုင်ပါရန် ငဖဲသစ်တောမြို့နယ်ဦးစီးမှူ းမှ ပဒါန်းနယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်ထားကြောင်း သတင်းရရှိသည်။

Sponsored
Source: သစ်တောဦးစီး

ဗိုလ်ကြီးနဲ့ တပ်ကြပ်ကြီးတို့နှစ်ဦးကို စစ်စည်းကမ်းနဲ့ အရေးယူရန်ကပစ(၁၀)(မလွန်) မင်းလှသို့ လွဲပြောင်းလိုက်တယ် ၊ အရပ်သားနှစ်ဦးကို တရားရုံးမှာ တရားဆွဲမယ်” ဟု ပဒါန်းနယ်မြေရဲစခန်းမှူးက ပြောသည်။

အဆိုပါ သစ်တင်ယာဉ် တစ်စီးနှင့်အတူ ဖမ်းဆီးရမိသည့် ဗိုလ်ကြီး၊တပ်ကြပ်ကြီး၊ယာဉ်မောင်း၊ယာဉ်နောက်လိုက်တို့အား ပဒါန်းနယ်မြေရဲစခန်းတွင် (ပ)၈/၂၀၂၀၊ သစ်တောပုဒ်မ-၄၂(က)ဖြင့် အမှုဖွင့်ကြောင်း သတင်းရရှိသည်။

Source: သစ်တောဦးစီး

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *